Ep 28

10.6K 654 6
                                    

Ep 28
တိတ်ဆိတ်နေသောအခန်းထဲတွင် စောင်ပုံထဲကလူသားနှစ်ဦးထဲမှ ကောင်လေးတစ်ယောက်ဟာလှုပ်လှုပ်ရွရွဖြစ်လာကာ နိူးလာသည်။ခွန်းသ အိပ်ယာကနိူးလာသည်နှင့်အောက်ပိုင်းကနာကျင်မှုကြောင့် ခါးပေါ်မှလက်တစ်စုံကိုဖယ်ကာခန္ဓာကိုယ်ကိုဘေးသို့ဖြည်းဖြည်းလေးရွှေ့လိုက်သည်။

“အား.......ကျွတ် ကျွတ်” အောက်ပိုင်းမှနာကျင်မှုကြောင့်ခွန်းသတစ်ယောက်မျက်နှာရှုံ့မဲ့သွားကာ မျက်ရည်တောင်ဝဲသွားမိသည်။ဘေးသို့ကြည့်လိုက်တော့ အပေါ်ပိုင်းဗလာဖြင့်အိပ်စက်နေသော တစ်နည်းအားဖြင့်ညကသူ့ကိုမုန်းတီးစွာဆက်ဆံခဲ့သောလူသားတစ်ယောက်ပြောရရင်ကျွန်တော့်ချစ်ရသူ.......

ခွန်းသလည်းကုတင်အောက်ကအဝတ်အစားတွေကိုယူကာဘောင်းဘီကိုအရင်ဝတ်လိုက်သည်။ပြီးတာနဲ့အင်္ကျီကိုလက်ကကိုင်ကာ ဖြည်းဖြည်းချင်းလျှောက်၍ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ရေပန်းအားဖွင့်ချလိုက်ကာ ပါးပြင်ပေါ်ကမျက်ရည်များကိုအေးစက်စက်ဖြစ်နေသောရေနှင့်အတူစီးဆင်းစေလိုက်သည်။ကိုယ့်အဖြစ်ကဆက်ဆံခံရတာတောင်အမုန်းနဲ့တဲ့လားပြီးတော့အထင်လွဲစွတ်စွဲချက်တွေနဲ့...... ချစ်လို့မဟုတ်ဘဲ ညကအဖြစ်အပျက်က
အဟက်!!! အချစ်မပါတဲ့သာယာမှုကြီး....ဆက်မတွေးချင်တော့၍ရေပန်း
အောက်မှာရပ်နေလိုက်ကာညစ်ညမ်းနေသောအရာများကိုဆေးကြောလိုက်သည်။

ခဏအကြာရေချိုးပြီး၍ခွန်းသပြန်ထွက်လာသည်။သင်တန်းသွားရအုန်းမည်။တစ်ကိုယ်လုံးနာကျင်နေသော်လည်းအိမ်မှာမနေချင်ပါ။ကိုကိုနဲ့လည်းမဆုံချင် ကောင်းတဲ့တွေ့ဆုံခြင်းမှမဟုတ်တာ တွေးနေရင်းအဝတ်စားလဲကာငိုထားသောမျက်နှာအားမသိသာစေရန် ခရင်မ်နဲနဲလေးလိမ်းလိုက်သည်။ပြီးသည်နှင့်အိတ်ယူကာအခန်းထဲမှထွက်လာခဲ့လိုက်သည်။အောက်ရောက်တော့ကြီးချိုကိုလည်းမ တွေ့၍
ဒီတိုင်းထွက်လာလိုက်ကာTaxiစီး၍သင်တန်းသို့ထွက်လာခဲ့သည်။
.
.

စျာန်တစ်ယောက်အိပ်ယာမှနိူး
ထလာခဲ့ပြီး မျက်လုံးမဖွင့်သေးဘဲ ဘေးနားသို့လက်နှင့်လိုက်စမ်းလိုက်တော့ အေးစက်နေသောအိပ်ယာခင်းသာထိတွေ့နေရ၍မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ဘေးနားမှာမျှော်လင့်ထားသလိုသူတွေ့ချင်တဲ့ကောင်လေးရှိမနေပါ။ချက်ချင်းထကာကုတင်ပေါ်မှဆင်းပြီးရေချိုးခန်းထဲသို့ကြည့်လိုက်သည်။သို့သော်ရေချိုးခန်းထဲတွင်လည်းမရှိ၍အောက်ဆင်းကာရှာကြည့်မိသည်။ မီးဖိုချောင်ထဲသို့ဝင်မိတော့ဘယ်သူမှရှိမနေပါ။အိမ်ရှေ့ထွက်သော်လည်းခွန်းသ၏အရိပ်ယောင်တောင်မတွေ့မိ၍အခန်းထဲသာပြန်ဝင်ခဲ့မိသည်။


သူကညကတော်တော်လွန်သွားမိသည်။ခွန်းသအားသန့်ရှင်းရေးတောင်မလုပ်ပေးလိုက်မိ။ဆေးလည်းမတိုက်လိုက်ရ။အဆင်မှပြေပါ့မလား။စျာန်လည်းမှန်တင်ခုံနားသွားကာဖုန်းယူလိုက်၍ခွန်းသအားဖုန်းခေါ်လိုက်သည်။သို့သော်မကိုင်ပါ။စျာန်တစ်ယောက်မကိုင်သောဖုန်းလေးအားထပ်ခါထပ်ခါခေါ်နေမိသည်။
စျာန်ဖုန်းအားချပြီးရေချိုးခန်းထဲဝင်ကာမျက်နှာသစ်၍ရေပန်းအောက်၌အလျင်အမြန်ရေချိုးလိုက်သည်။ညစ်ပတ်နေသည်များကိုသန့်ရှင်းလိုက်ကာ ပြန်ထွက်ခဲ့၍အဝတ်စားအမြန်ဝတ်ကာ ဖုန်းယူ၍ကားမောင်းထွက်ခဲ့သည်။

‘ခွန်းလေးမင်းကိုယ့်ဆီကထွက်သွားလို့မရဘူးနော်’
.
.
ခွန်းသTaxiပေါ်၌ဖုန်းလာတာကြောင့်ကြည့်မိလိုက်တော့စျာန့်ဆီကဖြစ်နေ၍မကိုင်ဘဲနေနေလိုက်သည်။မကိုင်ချင်ပါ မပြောချင်ဘူးဆိုရင်ပိုမှန်လိမ့်မည်။ ဖုန်းလေးအားမကိုင်ဘဲထားထားကာslientလုပ်ထားလိုက်သည်။သင်တန်းရှေ့သို့ရောက်သော်ကားပေါ်မှဆင်းကာပိုက်ဆံပေး၍ သင်တန်းရှေ့ကsuper market ဆိုင်လေးသို့သွားလိုက်သည်။မနက်စာမစားလာ၍ဗိုက်ကဆာနေလေပြီ။ စားချင်သောမုန့်ကိုရှာနေရတာနှင့်ပင်တော်တော်ကြာနေပြီဖြစ်သည်။ နောက်ဆုံးမတွေ့၍ပေါင်မုန့်နှင့်နို့တစ်ဘူးဝယ်ကာပြန်ထွက်လာလိုက်သည်။သင်တန်းရှေ့သို့ရောက်သော်အထဲဝင်မည်အလုပ် လက်ကိုဆွဲခံလိုက်ရပြီးတစ်ကိုယ်လုံးရင်ခွင်ကျယ်ကြီးတစ်ခုထဲသို့ရောက်သွားရသည်။တင်းကြပ်နေသောခံစားမှုနှင့်အတူ
ရနေကျကိုယ်သင်းနံ့လေးတစ်ခု ဒါကသူ၏ချစ်ရသူစျာန်ပါ သူအမြဲတမ်းမှတ်မိနေသောကိုယ်သင်းနံ့လေးပင်။ခွန်းသတစ်ယောက်အချိန်ကြာကြာတင်းကြပ်စွာအဖက်ခံထားရ၍အသက်ရှူ ပင်ကြပ်နေလေပြီ။

“ကို ကိုကို ကျွန်တော့်ကိုလွှတ် လွှတ်အုန်းလေ အသက်ရှူကြပ်နေပြီ”

“ထွက်သွားပြီထင်နေတာ” စျာန်တစ်ယောက်ခွန်းသအားခုချိန်ထိမလွှတ်ပေးသေးဘဲဖက်ထားရင်းပင် မျက်ရည်များကျနေမိသည်။

“ဟမ် ကျွန်တော်ကဘယ်ကိုသွားရမှာလဲ လွှတ်ပါအုန်း”ထိုအခါမှစျာန်က ခွန်းသအားလွှတ်လိုက်ကာ

“ကိုယ်မနက်ကမင်းကိုရှာတာမတွေ့လို့ ဘယ်လောက်စိတ်ပူနေလဲသိလား ထွက်သွားပြီထင်နေတာ” ခွန်းသ ပခုံးနှစ်ဖက်အားကိုင်ကာပြောနေသောစျာန်သည်သူကိုယ်တိုင်ပင်မသိ ဘဲမျက်ရည်တွေကျနေမိသည်။နောက်ဆုံး၌အသံပါတိမ်ဝင်သွားသည်။ ခွန်းသမှာ မျက်ရည်ကျနေသော စျာန့်အားသေချာကြည့်နေမိသည်။

“လာ ကိုယ်တို့ပြန်ကြမယ် ဒီနေ့သင်တန်းမတတ်နဲ့တော့”ပြောရင်းပင်ခွန်းသအားဆွဲခေါ်နေသာ စျာန်ပင်......

“ဟင် မရ မရဘူးလေ သင်တန်းရှိတယ်လေ”
ခွန်းသပြောနေသော်လည်းစျာန်ကတော့ခွန်းသလက်ကိုဆွဲကာ ကားပေါ်သို့ဝင်ခိုင်းလိုက်သည်။ကားမောင်းနေသောစျာန်အားခွန်းသက
“ကျွန်တော်အိမ်မှာနေရတာပျင်းတယ် မနေချင်ဘူး”
“ဒါဆိုကိုယ်နဲ့Companyလိုက်ခဲ့လေ” ခွန်းသမှာစျာန့်အားသေချာကြည့်နေမိသည်။

‘ကိုကိုဒီနေ့ထူးဆန်းနေတယ် ငါ့ကိုCompany ခေါ်သွားမယ်တဲ့လား ‘ ခွန်းသမှာ ငြိမ်နေ၍

“ခွန်း လိုက်မယ်မလားကိုယ်နဲ့”
“ဟင် အင်း လိုက်ပါ့မယ်” ခွန်းသအပြောကြောင့်စျာန်တစ်ယောက်ပြုံးလိုက်မိသည်။စျာန်လည်းကားကိုအိမ်သို့ပြန်မောင်းကာCompany သွားရင်ဝတ်တဲ့အဝတ်စားတွေပြန်လဲလိုက်သည်။မနက်ကအလျင်လိုနေလို့တွေ့ရာဟာကိုဝတ်လာ၍ဖြစ်သည်။ခွန်းသလည်းဖုန်းတစ်လုံးဘဲယူကာကားပေါ်၌ထိုင်စောင့်နေလိုက်သည်။စျာန်တစ်ယောက်အင်္ကျီလဲပြီးသည်နှင့်အိတ်ယူကာCompanyသို့ကားမောင်းထွက်ခဲ့သည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now