Ep 11

10.5K 610 10
                                    

Ep 11

ငွေနှင်းတစ်ယောက် ပန်းခြံကနေအိမ်ပြန်လာခဲ့သည်။သို့သော်အိမ်ပြန်ချိန်ညနေခင်းဟာမလှပခဲ့ပါ။ မျက်ရည်များနှင့်ဖြတ်သန်းခဲ့ရတဲ့အိမ်ပြန်ချိန်ကိုသူမ မုန်းမိသည်။

“ဟယ် သမီးငွေနှင်း ဘာဖြစ်လာတာလဲမျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲသမီး”ကြီးချို ကမီးဖိုချောင်မှအထွက် အိမ်ထဲဝင်လာသောငွေနှင်းနှင့်ဆုံသွားသည်။ငွေနှင်းဘယ်သူနဲ့မှစကားမပြောချင်တော့၍......

“ဘာမှမဖြစ်ပါဘူးကြီးကြီးချို သမီးခေါင်းနည်းနည်းမူးလို့ပါ”အခုချိန်မှာဘာမှကိုမပြောချင်ပါ။ သူ့ရင်ဘက်ထဲတွင်တင်းကြပ်နေလေသည်။

“အဲ့ဒါဆို ကြီးချိုခေါင်းကြည်သွားအောင် သံပုရာရည်လေးဖျော်ပေးရမလား “

“ရတယ်ကြီးချို မဖျော်နဲ့တော့သမီးမသောက်ချင်တော့ဘူး”

“TVစင်ပေါ်မှာ ရှူဆေးဖူးရှိတယ်နော်သမီး”
“ဟုတ်ကဲ့ကြီးချို”ငွေနှင်းဘာမှမပြောတော့ဘဲအပေါ်ကိုသာတက်လာခဲ့သည်။
အခန်းထဲရောက်ချိန်တွင်ခေါင်းအုံးပေါ်မျက်နှာအပ်၍ငိုနေမိသည်။ ‘ဘာလို့လဲ’ ပထမဆုံးကိုယ်ချစ်ရတဲ့သူကိုတောင်ဆုံးရှုံးရတယ်တဲ့ ပြီးတော့လဲကိုယ့်အကိုဆီမှာ......

“ငါဘာလုပ်ရမှာလဲ ဘာလုပ်ရမှာလဲ အီးဟီး.......ဟင့် ဟင့်......”ငွေနှင်းမှာဖြစ်ပျက်သွားသောအခြေအနေတွေကြောင့်ငိုနေချိန်......

ဒူ.....ဒူ......ဒူ.......

“ဟယ်လို....ကိုကိုပြောလေ “
“နေကောင်းလားညီမလေး”

“ဟုတ် ကောင်းပါတယ်ကိုကိုရော”
“ကိုကိုလည်းနေကောင်းပါတယ် ထမင်းစားပြီးပြီလား”ငွေနှင်းလည်းအကိုဖြစ်သူရဲ့အမေးကိုမလိမ်သင့်ပေမယ့်......

“ဟုတ်စားပြီးပြီကိုကို ညီမလေးရေချိုးမလို့ဒါဘဲနော်”
“ခနလေး ညီမ......”

တီ!ငွေနှင်းလည်းအခုချိန်ဘယ်သူနဲ့မှမပြောချင်တော့၍ဖုန်းချလိုက်လေသည်။

အခုချိန်မှာကိုကိုနှင့်ဖုန်းမပြောချင်ပါ။မွန်းကြပ်တယ်။ အကယ်၍ကိုကိုနဲ့ခွန်းသာလက်ထပ်ကြပြီဆိုရင်ငါကဒီတိုင်းကြည့်နေနိူင်မှာလား......

အံဆွဲထဲကစာအုပ်အနက်ရောင်လေးကိုထုတ်လိုက်သည်။
စာအုပ်တစ်အုပ်လုံးကခွန်းသ နှင့်ပတ်သတ်သည့်ခံစားချက်များပင်ဖြစ်သည်။
“ငါနင့်ကိုအရမ်းချစ်တယ် ခွန်းသ “ နောက်ဆုံးအနေနဲ့သူ့ခံစားချက်များကိုချရေးပြီးနောက် အနက်ရောင်စာအုပ်လေးအားပြန်ပိတ်လိုက်သည်။
သူပင်ပန်းနေပြီ အရမ်းကိုပင်ပန်းနေပြီ။ထိုအချိန်
ဒူ...ဒူ...ဒူ......ချယ်ရီဆီမှဖုန်းလာ၍ငွေနှင်းလည်းကိုင်လိုက်ချိန်.....

“ဟယ်လို ငွေနှင်း နင်ဒီနေ့အဆင်ပြေလားဟမ်”
“ဟင့်အင်းမပြေဘူးချယ်ရီ ငါလုံးဝမပြေဘူး” တကယ်အဆင်မပြေပါ။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုငြင်းလိုက်တဲ့အချိန်မှာဘယ်သူမှအဆင်မပြေနိူင်ပါ။

“ငါ့ကိုလေ ခွန်းသ ကငြင်းလိုက်တယ်သိလား ဟား.....ဟား.....သူကလေ သူ့မှာချစ်ရမဲ့သူရှိတယ်တဲ့”ငွေနှင်းရဲ့စကားကြောင့်ချယ်ရီကအလန့်တကြားပင်......

“ဟယ် ငါတော့မကြားမိပါဘူးဟယ် ဟုတ်လို့လား....”
“ဟုတ်တယ် သူချစ်တဲ့သူကဘယ်သူလဲသိလား”ငွေနှင်းရဲ့အမေးကြောင့်ချယ်ရီလည်းသိချင်ဇောဖြင့်.....

“ဘယ်သူလဲဟင် “
“အဟက်.....ငါ့အကို”
“ဟင် နင့် နင့်အကို”
ချယ်ရီမှာအံ့သြလွန်းလို့ စကားတွေတောင်ထစ်သွားရသည်။
“ဟုတ်တယ်ငါ့အကို ငါလေအရမ်းခံစားရတယ်သိလား
ငါပထမဆုံးရင်ခုန်ခဲ့တဲ့သူက ငါ့ကိုမချစ်ဘူးတဲ့”
ချယ်ရီကငွေနှင်းရဲ့မငြိမ်မသက်အသံကြောင့်.......

“နင်စိတ်လျော့ပါဟာ သူ့ထက်သာတဲ့သူတွေရှိသေးတာပဲလေ နော်”ချယ်ရီတစ်ယောက်သူ့သူငယ်ချင်းအားဖြေသိမ့်ပေးနေသော်လည်း......
“ဟင့်အင်းငါကသူ့ကိုဘဲချစ်တာ သူ့ကိုအရမ်းချစ်တာ ငါအသည်းကွဲရတယ် သူငြင်းလိုက်တာငါခံစားရတယ်”
“အဲ့လောက်လဲခံစားမနေပါနဲ့ဟာ......”
“ငါဖုန်းချလိုက်တော့မယ်ချယ်ရီ good bye”
“ဟဲ့နေအုန်းလေ ဟဲ့....တီ!!! “ ငွေနှင်းတစ်ယောက် ဖုန်းထဲက ခွန်းသပုံကိုကြည့်ပြီးပြုံးနေခဲ့သည်။ခုံပေါ်မှာတော့ဘယ်ချိန်ထဲကရှိနေမှန်းမသိသောဘလိတ်ဓားတစ်ချောင်း......

“ငါအခွင့်ရှိရင် နင်နဲ့နောင်ဘဝပြန်ဆုံချင်တယ်သိလား”
ငွေနှင်းရဲ့ဖြူလွလွ လက်ကောက်၀တ်လေးပေါ်ဓားလေးဖြတ်ပြေးသွားသည်။နီရဲနေသောသွေးများကကြမ်းပြင်ပေါ်သို့တစ်တောက်တောက်စီးကျနေသည်။မကြာမီအချိန်တွင် ခံစားချက်မရှိတော့သောလူတစ်ယောက် နာကျင်ခြင်းတွေမရှိတော့သောသူတစ်ယောက်
အမှောင်အတိကျကာပြီးဆုံးသွားလေပြီ။
………………………………………………………….
“သမီး ငွေနှင်းရေ ထမင်းစားတော့မလားကြီးကြီးပြင်ပြီးပြီနော်”
ကြီးချိုတစ်ယောက်ငွေနှင်းအားထမင်းစားဖို့ခေါ်ရန်အတွက်အ ပေါ်သို့တက်လာကာ….

“ဒေါက် ဒေါက်” တံခါးခေါက်နေပေမယ့်ပြန်ဖြေသံမရှိသောအခန်းလေးတစ်ခု။
ထို့အပြင်အပ်ကျသံပင်မကြားအောင်
တိတ်ဆိတ်ငြိမ်သက်နေသောအခန်းငယ်လေးတစ်ခု။ကြီးချိုမှာပြန်ဖြေသံမကြား၍တံခါးကိုထပ်ခေါက်လိုက်သည်။
“ဘာသံမှလဲမကြားရပါလား”
ဒေါက်.....ဒေါက်......
“သမီးရေ ကြီးချိုဝင်လာခဲ့ရမလား”ဘာလှုပ်ရှားမှုမှမရှိသောအခန်းငယ်လေးထဲသို့တံခါးလေးအဖွင့်
ကုတင်နားကမြင်လိုက်ရသောမြင်ကွင်းကြောင့် ကြီးချိုမှာ ကြက်သေသေ သွားရသည်။

“သမီးငွေနှင်း သမီး သမီး.........”ငွေနှင်းအနားသို့
အပြေးလေးလာကာလှုပ်နှိုးနေသော်လည်းအသက်မရှိတော့သောခန္ဓာကိုယ်တစ်ခုက ငြိမ်သက်လျတ်ပင်။
ကြီးချိုလည်းအမြန်ပင်အောက်သို့ဆင်းကာ စျာန့်ဆီသို့ဖုန်းခေါ်လိုက်သည်။
“သားစျာန် သမီးငွေနှင်းလေ.........”


အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now