Ep 21

10.7K 599 9
                                    

Ep 21

မနက်ခင်း နေရောင်ခြည်နှင့်အတူပြတင်းပေါက်နားကကျေးငှက်လေးကလည်းတကျီကျီနဲ့အော်မြည်နေလေသည်။ ခွန်းသမှာ တစ်ကိုယ်လုံး ကိုက်ခဲနေသောဒဏ်နှင့်
နိူးလာပြီး မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်ရသည်။ ပြီးတာနဲ့ အနည်းငယ်ကိုက်နေသောနားထင်ကိုဖိရင်း ထရန်ပြင်လိုက်ချိန် ခါးမှတင်းကြပ်စွာဖက်ထားသောလက်တစ်စုံကြောင့်သိလိုက်ပါပြီဒါသူ့ရဲ့ကိုကိုဆိုတာ….. ခွန်းသလည်းလက်ကိုအသာလေးဖယ်ကာထမယ်လို့စိတ်ကူးလိုက်သည်။
ခွန်းသမှာ စျာန့်လက်ကိုအသာမကာ ထလိုက်ချိန်ရုတ်တရက် ဆွဲချခြင်းခံလိုက်ရသည်။ဆွဲချလိုက်သည်နှင့်တစ်ခါတည်းပင် ခွန်းသအားစျာန့်ကသူ့ဘက်လှည့်ဆွဲလှည့်ချလိုက်သည်။

"ဘယ်သွားမှာလဲ အစောကြီးရှိသေးတယ်"
"ကျွန်တော်မျက်နှာသစ်မလို့ပါ" ခွန်းသလည်းပြန်ဖြေကာထမလို့လုပ်ချိန်စျာန်ကပြန်ဆွဲထားသည်။

"နေကောင်းသွားပြီမလား"ပြောရင်းပင်ခွန်းသနံဖူးပေါ်သို့လက်က အလိုလိုကျရောက်သွားကာ....

"အွန်း......နေကောင်းသွားပြီ"စျာန်တစ်ယောက်သူ့ဘာသာမေးပြီးသူ့ဘာသာပြန်ဖြေနေလေသည်။ခွန်းသလည်း စျာန့်လက်မှရုန်းထွက်ကာ.....

"ဟို ကျွန်တော်ထတော့မယ် ကိုကိုအိပ်ချင်ရင်ဆက်အိပ်လေ" ပြောပြီးသည်နှင့်ခွန်းသထသွားဖို့ပြင်လိုက်သည်။စျာန်ကလည်းပြန်ဆွဲထားကာပြန်လှဲခိုင်းသည်။ဒီနေ့အဖို့လွတ်လမ်းမမြင်တော့၍ခွန်းသလည်းပြန်သာလှဲနေလိုက်တော့စျာန်က ခွန်းသအားတင်းကြပ်ဖက်ထားသည်။စျာန်သည်မျက်လုံးများမှိတ်၍ပင်ခွန်းသအား......

"ခွန်း ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်ညကကိစ္စကလေ ကိုယ်အရမ်းဒေါသထွက်သွားလို့ပါ"
"..........."

"ခွန်းကဖျားနေတာကိုကြမ်းပြင်မှာဆင်းအိပ်တော့ကိုယ့်ကိုရွဲ့နေတယ်မှတ်လို့ ကိုယ်ကဒေါသထွက်သွားတာပါ"
"ကျွန်တော်အဆင်ပြေပါတယ်" ခွန်းသဘာမှပြန်မပြောမိအဆင်ပြေတာဘဲလေ ကိုကိုက ကျွန်တော့်ကိုအနာပေးလိုက်ဆေးပေးလိုက်နဲ့လုပ်နေတာဘဲ။ညကရက်စက်တယ်အခုမနက်ကျတော့ကြင်နာပြတယ် ကျွန်တော်ကကိုကို့ကိုချစ်နေတဲ့သူပါ ကျွန်တော်အဆင်ပြေပါတယ်ကိုကိုရယ်။

"ဒါဆိုကိုယ်မျက်နှာသစ်ပေးမယ်နော် လာ"
"ရပါတယ်ကျွန်တော်ဘာသာလုပ်ပါ့မယ် ကျွန်တော်နေကောင်းနေပါပြီ"

"ဒါဆိုကိုယ်ချီမယ် လာ ထ"စျာန်က ခွန်းသအားချီ၍ရေချိုးခန်းထဲသို့ခေါ်သွားလေတော့ခွန်းသမှာ ပြောမရသည့်အဆုံး စျာန့်လည်ပင်းကိုဖက်ကာငြိမ်ငြိမ်လေးသာနေလိုက်ရသည်။ရေချိုးခန်းထဲ
တွင်စျာန်ကိုယ်တိုင်ခွန်းသအားသွားတိုက်ဆေး
ထည့်ပေးကာ တစ်ခါတည်းရေပတ်ပါတိုက်ပေးနေသည်။ကျွန်တော်ခွန်းကိုကောင်းကောင်းဆက်ဆံတော့မယ်။ဒါပေမယ့်.......
'ကျွန်တော်ကအတ္တကြီးတယ်'
...................................................................
မနေ့ကကိုကိုကအိမ်မှာဘဲနေ၍ကျွန်တော်စားချင်တာလုပ်ချင်တာကိုအကုန်လိုက်လျောပေးသည်။သင်တန်းကိုလည်းခွင့်တိုင်ပေးသည်။ဒီနေ့တော့ကျွန်တော်သင်တန်းသွားရတော့မည်။အများကြီးပျက်ရင်မကောင်းဘူးမလား။ပြီးရင်ဝေယံဆီကမှတ်ထားတာတွေပြန်ကူးရအုံးမည်။ဒီနေ့တော့စောစောသွားရမည်။ကိုကိုကတော့မသွားစေချင်ဘဲတစ်ရက်လောက်တောင်ထပ်နားခိုင်းနေသည်။

"ခွန်းကလည်းကွာ မသွားပါနဲ့ဆိုဒီနေ့လေးဘဲကို"
"ကျွန်တော် သက်သာနေပါပြီကိုကိုရဲ့ ပြီးတော့အိမ်ထဲမှာနေရတာအသက်ရှူမဝဘူး ပျင်းလည်းပျင်းတယ်"

"ဟူး.......အဲ့ဒါဆိုကိုယ့်ကိုယ်ကိုယ် ဂရုစိုက်အုန်းနော်ထပ်မဖျားစေနဲ့ ညနေကိုယ်လာကြိုမယ်သိလား"
"အွန်းဒါဆိုသွားမယ်လေ "

ခွန်းသလည်းပြောပြီးတာနဲ့ အိမ်ရှေ့သို့အရင်ထွက်သွားလိုက်သည်။ဒီနားမှာဆက်နေရင် ဆက်အပွားခံရတော့မှာကိုသိနေ၍ပင်။


သင်တန်းရှေ့သို့ရောက်သော်......
" ခွန်း ကောင်းကောင်းနေခဲ့နော် ကိုယ်သွားပြီ"
"ဟုတ်ကဲ့" စျာန်နဲ့ပြောအပြီးအပေါက်ဝသို့အဝင်ဝေယံနဲ့တွေ့တော့……

"ခွန်းသ မင်းကလည်းငါ့ကိုပစ်ထားလိုက်တာကွာ ငါ့မှာမင်းမရှိလို့ပျင်းနေတာ" မျက်နှာစူပုပ်၍ပြောနေသောသူငယ်ချင်းလေးအား.......

"ငါကနေမကောင်းလို့ပါကွာ မင်းကိုပစ်မထားပါဘူး"
"အင်းပါ အခုရောပျောက်ပြီလား"
"အင်းပျောက်ပါပြီ"
"ဘာလဲ အသက်လား...."ဝေယံက ခွန်းသအားရုပ်တည်ကြီးနှင့်စနေလေသည်။

"ဟာ မင်းသာအသက်ပျောက်မှာကွ ခွေးကောင်"
"အဲ့ဒါဆိုမင်းလည်းခွေးသူငယ်ချင်းဘဲပေါ့ လာ သွားမယ်"
ခွန်းသနှင့်ဝေယံတို့နှစ်ယောက် စနောက်ပြီးအခန်းထဲသို့ဝင်သွားကြသည်။ တစ်နေကုန်သင်စရာရှိတာသင်ကာ ညနေပိုင်းတွင် ခွန်းသနှင့်အတူကားအလာကိုစောင့်နေကြသည်။

"ခွန်းသ ငါမင်းကိုပြောဖို့မေ့နေတာ"
"ပြောလေ"

"သန်ဘက်ခါ ငါ့အကိုပြန်လာပြီသိလား"
"ဟုတ်လား"

"အေး ဒီတစ်ခါနည်းနည်းကြာမယ်ကွဒီမှာ သူစားသောက်ဆိုင်ဖွင့်ရင်ဖွင့်မလို့တဲ့လေ မြေကွက်ရှာမယ်ဆိုလားဘဲ"
"အော် ကောင်းတာပေါ့ကွဒီမှာဘဲနေပြီး ဟိုမှာပြန်မနေရတော့ဘူးပေါ့ "

"အင်း ငါလည်းအဲ့လိုမျိုးသဘောကျတယ်"
"ဒီမှာကျတော့မိသားစုနဲ့ပိုကောင်းတာပေါ့"
ခွန်းသနဲ့ဝေယံတို့စကားပြောနေချိန် စျာန်ရဲ့ကားလေးကရောက်လာလေသည်။ခွန်းက ကားရောက်လာသည်နှင့်......

"ငါသွားပြီဝေယံ မင်းတစ်ယောက်တည်းဖြစ်ရဲ့လား"
"ရပါတယ် ဖြစ်တယ် မင်းသာကောင်းကောင်းပြန်"
"အင်း ဒါဆိုငါသွားပြီနော်"

စျာန်က ခွန်းသနှင့်သူ့ဘေးနားကတစ်ယောက်အားကြည့်၍မျက်မှောင်ကြုတ်နေမိသည်။ခွန်းသကားပေါ်ရောက်သည်နှင့်စျာန်လည်းမောင်းထွက်ခဲ့ကာ

"ခွန်းလေး ခုနကကောင်ကဘယ်သူလဲ ဘာလို့စကားတွေအများကြီးပြောနေကြတာလား"
"ဪ....သူကဝေယံတဲ့ ခွန်းသူငယ်ချင်းပါ ရိုးရိုးသားသားခင်တာပါကိုကိုရဲ့"
အဲ့တော့မှစျာန်လည်းမသိမသာမျက်နှာပြန်ပြုံးလာသည်။ကျွန်တော်ကတော့ကိုကိုသဝန်တိုနေတာတွေကြိုက်တယ်။ချစ်ရင်သဝန်တိုတယ်တဲ့ အဲ့ဒါကြောင့် ကိုကိုသဝန်တိုရင်ပျော်မိတယ်။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now