Ep 13

11K 659 11
                                    

Ep 13

“ကိုကိုကျွန်တော်လေ ဟို ဟင်းချက်သင်တန်းတတ်ချင်တယ်” ခွန်းသမှာကျောင်းပြီးထဲကဘာအလုပ်မှမလုပ်ရသေး။ မလုပ်ခိုင်းသည်ဆိုရင်ပိုမှန်လိမ့်မည်။မင်းကိုတော့ငါရှာကျွေးနိူင်တယ်လို့ပြောပြီးမလုပ်ခိုင်း၍ခွန်းသမှာတစ်နေ့တစ်နေ့ပျင်းနေလေသည်။
“ဘာလို့တတ်မှာလဲ “
“ဟို....အိမ်မှာလဲ ဘာအလုပ်မှမရှိတော့လေအဲ့ဒါပျင်းလို့ပါ”
ဟုတ်ပါတယ်အိမ်မှာတစ်နေ့တစ်နေ့စားလိုက်သောက်လိုက်TVကြည့်လိုက်နဲ့ပျင်းလို့လူက ကြာရင်အရည်ထွက်တော့မယ်။

“မင်းကတတ်ချင်လို့လား”
“ဟုတ်ကဲ့ အိမ်မှာဘာအလုပ်မှမရှိတာထက်စာရင် အလုပ်လေးတခုခု ရှိတော့စိတ်တည်ငြိမ်တာပေါ့အဲ့ဒါကြောင့်ပါ”

“ငါကမတတ်ခိုင်းရင်ရော” ပြောပြီးသည်နှင့်စျာန် တစ်ယောက်ခွန်းသ အားကြည့်လိုက်မိသည်။စျာန့်စကားကြောင့်ခွန်းသကမျက်နှာလေးညိုးသွားကာ.......

“ဟို…..ကိုကိုမတတ်ခိုင်းရင်လည်းမတတ်တော့ပါဘူး ရပါတယ်”
“ကောင်းပြီလေ မင်းတတ်ချင်တတ်ပေါ့”
“ဟင် တကယ်နော်ကိုကို ဟီးဟီး....ပျော်လိုက်တာ”

ခုနကနှင့်တခြားစီပါ။တတ်ချင်တတ်လို့လဲပြောတော့ခုနကညှိုးနေတဲ့မျက်နှာကခုတော့ ပျားရည်လောင်းထားတဲ့အတိုင်းပင် မျက်နှာကပြုံးချို
နေတာဘဲ။တော်တော်တတ်လဲတတ်နိူင်တဲ့အကောင်ပေါက်လေးပါ။
“ဒါနဲ့ဘယ်မှာတတ်မှာလဲစုံစမ်းပြီးပြီလား”
“ဟိုအဲ့ဒါတော့မစုံစမ်းရသေးဘူးကိုကိုရဲ့ ကျွန်တော်က ကိုကို့ဆီကအရင်ခွင့်တောင်းကြည့်တာ”
“ကောင်းပြီလေ ဒါဆိုငါ့အသိဖွင့်ထားတဲ့သင်တန်းမှာလိုက်အပ်ပေးမယ် အဆင်ပြေလား “
“ပြေတာပေါ့ကိုကိုရဲ့ ဟီးဟီး...အဲ့ဒါကြောင့်ကိုကို့ကိုချစ်တာ” ပြောပြီးသည်နှင့်ပါးကိုလာနမ်းတဲ့အကောင်ပေါက်လေး။ပြီးတော့သူဘာသာမနက်စာကိုသာငုံ့စားနေလေသည်။သူကသာဘာမှမဖြစ်တာ ကိုယ်မှာတော့လျှပ်စီးလက်သွားသလိုဘဲ ဟင်းဟင်း.....သမာဓိအားတွေလာစမ်းနေတယ်.......

“ညနေ ထမင်းကိုအပြင်ဆိုင်မှာသွားစားမယ် ၄နာရီလောက်လာခေါ်မယ်အဆင်သင့်လုပ်ထား”
“ဟုတ်ကဲ့ကိုကို”

ဒီနေ့တော့ခွန်းသ တစ်ယောက်ပြုံးရွှင်နေလေသည်။ ကိုကိုကဟင်းချက်သင်တန်းတတ်ခိုင်းခြင်းကြောင့်ပင်ဖြစ်သည်။ဟင်းချက်သင်တန်းတတ်ပြီးကိုကို့ကိုထမင်းဟင်းချက်ကျွေးချင်သည်။ငယ်ငယ်လေးထဲကဟင်းချက်ဝါသနာပါပေမယ့်ငယ်ငယ်ထဲကမိဘတွေဆုံးပြီးတော့အဒေါ်တွေနှင့်သာကြီးပျင်းခဲ့ရသည်။အဒေါ်တွေကနယ်မှာနေကာ အလွန်သဘောကောင်းပြီး ဆယ်တန်းအောင်တော့တက္ကသိုလ်ထိရောက်အောင် ကျောင်းထားပေးသည်။
အခုတော့ကိုကိုနှင့်အတူနေ၍
ကိုကို့ကိုအရသာရှိသည့်ဟင်းတွေအား
ကိုယ်တိုင်ချက်၍ကျွေးချင်မိသည်။
………………………………………………………….
ခွန်းသ မှာ သူ့ကိုကိုကအပြင်မှာထမင်းစားမည်ဆိုသောကြောင့် ရေချိုး၍ အင်္ကျီရှပ်အဖြူလက်ရှည်လေးနှင့် ဘောင်းဘီအသားရောင်အရှည်လေးကိုတွဲဝတ်ထားသည်။ကိုကိုကသူ့အတွင်းရေးမှူးလည်းဖြစ်လူယုံတော်လည်းဖြစ်သည့်အကိုကျော်ထက်ကိုလွှတ်၍လာခေါ်ခိုင်းမည်ဆိုသောကြောင့်ထိုင်စောင့်နေလိုက်သည်။
ခနအကြာကားစက်သံကြားသောကြောင့်ခွန်းသလည်းအိမ်ရှေ့သို့ထွက်ခဲ့လိုက်သည်။
“အကိုလေး Bossကအကိုလေးကိုခေါ်ခိုင်းလိုက်ပါတယ်”
“ဟုတ်ကဲ့ကျွန်တော်အဆင်သင့်ဖြစ်ပါပြီသွားကြတာပေါ့”
အကိုကျော်ထက်အားအပြုံးလေးနှင့်ပြန်ပြောလိုက်သည်။

“အကိုလေးတက်ပါ”

ကားတံခါးဖွင့်သည်နှင့်ခွန်းသလည်းကားပေါ်သို့တက်၍ခါးပတ်ကိုသေချာပတ်လိုက်သည်။

ခဏကြာတော့ကားလေးသည်ကုမ္ပဏီရှေ့သို့ရောက်သည်နှင့်ထိုးရပ်သွားသည်။

“အကိုလေး အထဲမှာ Bossရှိပါတယ် ကျွန်တော်နဲ့လိုက်ခဲ့ပါ”

ခွန်းသအားCompanyထဲသို့ဝင်ရန်ပြောလိုက်သည်နှင့်ခွန်းသလည်းကျော်ထက်နှင့်လိုက်ခဲ့လိုက်သည်။Companyထဲဝင်သည်နှင့်Companyကလူတွေက ခွန်းသအားသေချာ
ကြည့်နေကြသည်။ခွန်းသနှင့်စျာန်တို့လက်ထပ်ထားသည်ကအကျဉ်းချုံးလောက်ပဲဖြစ်၍သိတဲ့သူကသိ၍မသိတဲ့သူကမသိကြပါ။

“Boss အကိုလေးရောက်ပါပြီ”ကျော်ထက်ကဖုန်းဆက်ပြီး၍ခွန်းသ ဘက်အားလှည့်ကာ
“Bossကဝင်လာပါတဲ့”
“ဟုတ်ကဲ့” ကျော်ထက်ကိုပြော ပြီးသည်နှင့် ခွန်းသလည်းရုံခန်းထဲသို့ဝင်သွားတော့
ကိုကိုကထိုင်ခုံပေါ်တွင်ထိုင်ကာဖိုင်တွေကိုကြည့်နေသည်။
“ခဏထိုင်နေနော် ဒါလေးပြီးရင်သွားမယ်”
“ဟုတ်ကဲ့ကိုကို”ပြောပြီးသည်နှင့်ခွန်းသလည်းအခန်းတွင်းကိုဝေ့ကြည့်လိုက်မိသည်။အခန်းကရိုးရှင်းသည်။နံရံတွင်ပန်းချီကားတစ်ချပ်သာရှိကာပန်းချီထဲကပုံလေးသည်ပန်းလေးများအလယ်တွင်ရှိနေသောထိုင်ခုံလေးနှစ်ခု….
ပန်းချီကားလေးက ရိုးရှင်းပေမယ့်အလွန်အသက်ဝင်လှသည်။ဘယ်လောက်ငေးကြည့်နေမိသည်မသိကိုကို့အသံကြားမှအသိဝင်တော့သည်။

“သွားမယ်လေခွန်းသ”
“ဟုတ်ကဲ့ကိုကို”ကိုကိုကသူ့ရုံးခန်းအပြင်ရောက်သည်နှင့်ကျွန်တော့်လက်ကိုဆွဲကိုင်ကာ အေးအေးဆေးဆေးလျှောက်နေသည်။သို့ပေမယ့်ကျွန်တော်ကကိုကို့လက်အားဖယ်နေမိတော့....

“ဘာလို့လဲ”
“ဟို ကိုကိုသိက္ခာ ကျမှာစိုးလို့ပါ”
“ဒီမှာမင်းကငါလက်ထပ်ထားတဲ့ငါ့ခင်ပွန်း ငါသိက္ခာကျမှာသာစိုးနေရင်အရင်ထဲကမင်းကိုလက်မထပ်ခဲ့ဘူး”
ကိုကိုကပြောပြီးသည်နှင့်ကျွန်တော့လက်အားပို၍ဆုတ်ကိုင်လာသည်။
‘ဆုတ်ကိုင်ပေးပါကိုကို မလွှတ်လိုက်ပါနဲ့ ကိုကိုလွှတ်တဲ့နေ့ကိုကျွန်တော်ရင်မဆိုင်ရဲလို့ပါ။ဒီလိုလေးဘဲ......ဒီလိုလေးဘဲဆုတ်ကိုင်ပေးထားပါ’
ခွန်းသမှာ စျာန့်ရဲ့ဘေးတိုက်မြင်နေရတဲ့မျက်နှာလေးအားပြုံးကြည့်ရင်းစိတ်ထဲ၌ပြောနေမိသည်။

အပြင်မှာညစာစားမယ်ဆိုမှအလုပ်တွေကပိုလာရသည်။သူလာတဲ့အထိကိုမပြီးပြတ်သေးကိုယ်ကသာအလုပ်တွေလုပ်နေတာသူကတော့ကျွန်တော့်ရုံးခန်းကိုလိုက်ကြည့်နေသည်။ပန်းချီကားကိုသေချာကြည့်နေတဲ့မျက်နှာလေးကကျွန်တော့်အတွက်တော့ဆွဲဆောင်မှုရှိလှသည်။ခနအကြာ သွားမယ်လို့ပြောပြီးရုံးခန်းအပြင်ရောက်သည်နှင့်သူ့လက်လေးအားဆုတ်ကိုင်လိုက်ရာသူကပြန်ဖယ်နေသည်။ ဘာလို့လဲလို့မေးလိုက်တော့ကျွန်တော့်သိက္ခာကျမှာစိုးလို့တဲ့လေ ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ။ ကိုယ်သာသိက္ခာကျမှာစိုးရင်မင်းကိုလက်ထပ်ခဲ့မှာမဟုတ်ဘူးကလေးလေးရဲ့ကျွန်တော့်
သိက္ခာသာကျရင်ကျပါစေ သူ့လက်ကိုတော့ဘယ်တော့မှမလွှတ်ဘူး။ ကလေးလေး မင်းကကိုကို့ဘဝရဲ့မီးအိမ်ရှင်လေးဘဲ။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now