Ep 20

11.3K 619 8
                                    

Ep 20

ရေချိုးခန်း ထဲကနေစျာန်ပြန်ထွက်လာပြီး ခွန်းသအားရေပတ်တိုက်ပေးလိုက်သည်။ ခနအကြာ အောက်မှာဆန်ပြုတ်သွားယူလာပြီးအပေါ်သို့ပြန်တက်လာခဲ့သည်။

“ဆန်ပြုတ်သောက်မယ် ထ”
“ဟုတ်” ခွန်းသလည်းဘာမှမပြောဘဲဒီတိုင်းသာဆန်ပြုတ်သောက်လိုက်သည်။အမှန်ကခုနကစကားအားဝမ်းနည်းသွားခြင်းဖြစ်သည်။ ဆန်ပြုတ်သောက်ပြီး၍ဆေးသောက်ဖို့ရေအရင်သောက်ကာပြီးမှဆေးကိုမျှောချလိုက်သည်။စျာန်ကတော့ဆန်ပြုတ်ပန်းကန်ကိုယူကာ

“ငါအောက်မှာထမင်းသွားစားလိုက်အုန်းမယ်လှဲနေနော်”
ခွန်းသလည်းစျာန့်ကိုခေါင်းသာညိတ်ပြလိုက်သည်။ခဏအကြာ ခွန်းသအိပ်ချင်လာ၍ ကြမ်းပြင်တွင်ဖျာကိုအရင်ခင်းလိုက်သည်။ပြီးတာနဲ့ ခေါင်းအုံးချကာ အိပ်စက်လိုက်သည်။

‘ဘယ်လိုပင်ဖျားနေပါစေကိုကိုကသူ့ကိုအောက်မှာဆင်းအိပ်လို့ပြောထားသည်မလား’

အခုလည်းနေကောင်းသလောက်ရှိနေ၍အောက်ကိုသာဆင်းအိပ်လိုက်သည်။
အောက်တွင်တော့စျာန်တစ်ယောက်ထမင်းစားပြီး၍ အခန်းထဲ၌ခွန်းသလွတ်လွတ်လပ်လပ်နေရန်အတွက်ဧည့်ခန်းထဲ၌TVကြည့်နေလိုက်သည်။”အချိန်သည်လူကိုမစောင့်”ဟူသောစကားသည်မှန်သည်။ ဘာလိုလိုနှင့် ည၁၀နာရီပင်ထိုးနေပြီဖြစ်၍ စျာန်လည်းTVကိုပိတ်ကာ မီးမှိတ်၍အိပ်ရန်အခန်းထဲသို့ဝင်လာခဲ့သည်။

အိပ်ခန်းထဲသို့ရောက်ရောက်ခြင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့်မျက်လုံးတို့ပြူးကျယ်သွားရသည်။တစ်ဆက်တည်းမှာပင်ကြမ်းပြင်ပေါ်တွင်ခွေခွေလေးအိပ်နေသောကောင်လေးကြောင့်ဒေါသထွက်သွားရသည်။ချက်ခြင်းပင်ခွန်းသအနားသို့သွား၍လက်ကနေဆောင့်ဆွဲလိုက်သည်။

ခွန်းသလည်းရုတ်တရက်ဆောင့်ဆွဲခံလိုက်ရသောကြောင့်လန့်သွားကာနိူးသွားလေသည်။ဆောင့်ဆွဲတဲ့သူကိုကြည့်လိုက်တော့ကိုကိုဖြစ်နေ၍ရုတ်တရက်အံ့သြ သွားသည်။ဘာလုပ်မိလို့ပါ
လိမ့်။ဘာမှားလို့ပါလိမ့်။
ထို့ပြင်ကျွန်တော့်အားမျက်ထောက်နီနဲ့ကြည့်နေသောကိုကို့ကြောင့်နည်းနည်းတော့ကြောက်သွားမိသည်။

“ကိုကို ဘာဖြစ်လို့လဲဟင်”
“ဘာ!!! ဘာဖြစ်လို့လဲဟုတ်လား”

“မင်းဒါဘာသဘောလဲ ဆက်ခွန်းသ ဟမ်”
“ကျွန်တော်....”

“မင်းငါ့ကိုအရွဲ့တိုက်နေတာလား”
“…………”

“မင်းကိုဘယ်သူကဒီကြမ်းပြင်မှာအိပ်ခိုင်းလို့လဲ မင်းကိုယ်မင်းနေမကောင်းတာမသိဘူးလား သေချင်လို့လား ဟမ် ပြောလေ”

ခွန်းသလည်း သူ့ရဲ့အင်္ကျီကော်လံအားဆွဲကာ ဒေါသနှင့်ပြောနေသောကိုကိုကြောင့်မျက်ရည်ပင်ကျလာရသည်။

‘ဖျားရင်အားငယ်တတ်တယ်ဆိုတာ ကိုကိုမသိလေရော့သလား”

“ငါမေးနေတာဖြေလေ မင်းဘာလို့ပါးစပ်ပိတ်နေတာလဲ”
“ဟို ကိုကိုကအရင်တုန်းကကြမ်းပြင်မှာအိပ်ခိုင်းလို့ပါ အခုလဲကိုကိုစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ဒီမှာအိပ်လိုက်တာပါ”

ခွန်းသမှာမျက်ရည်များကျနေရင်းပင် သူ့ကိုကိုအားရှင်းပြနေရသည်။

“ဘာ......အဲ့ဒါဆိုငါကြောင့်ပေါ့ဟုတ်လား မင်းကဖျားနေတာလေ။ကြမ်းပြင်ပေါ်အိပ်မှာပေါ့ ဟုတ်လား”စျာန်လည်းဒေါသထွက်ထွက်နှင့်ပင်တရစပ်ပြောနေလေသည်။

“ကြမ်းပြင်မှာအိပ်ရင်အအေးပက်ပြီးထပ်ဖျားမှာမသိဘူးလားဟမ် ပြောလေ”

“သိ သိပါတယ် ဒါ ဒါပေမယ့်.....”
“အဟက်......သိရဲ့သားနဲ့ငါ့ကိုအရွဲ့တိုက်ပြီးလုပ်တာပေါ့ ရတယ်လေ အအေးပက်တာသိသိရဲ့နဲ့အိပ်မှတော့ ငါကအအေးပတ်အောင်ပိုလုပ်ပေးရမှာပေါ့”

စျာန်ကပြောနေရင်းပင် ခွန်းသလက်ကိုဆွဲကာရေချိုးခန်းထဲသို့ဆောင့်တွန်းလိုက်သည်။ပြီးတော့အပေါ်က ရေပန်းကိုဖွင့်ချလိုက်ပြီးBathtub ထဲကိုပါ ခွန်းသအားတွန်းချလိုက်သည်။ခွန်းသမှာ ရေပန်းကကျလာသောရေနှင့်Bathtubထဲကရေတွေရောကြောင့်တစ်ကိုယ်လုံးစိုရွဲကာချမ်းလာရသည်။ နေမကောင်းသောကြောင့်လည်းတစ်ကိုယ်လုံးနုန်းနေ၍လူကမလှုပ်ချင်တော့ပေ။

“အအေးပက်တာသိသိရဲ့နဲ့ လုပ်တာလေအခုဘယ်လိုလဲ ပိုကောင်းသွားတယ်မလားဟမ်”

“ကိုကို ကျွန်တော့်ကို ခေါ်ပါ ကျွန်တော်တောင်းပန်ပါတယ် “

“မင်းအအေးပက်ချင်တာမဟုတ်ဘူးလား အဲ့ဒါကြောင့်ကြမ်းပြင်မှာအိပ်ရင်အအေးပက်တာသိသိရဲ့နဲ့မင်းအိပ်တာမလားဟမ်”
“ကျွန်တော်ကိုကို့အိပ်ယာမှာလာအိပ်ရင်ကိုကိုအနှောက်ယှက်ဖြစ်မှာစိုးလို့ပါ ကျွန်တော်......” ခွန်းသလည်းပြောပြီးတာနဲ့ မျက်လုံးများမှိတ်ကာသတိလစ်သွားတော့သည်။စျာန်လည်းမျက်လုံးတွေမှိတ်သွားသောကောင်လေးအားBathtubထဲမှပွေ့ယူကာ......
“ခွန်း ခွန်း ဟေ့ထစမ်း ခွန်းလေး......”စျာန်လည်းခွန်းသအားပွေ့ချီကာရေချိုးခန်းထဲမှထွက်၍အိပ်ယာပေါ်သို့တင်ပေးလိုက်သည်။ပြီးသည်နှင့်ချက်ချင်းပင် ဆရာဝန်ဆီသို့ဖုန်းဆက်လိုက်သည်။

“ဟယ်လို ဒေါက်တာ ကျွန်တော့်ကလေးလေး သတိလစ်သွားလို့အမြန်လာပေးပါ”
ပြီးတာနှင့်တစ်ဖက်ကဖြေသံကိုတောင်မစောင့်ဘဲဖုန်းချလိုက်ကာခွန်းသအားအဝတ်စားလဲပေးလိုက်သည်။
ချမ်းနေမယ်ဆိုတာသိနေသောကြောင့်တစ်ခါထဲအနွေးထည်ပါဝတ်ပေးလိုက်သည်။
ကုတင်ပေါ်တွင်သတိမေ့နေသောကောင်လေးအားစျာန်ကခေါင်းသုတ်ပေးနေသည်။ခဏအကြာဆရာဝန်ရောက်လာကာခွန်းသအားစမ်းသပ်ပြီးသည်နှင့်......

“ဒေါက်တာ အဆင်ပြေရဲ့လားဟင်”
“အင်းအခုတော့ဆေးတစ်လုံးထိုးပေးထားတယ် အအေးပက်သွားတာ ပြီးတော့စိတ်လှုပ်ရှားနေတော့သတိလစ်သွားတာပါ”

‘ငါသူ့အပေါ်လုပ်မိတာများသွားလို့ငါ့ကိုကြောက်လို့စိတ်လှုပ်ရှားပြီးသတိလစ်သွားတာနေမှာ ကိုယ်တောင်းပန်ပါတယ်’

“ဟုတ်ကဲ့ဆရာ ညအချိန်မတော်ကြီး ဒုက္ခပေးမိပြီ”
“ရပါတယ် ဒါကဆရာတို့အလုပ်ဘဲလေ ဆရာ့ကိုလည်းခွင့်ပြုပါအုန်း”

“ဟိုဆရာအဆင်မပြေရင်ဒီမှာဘဲအိပ်သွားပါလားအခန်းပိုတွေရှိပါတယ်”
“ရပါတယ်ဗျာ ကျွန်တော်အဆင်ပြေပါတယ်” ပြောပြီးသည်နှင့် ဆရာဝန်လည်းပြန်သွားလေသည်။စျာန်လည်းခွန်းသ ဘေးတွင်လှဲလိုက်၍ သူ့အကောင်ပေါက်လေးအားဖက်၍အိပ်လိုက်လေသည်။

“ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ်ဒေါသထွက်သွားလို့ပါ ကိုယ့်ကိုမမုန်းပါနဲ့နော်”ရင်ခွင်ထဲသို့အကောင်ပေါက်လေးအားမြုပ်နေအောင်ထည့်လိုက်၍တင်းတင်းကြပ်ကြပ်ဖက်ထားကာ ခွန်းသနံဖူးလေးကိုနမ်းလိုက်ပြီး......

“Good Night ကလေးလေး မြန်မြန်နေကောင်းပါစေနော်”ပြောပြီးသည်နှင့်သူပါခွန်းသဘေးတွင်မှေးစက်လိုက်သည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now