Ep 44

7.5K 396 0
                                    

Ep 44
စျာန်နှင့်ခွန်းသတို့မနက်စာစားဖို့အတွက် ခွန်းသကိုယ်တိုင်စျာန်ကြိုက်တတ်သောနန်းကြီးသုတ်ကိုသေချာသုတ်ပေးနေလေသည်။ပြီးတော့ကော်ဖီပါအဆင်သင့်ငှဲ့ပေးနေချိန်စျာန်ကတော့အရှေ့ကချစ်ရသူလုပ်သမျှကိုပြုံးပြုံးကြီးထိုင်ကြည့်နေလေသည်။ခွန်းသလည်းကြီးချိုကစျေးသွား၍ဒီနေ့မှကိုယ်တိုင်လုပ်ပေးနေခြင်းဖြစ်သည်။

“ကိုကို စားလို့ရပြီဗျ”
“ဟုတ်ပါပြီဗျ”

စျာန်ကတော့ခွန်းသလုပ်ပေးသောမနက်စာကိုစားရင်းပြုံးနေသည်။

“ကောင်းလားဗျ”
“ကလေးလုပ်ပေးတာဆိုရင်အကုန်ကောင်းတယ်”
ထိုအခါခွန်းသကပြုံးလိုက်ပြီး

“နောက်နေ့တွေလည်းလုပ်ပေးမယ်နော်”
“ဟုတ်ပါပြီ”

“ကလေး ဒီနေ့ဘယ်သွားချင်လဲ ကိုကိုမနက်ဖြန်မအေးရိပ်ဖြူအဖေရဲ့မွေးနေ့ပါတီကိုသွားရမယ် ကလေးလိုက်အုန်းမလား”

“ကလေးမလိုက်တော့ဘူးကိုကို အဲ့လိုနေရာတွေ
ကလေးမကြိုက်ဘူး လူအရမ်းများလို့”

“အွန်းဒါဆို ကိုကိုနည်းနည်းနောက်ကျမယ်နော်”
“ဟုတ် ကိုကို”

“ပြီးရင်အပြင်သွားပြီးမုန့်သွားစားမယ် ကလေးအတွက်အင်္ကျီတွေလည်းဝယ်ပေးအုန်းမယ်”
“ကလေးမှာမဝတ်ရသေးတဲ့အင်္ကျီတွေတောင်ရှိသေးတယ်လေ ကိုကို”

“ဒါဆိုလည်း ကလေးကြိုက်တာတွေ့ရင်တော့ဝယ်ပေါ့ မုန့်တော့စားမယ်မလား”

“စားမှာပေါ့ ဟီးဟီး....”

သွားလေးဖြီးကာရယ်ပြနေသောအကောင်ပေါက်လေးကြောင့်ပါးလေးအားဖျစ်ညှစ်လိုက်မိသည်။တကယ်ပင်ခွန်းသကချစ်စရာလေး

“ကိုကိုနောက်လကျရင်ဘာရှိလဲသိလား”ခွန်းသမေးလိုက်တော့စျာန်သိလိုက်ပါပြီ သူ့မွေးနေ့ကိုမေးတော့မယ်ဆိုတာ။ဒါပေမယ့် သူ့ရှေ့ကမျက်လုံးအရောင်လတ်နေသောကောင်လေးကြောင့်စချင်လာ၍မသိချင်ယောင်ဆောင်လိုက်ကာ

“ဘာရှိလို့လဲ ကိုယ်တို့ရဲ့နှစ်ပတ်လည်လား အဲ့ဒါလည်းမဟုတ်ပါဘူး အဲ့ဒါကလဲနည်းနည်းလိုပါသေးတယ်” ပြောနေရင်းအရှေ့သို့ကြည့်လိုက်တော့နှုတ်ခမ်းကတော်တော်ပင်ဆူနေကာ မျက်ခုံးနှစ်ဖက်ဟာလည်း တွန့်ကျိုးလွန်းလို့လှိုင်းတွေနဲ့တောင်တူနေလေပြီဖြစ်သည်။စျာန်လည်း
အခြေနေမကောင်းတော့မှန်းသိ၍ချော့ဖို့ပြင်လိုက်ချိန်......

“ဘယ်သူ့ဆီကိုစိတ်ရောက်နေလို့ဒါလေးတောင်မသိရတာလဲ”
“ကလေးရယ်ကိုကိုကစတာပါ နောက်လ ကလေးလေးမွေးနေ့မလားကိုယ်သိတာပေါ့”

ထိုအခါမှဆူထော်နေသောနှုတ်ခမ်းလေးကအထဲသို့ပြန်လည်ဝင်ရောက်သွားလေသည်။စျာန်လည်း ခွန်းသ၏ပါးလေးအားညှစ်လိုက်တော့

“ဟွန့် မသိရင် ဒီက တကယ်စိတ်ဆိုးတော့မှာ”
“ဟား...ဟား..ရွှေစိတ်တော်တော့မညှိုးလိုက်ပါနဲ့ဗျာ ကျွန်တော်မျိုးတောင်းပန်ပါတယ်”

“ဟွန့် တောင်းပန်လို့ခွင့်လွှတ်လိုက်ပြီ ပြီးရင်အပြင်သွားမယ်”
“ဟုတ်ပါပြီဗျာ”

………………………….

အေးရိပ်ဖြူ တစ်ယောက်ဆေးပြတ်လာပြီဖြစ်၍သီဟအားဆက်သွယ်ကာဆေးယူရန်hotelတစ်ခုသို့ရောက်လာခဲ့သည်။ကောင်တာမှာ အခန်းနံပါတ်အား မေးကာသီဟရှိသည့်အခန်းသို့တက်လာခဲ့သည်။

ဒေါက်!!!ဒေါက်!!!

ခဏအကြာ ကျွီ.... သီဟတံခါးဖွင့်ပေးတော့အေးရိပ်တစ်ယောက်အခန်းထဲသို့ဝင်သွားလိုက်သည်။အခန်းတွင်းဝင်လိုက်သည်နှင့် ဆေးလိပ်နံ့က နှာခေါင်းထဲသို့တိုးဝင်လာလေသည်။အေးရိပ်လည်းကုတင်ပေါ်တွင်ထိုင်လိုက်ကာ

“သီဟ ဆေးဘယ်မှာလဲ”
“ဘာလို့လဲ ဖြည်းဖြည်းပေါ့” သီဟကပြောရင်းနဲ့ပင်သူပါ အေးရိပ်နားတွင်ဝင်ထိုင်လိုက်သည်။အေးရိပ်ကသီဟအား စိတ်ပျက်သလိုတစ်ချက်ကြည့်ကာ

“ငါအခုသုံးချင်တာ အခုလိုနေတာ အမြန်ပေးပါ”

အေးရိပ်ပုံစံက မရရင်မဖြစ်တော့တဲ့ပုံစံမို့လို့သီဟ ကဆေးထုတ်ပေးလိုက်သည်။

အေးရိပ်ဖြူက ဆေးရသည်နှင့်ကုတင်ပေါ်တွင်ထိုင်ကာဆေးသုံးနေလေသည်။
သီဟက ဆေးကို အေးဆေးစွာသုံးနေသောအေးရိပ်အားသေချာကြည့်ကာ

“နင်လိုချင်တာရပြီဆိုတော့ငါလိုချင်တာနင်ပေးရမှာနော်”
“...........”အေးရိပ်ကဆေးသုံးတာခဏရပ်လိုက်ပြီးသီဟကိုကြည့်ကာ

“နင်ဘာလိုချင်တာလည်း ငါ့ကိုပြော အကုန်ပေးမယ်”
“တကယ်လား” ပြောရင်းနှင့်ပင်အေးရိပ်ဖြူရဲ့နားလေးကိုကပ်ကာသီဟက တိုးလျလျအသံနှင့်ပြောလိုက်လေသည်။အေးရိပ်ဖြူလည်းဆေးရှိန်ကြောင့်တဖြည်းဖြည်းမျက်လုံးများမှေးဆင်းလာ၍သီဟလည်းပြုံးလိုက်ကာအေးရိပ်ဖြူအားသေချာကြည့်နေလေသည်။
…………………

ဒီနေ့စျာန်က အေးရိပ်ဖြူ အဖေရဲ့မွေးနေ့ပါတီကိုသွားရမှာပင်။ ညနေ၆နာရီထိုးပြီဖြစ်သောကြောင့်Suitဝတ်စုံ အနက်ရောင်လေးကိုဝတ်ကာအခန်းထဲမှထွက်လာခဲ့သည်။ချစ်ရသူလေးကတော့ဧည့်ခန်းထဲတွင်အာလူးကြော်ဗူးကိုသားတစ်ယောက်ပမာရင်ဝယ်ပိုက်ကာTVကြည့်ရင်းစားနေလေသည်။

အာလူးကြော်စားနေတာကလည်း ကလေးတစ်ယောက်လိုပင်။ပါးမှာတောင်အာလူးကြော်ဖက်ကကပ်နေလေသည်။စျာန်လည်းဧည့်ခန်းထဲသို့လာကာခွန်းသဘေးမှာထိုင်လိုက်တော့အစားမပြတ်စွာ......

“ကိုကို သွားတော့မှာလား “
“အင်း ကိုကိုနည်းနည်းနောက်ကျမယ်နော်လုပ်ငန်းရှင်တွေလည်းလာမှာဆိုတော့ချက်ချင်းကြီးပြန်လာရင်မကောင်းလို့လေ”
စျာန့်အပြောကိုခွန်းသ ကခေါင်းညိတ်ပြလိုက်ကာ
“ဟုတ်ကဲ့ကိုကို ကျွန်တော်စောင့်နေမယ်နော်”
“အင်းပါဒါပေမယ့်ဧည့်ခန်းထဲမှာမစောင့်နဲ့နော်အိပ်ခန်းထဲမှာဘဲစောင့်နေကြားလား အိပ်ချင်ရင်တော့အိပ်နော်”

“ဟုတ်ကဲ့ကိုကို “
“လိမ္မာတယ်”

စျာန်က ခွန်းသပါးမှာကပ်နေတဲ့အာလူးကြော်လေးအား ယူစားလိုက်ကာနှုတ်ခမ်းလေးအားနမ်းလိုက်သည်။

“ချိုတယ်ကလေးရဲ့ပါးမှာကပ်နေလို့ထင်တယ် ကိုကိုသွားပြီနော် ကျော်ထက်ရှိလိမ့်မယ် လိုရင်သူ့ကိုခေါ်လိုက်နော်”

“ဟုတ်ကဲ့”

ခွန်းသခေါင်းလေးအားပွတ်ကာ ပါတီသို့ကိုယ်တိုင်ဘဲကားမောင်းသွားလိုက်သည်။ကျော်ထက်ကိုခေါ်သွားရင် ကလေးကတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ပင်။

ခြံရှေ့မှာကားရပ်လိုက်ကာစျာန်ခြံထဲသို့ဝင်သွားတော့စျာန်လာသည်နှင့်အကုန်လုံးကလက်ဆွဲကာလာနှုတ်ဆက်ကြသည်။စျာန်လည်းပြန်နှုတ်ဆက်ကာအေးရိပ်ဖြူ အဖေဆီသို့သွားလိုက်သည်။အေးရိပ်ဖြူ အဖေကစျာန့်ကိုတွေ့တာနဲ့ပြုံးလိုက်ကာ

“မောင်စျာန်ထက်ပိုင်တောင် ရောက်လာပြီဘဲ”

စျာန်လည်း လက်ထဲက ပါလာသောလက်ဆောင်ဗူးလေးအား အရှေ့သို့ကမ်းပေးရင်း......

“Happy Birthday ပါ အန်ကယ်”
“အေးပါကွာ ဒါနဲ့လက်ဆောင်မလိုပါဘူးဆိုကွာ မင်းကတော့” စျာန်လည်းပြုံးလိုက်ကာ

“ကျွန်တော်စေတနာနဲ့ပါဗျာ လက်ခံနော်”

“အေးပါကွာ မငြင်းတော့ပါဘူး လာအန်ကယ်တို့နဲ့လာသောက်ကွာ အန်ကယ့်မိတ်ဆွေတွေနဲ့လည်းမိတ်ဆက်ပေးမယ်”

စျာန့်အား မွေးနေ့ရှင်ခေါ်ရာနောက်သို့လိုက်သွားလိုက်သည်ကို အေးရိပ်မှာ တခြားဝိုင်းကနေမြင်နေရသည်။ထိုအချိန် ဝိတ်တာတစ်ယောက်ကိုခေါ်ကာ ဝိုင်တစ်ခွက်ယူလိုက်ပြီးဘေးမှာချထားလိုက်သည်။

ခဏအကြာအေးရိပ်လည်းစျာန်ရှိသည့်ဘက်သို့လာကာနှုတ်ဆက်လိုက်တော့စျာန်လည်းအလိုက်သင့်လေးနှုတ်ဆက်လိုက်သည်။အေးရိပ်ဖြူ ကစျာန်လက်အားဆွဲကာ

“စျာန် အေးရိပ်လေ စျာန့်အတွက်ယူလာတာ”
“ကျွန်တော်မသောက်တော့ဘူးဗျ ကျော်ထက်လည်းမပါလာတော့ကားမောင်းရင်အဆင်မပြေမှာစိုးလို့ပါ” စျာန်ပြောနေသော်လည်းအေးရိပ်ဖြူ ကတော့

“စျာန် ကလည်းတစ်ခွက်ထဲနဲ့တော့မမူးပါဘူး ပြီးတော့ဒါကဖေဖေမွေးနေ့ဆိုတော့ဂုဏ်ပြုတဲ့အနေနဲ့သောက်ပေးပါ နော်”

စျာန်လည်းတစ်ခွက်တည်းဘဲဆိုပြီးမငြင်းတော့ဘဲ

“ဟုတ်ကဲ့ဗျ”

အေးရိပ်လက်ထဲကဝိုင်ခွက်အားယူကာ
သောက်လိုက်ချိန် အေးရိပ်၏အပြုံးကိုတော့စျာန်မမြင်ခဲ့ပါ။

သီးသန့်ဝိုင်းမှာတစ်ယောက်တည်းထိုင်နေရင်း
အချိန်နည်းနည်းလောက်ကြာတော့ ဝိုင်တစ်ခွက်ထဲသောက်ပြီးစျာန့်မှာတော်တော်မူးနေ၍ထိုင်ခုံပေါ်တွင်ထိုင်ကာနားထင်ကိုလက်ဖြင့်ထောက်ကာနေနေရသည်။ထိုအချိန်အေးရိပ်ဖြူရောက်လာပြီး......

“စျာန်ဘာဖြစ်တာလဲဟင်”
“ကျွန်တော်ခေါင်းမူးလို့ပါ” အေးရိပ်လည်းစျာန့်အခြေအနေကိုသိနေတာကြောင့်ပြုံးလိုက်ကာ

“အေးရိပ်ဘာလုပ်ပေးရမလဲဟင်”
“ရပါတယ် ကျွန်တော်ကျော်ထက်ကိုဖုန်းဆက်
လိုက်ပါ့မယ်” ပြောရင်းနဲ့ဖုန်းဆက်ဖို့လုပ်နေသောစျာန့်လက်တို့လျှောကျသွားခဲ့သည်။အေးရိပ်လည်းစားပွဲပေါ်သို့ခေါင်းငိုက်စိုက်ကျသွားသောစျာန့်ကိုဖက်ကာလူတစ်ယောက်ဆီသို့ဖုန်းခေါ်လိုက်သည်။

“အေး ငါခိုင်းထားတာအဆင်ပြေတယ်မလား ငါအဲ့ဒီကိုလာခဲ့မယ်”
“...........” အေးရိပ်တစ်ယောက်စျာန့်ကိုယ်အားတွဲကာခြံပြင်သို့ထွက်သွားသည်။တခြားသူတွေမှာလည်း သူတို့ အပျော်နှင့်သူတို့မို့ထိုမြင်ကွင်းကိုမြင်ရင်တောင် အထူးအဆန်းဖြစ်နေမှာမဟုတ်ပေ။အေးရိပ်လည်းစျာန့်ဘောင်းဘီ
အိတ်ထဲကကားသော့ကိုယူကာချိန်းထားသည့်နေရာသို့ကားမောင်းသွားလိုက်သည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now