Ep 6

13.2K 720 1
                                    

Ep 6
ကျောင်းကိုရောက်သည်နှင့်ငွေနှင်းရဲ့ သူငယ်ချင်းသုံးယောက်က ငွေနှင်းဆီသို့ရောက်လာကြသည်။
“ ဟဲ့ငွေနှင်း ငါတို့ကနင့်ကိုစောင့်နေကြတာနင်ကလည်းနောက်ကျလိုက်တာ”
“ဟီးဟီးငါအိပ်ယာထနည်းနည်းလေးနောက်ကျသွားလို့ပါဟ နင်တို့ကလဲ”

“ဟုတ်ပါပြီ ဒါပေမယ့်ဒီဆင်ခြေကြီးကရိုးနေပါပြီနော်”
“အဲ့ဒါဆိုဘာလို့မေးနေသေးလဲ”
“ပြောမိတဲ့ငါတို့အမှားပါနော်”

“ဪ.... ဒါနဲ့ငါနင်တို့ကိုငါ့ကိုကိုနဲ့မိတ်ဆက်ပေးမယ်”
“ဒါကငါ့အစ်ကိုအရင်း စျာန်ထက်ပိုင်တဲ့ ကိုကိုဒါက ညီမလေးသူငယ်ချင်းတွေ သူကချယ်ရီ သူက ကသစ် သူကတော့ဆက်ခွန်းသတဲ့”
“ဟုတ်တွေ့ရတာဝမ်းသာပါတယ် ညီမလေးတို့ ဒီကညီရောဘဲ”
“ဟုတ်ညီမတို့လဲတွေ့ရတာဝမ်းသာပါတယ်အကို”
ကျန်နှစ်ယောက်ကနှုက်ဆက်နေပေမယ့်ဆက်ခွန်းသဆိုတဲ့ကောင်လေးကတော့မနှုက်ဆက်ဘဲဒီတိုင်းသာနေနေသည်။
စျာန်လည်း သူ့ညီမရဲ့သူငယ်ချင်းတွေအား......
“နောက်ဆိုအိမ်လာလည်လေကျောင်းပိတ်ရက်ကျရင်အခုတော့အကို့ကိုခွင့်ပြုပါအုန်း”
“ဟုတ်အကိုကောင်းကောင်းသွားပါ”

“ ခွန်းလေး အကိုသွားပြီနော်”
“ဟမ် ဟုတ် ဟုတ်ကဲ့”
“ညီမလေးကိုကိုသွားပြီနော်ကောင်းကောင်းနေခဲ့နော်”
“ဟုတ်ကိုကို”

စျာန်တစ်ယောက် ညီမလေး သူငယ်ချင်းဆိုတဲ့သူတွေနဲ့နှုက်ဆက်ပြီးနောက် Company သွားရန်ကားထဲသို့ဝင်ခဲ့လိုက်သည်။
ကားထဲဝင်ပြီးကျောင်းဘက်သို့တစ်ခဏတော့လှည့်ကြည့်မိလိုက်သည်။ ညီမလေး ရဲ့သူငယ်ချင်းဆက်ခွန်းသဆိုတဲ့ကောင်လေးကရယ်မောနေလိုက်တာများ….ဘာတွေပြောနေလို့လဲမသိ ခုနကသူနဲ့မိတ်ဆက်တုန်းကနဲ့တခြားဆီပါ။
ဘယ်လိုဘဲဖြစ်ဖြစ်သူလေးကချစ်ဖို့ကောင်းသည်။ ကိုယ်မင်းကိုမြင်မြင်ချင်းသဘောကျမိသွားပြီထင်တယ်ကလေးလေးရာ ကားမောင်းရင်း အဲ့ကလေးလေးအကြောင်းဘဲတွေးနေမိတယ် ဘယ်လိုလေးတောင်ချစ်ဖို့ကောင်းရတာလဲကွာ။ ကိုယ့်ပါးစပ်ကမြင်မြင်ချင်းသူစိမ်းတစ်ယောက်ကိုခေါ်မိတဲ့နာမ်စားလေးက”ခွန်းလေး”တဲ့

ခွန်းသမှာသူငယ်ချင်းတွေနဲ့ဟာသတွေပြောနေရင်းခေါင်းထဲသို့အတွေးတစ်ခုကဝင်လာခဲ့သည်။
ခုနကငွေနှင်းအကိုဆိုတဲ့သူက တော်တော်ချောတာဘဲ။ ရုပ်ရည်ကဘာမှကိုပြောစရာမရှိ။ကျွန်တော့်ကိုခေါ်တာကလဲ ခွန်းလေးတဲ့ အခုမှသိတဲ့သူကို သူ့ဘာသာ nicknameတွေပေးနေတယ်။
‘ဘယ်လိုလူလဲ’ ခွန်းသလည်းသူ့အကြောင်းမစဉ်းစားတော့ဘဲ ငွေနှင်းတို့နဲ့သာကန်တင်းထဲဝင်လိုက်တော့သည်။

‘ဘယ်သူသိမလဲ အဲ့အချိန်ထဲကနှစ်ယောက်လုံးရဲ့ရင်ထဲမှာကိုယ်စီ ချစ်ခြင်းလေးတွေနဲ့ဆိုတာ’
…………………………………..…………………..
“ကိုကို morning”
“ဟာ ငါ့ညီမလေးဒီနေ့စောစောစီးစီးနိုးနေတာလား” “ဟုတ်တယ်ကိုကိုရဲ့ဒီနေ့စောစောနိုးတယ်လေ”
“ကြီးချို ကော်ဖီ ပြင်ပေးပါအုန်းကိုကို့အတွက်”
“အေးအေးသမီးလေး”
“ကိုကို ဒီနေ့ကျောင်းပိတ်လို့ ညီမလေးသူငယ်ချင်းတွေနဲ့ချိန်းထားတယ်အဲ့တာကိုကိုလိုက်ပို့နော် ကိုကိုလည်းနားမှာလေ နော် ကိုကိုနော်”

“ညီမလေးကဘယ်သွားမို့လဲ”စျာန်ကထိုင်ခုံတွင်ဝင်ထိုင်ရင်းမေးလိုက်တော့......
“ရုံရှင်သွားကြည့်မို့လေ ကိုကိုလိုက်ပို့နော် “
“အင်းပါ အဲ့ဒါကြောင့်ဒီနေ့စောစောစီးစီးနိုးနေတယ်ဆိုပါတော့ ဟုတ်လား”
“ဟီးဟီး ဟုတ်တယ်ကိုကို”ထိုအချိန်စျာန်ကကြီးချိုပြင်ပေးသောကော်ဖီကိုသောက်လိုက်ရင်း........

“ဒါနဲ့ဘာကားကြည့်မလို့လဲ”
“အဲ့ဒါတော့ဟိုရောက်မှ တိုင်ပင်ကြမှာကိုကိုရဲ့ ဘယ်ကားရယ်လို့တော့မရွေးရသေးဘူး ဒီတိုင်းပျင်းလို့သွားကြည့်ကြမှာ”

“အင်းပါ ဒါဆိုပြီးရင် ကိုကိုအဝတ်စားတက်လဲလိုက်အုန်းမယ်ခန စောင့်နေနော်”
“ဟုတ်ကိုကို”

ခဏအကြာစျာန်လည်းအောက်ဆင်းလာကာ....
“ညီမလေးရေ ကိုကိုပြီးပြီ သွားကြမယ်”
“အမယ် ငါ့အကိုကချောနေတာဘဲ” ရှပ်အဖြူနှင့် စတိုင်ဘောင်းဘီအသားရောင်ကိုတွဲဝတ်ထားသောစျာန်အားညီမဖြစ်သူကမြှောက်ပြောနေလေသည်။

“မမြှောက်လဲလိုက်ပို့မှာပါနော်လာ သွားမယ်”
“ဟီးဟီး တကယ်ချောလို့ပြောတာကို”
နှစ်ယောက်သားကားထဲဝင်လိုက်သည််နှင့်

“ခါးပတ် ပတ်အုန်းနော်”
“ဟုတ်ကိုကို”

“ကိုကိုပါ လိုက်ပို့လက်စနဲ့ကြည့်လိုက်ပါလားဟင်”
“မကြည့်တော့ပါဘူးညီမလေးသာအေးဆေးကြည့်ခဲ့ဟုတ်ပြီလား”

“ကိုကိုကလဲကြည့်လိုက်ပါဆိုနေမှ”
“ကိုကိုအလုပ်တွေရှိသေးတယ်လေ ဒီနေ့ပိတ်ရက်လေးမှာအလုပ်တွေလက်စသတ်ချင်လို့ပါ”
“အဲ့ဒါဆိုလဲပြီးရော ဟွန့်”နှုက်ခမ်းဆူသွားသောညီမဖြစ်သူအားကြည့်ကာစျာန်လည်းပြုံးလိုက်မိသည်။သူလိုချင်တာမရရင်ကလေးလိုစိတ်ကောက်တတ်တဲ့အကျင့်ကပျောက်ကိုမပျောက်တာ။

ရုံရှင်ရုံရှေ့သို့အရောက်ငွေနှင်းလည်း သူငယ်ချင်းတွေကိုဖုန်းခေါ်လိုက်သည်။

တီ....တီ....တီ....

“ဟဲ့ငါရောက်နေပြီနော် နင်တို့ကရော”
“ငွေနှင်းရေ ငါတို့ကလာနေပြီခဏလေး”

ခဏအကြာ သူငယ်ချင်းတွေရောက်လာပြီး ငွေနှင်းကိုတွေ့တာနဲ့......

“ဟဲ့ ငွေနှင်း ဪ အကိုလည်းပါလာတာလား”
“အေးဟုတ်တယ်”ငွေနှင်းက ချယ်ရီရဲ့အမေးကိုဖြေလိုက်ကာ နောက်ကိုကြည့်လိုက်ပြီး......

“ဟဲ့ဒါနဲ့ ကသစ်ရောသူမပါဘူးလား”
“သူကဒီနေ့သူ့အမျိုးတွေရောက်နေလို့တဲ့လာခါနီးမှမလိုက်ဖြစ်တော့ဘူး အဲ့ဒါကြောင့်ငါနဲ့ ခွန်းသနဲ့ဘဲလာလိုက်တာ”ချယ်ရီက ငွေနှင်းရဲ့အမေးကိုပြန်ဖြေကာ အခုချိန်ထိရပ်နေသောစျာန်ကြောင့်......

“အကိုရောညီမတို့နဲ့အတူတူ ကြည့်မှာလား”
“ငါ့အကိုကမကြည့်ဘူးဟ သူကအလုပ်ရှိ.........”
“အင်းကြည့်မှာလေ ကြည့်မှာ”

ငွေနှင်းစကားတောင်မဆုံးသေး ရုတ်တရက်ဖြတ်ပြောလာသောအကိုဖြစ်သူကြောင့်ငွေနှင်းမှာတော့ကြောင်တောင်တောင်လေးသာ.....

“ကိုကိုခုနပြောတော့ အလုပ်တွေလက်စသတ်မလို့ဆိုအခုကျတော့......”
“ဪ ညီမလေးကိုပြန်လာခေါ်ရအုံးမှာလေ အဲ့ဒါကြောင့်တစ်ခါတည်းဘဲ ညီမလေးနဲ့အတူတူ ကြည့်လိုက်တော့မယ် “
“ဪ အင်း အဲ့ဒါလည်းကောင်းတာဘဲ”ငွေနှင်းလည်းသူ့အကိုပြောသည်ကိုခေါင်းသာညိတ်လိုက်မိသည်။
အစကမကြည့်ချင်ပါဘူးဒါပေမယ့် အဝေးကလာတဲ့အရိပ်ကလေးကိုမြင်မှအလာတုန်းက မကြည့်ဘူးငြင်းခဲ့တာကိုနောင်တရမိတယ်။
အဲ့ဒါကြောင့်ချယ်ရီအမေးကိုညီမလေးစကားမဆုံးခင်အမြန်ပြန်ပြောလိုက်တာညီမလေးကတော့ကြောင်တောင်တောင်လေးနဲ့ ဟိုအကောင်ပေါက်လေးကတော့အခုချိန်ထိဘာမှကိုဝင်မပြောသေးကိုယ်ကသာသူနဲ့နီးစပ်ချင်လို့ပြောနေရတာသူကတော့လူကိုတောင်ရှိတယ်လို့မထင်ပါဘူး။

“ဒါဆိုငါတို့လက်မှတ်သွားဝယ်ရအောင်”
“သွားဝယ်မယ်လေ”
လေးယောက်သားလက်မှတ်ရောင်းတဲ့နေရာတွင်
“ညီမလေးတို့က လက်မှတ်ဝယ်နှင့် ကိုကိုနဲ့ခွန်းလေးကမုန့်သွားဝယ်လိုက်မယ်
“ဟုတ်ကိုကိုအအေး ပါဝယ်ခဲ့နော်”
“အင်း လာခွန်းလေးအကိုနဲ့မုန့်သွားဝယ်ရအောင် လိုက်ခဲ့နော်”
“ဟုတ်” ချယ်ရီတို့လက်မှတ်ဖြတ်တဲ့နေရာတွင်....

“အမ ညီမတို့ကိုလက်မှတ်လေးဆောင်လောက်”
“ညီမလေးတို့လတ်မှတ်က အတွဲခုံတွေဘဲရှိတော့တယ်”
“ဟဲ့ဘယ်လိုလုပ်မလဲ အတွဲခုံတွေကြီးဘဲတဲ့”
“အာ...ဘာဖြစ်လဲငါတို့က လေးယောက်၂ယောက်စီထိုင်မှာဘဲကိုအရေးကြီးတာကြည့်ရဖို့”

“အင်းဒါဆိုဝယ်လိုက်မယ်နော်”
“အမအတွဲခုံပဲပေးပါတော့”

လက်မှတ်ယူပြီးချိန်တွင်စျာန်တို့ရောက်လာ၍
“ကိုကိုမုန့်တွေပါလာပြီလားအအေးရော”
“ပါပါတယ်ကွာရော့ညီမလေးတို့အတွက် ဒါနဲ့ဘာကားကြည့်မှာလဲ “
“သရဲကားလေ”ခွန်းသမှာတစ်ချိန်လုံးငြိမ်နေသမျှသရဲကားဆိုတဲ့အသံကြောင့်မျက်လုံးတို့ပြူးသွားလေသည်။

“ဟင်နင်တို့ကသရဲကားကြည့်မလို့လား”
“ဟုတ်တယ်လေ ခွန်းသရဲ့ ဘာလဲနင်ကြောက်လို့လား”

“ဟမ် မ မကြောက်ပါဘူး”
“အေးအဲ့ဒါဆိုလဲပြီးရော ဪ ဒါနဲ့ခုံကအတွဲခုံဘဲရှိတော့တယ်တဲ့ကိုကို”
“ဟုတ်လား”

“အဲ့ဒါဆိုအကိုနဲ့ငွေနှင်းက နှစ်ယောက်ထိုင်လိုက်လေ”
“ ဪရပါတယ် အကိုနဲ့ ခွန်းသ ထိုင်လိုက်မယ် ညီမနဲ့ အကို့ညီမလေးကတူတူထိုင်လေ မိန်းကလေးအချင်းချင်းဆိုတော့ကောင်းတာပေါ့”

“အင်း အဲ့ဒါဆိုအထဲဝင်မယ်လေ ရုပ်ရှင်ကစတော့မယ်”
“အင်းသွားကြတာပေါ့”စျာန်တို့လေးယောက်သားရုံထဲသို့ဝင်ခဲ့ကြပြီး ခွန်းသ ကတော့ငယ်ငယ်လေးထဲကမမြင်ဖူးတဲ့သရဲကိုမှကြောက်တတ်နေသည်။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now