Ep 54

9.3K 383 6
                                    

Ep 54

အချိန်ကည၈နာရီဖြစ်နေ၍ခွန်းသမှာအိမ်ပြန်ဖို့အတွက်ပစ္စည်းတွေသိမ်းနေလေသည်။ထည့်စရာရှိတာထည့်ပြီးအိတ်ယူပြီးသည်နှင့်တေဇဆီသို့သွားကာ

“အကိုတေဇကျွန်တော်ပြန်တော့မယ်နော်”
“အင်း အကိုလိုက်ပို့ရမလားညီ” ထိုအခါခွန်းသ ကခေါင်းခါ၍

“ရတယ်အကိုကျွန်တော့်ဘာသာဘဲပြန်တော့မယ်နီးနီလေးဘဲကို”
“အင်းပါ ဒါဆိုကောင်းကောင်းသွား ထမင်းစားသွားရဲ့လား”

“အိမ်ရောက်မှဘဲစားတော့မယ်အကို ကျွန်တော်သွားပြီ”

ခွန်းသလည်းတေဇကိုနှုက်ဆက်ပြီးအိမ်ပြန်လာတဲ့လမ်းတွင်ကားတစ်စီးကနောက်ကလိုက်လာ၍ မကောင်းတဲ့လူတွေထင်ကာလမ်းကိုအမြန်လျှောက်နေလေသည်။ခွန်းသမှာအမြန်လျှောက်နေရင်းကားသံမကြားရတော့၍အနောက်သို့လှည့်ကြည့်လိုက်ချိန်

“အ အမယ်လေး ဟင် ခ ခင်ဗျား”
“ကလေး လန့်သွားတာလားSorryပါ ကလေးနဲ့အတူတူလမ်းလျှောက်ချင်လို့ကားရပ်လိုက်တာ”

အခုမှလမ်းတောက်လျှောက်လိုက်လာသောကားပိုင်ရှင်ကိုခွန်းသ သိတော့သည်။ခွန်းသလည်းစျာန့်ရှေ့တွင် မျက်နှာကိုတည်တင်းထားကာ

“ခင်ဗျားနဲ့အတူတူလျှောက်မယ်လို့ပြောမိလို့လား”
“မပြောပေမဲ့ ကိုကိုကအတူတူလျှောက်မလို့လေ ကလေးရဲ့”

“ဘာ!!! ဘာကိုကိုလဲကျွန်တော်တို့ဇာတ်လမ်းကပြီးသွားပြီ ကျွန်တော်နဲ့မပတ်သတ်ပါနဲ့ပြီးတော့အဲဒီ အသုံးနှုန်းကိုလည်းမသုံးနဲ့”
“ကိုယ့်ကိုရှင်းပြခွင့်တော့ပေးပါကွာ” စျာန့်အပြောကြောင့်ခွန်းသကသက်ပြင်းချလိုက်ကာ

“ရှင်းပြလည်းဘာမှမထူးဘူး ကျွန်တော်ခင်ဗျားနဲ့ပတ်သတ်ရင်နာကျင်ရတယ်ပြီးတော့ကျွန်တော်တို့ကကွာရှင်းပြီးသားပါ”
“ကိုယ်တို့ကအခုထိမကွာရှင်းရသေးဘူးနော်ကလေးဘက်ကဘဲလက်မှတ်ထိုးခဲ့တာကိုယ့်ဘက်ကလက်မှတ်မထိုးရသေးဘူး ပြီးတော့အဲ့စာချုပ်လည်းမရှိတော့ဘူးအဲ့နေ့ထဲကဆွဲဖြဲလိုက်ပြီ”

ဘာမှမပြောဘဲရှေ့ကိုဘဲဆက်လျှောက်နေသောခွန်းသအားစျာန်ဘေးကနေကြည့်ကာ

“ကလေး အဲ့နေ့ကကိုယ်ဆေးခတ်ခံလိုက်ရလို့မူးသွားတာပါပြီးတော့သူနဲ့လည်းဘာမှမဖြစ်ခဲ့ပါဘူး အခုသူက
ဆေးမှုနဲ့ထောင်ကျနေတာဘယ်ချိန်လွတ်မလဲတောင်မသိဘူးပြီးတော့လေကိုယ့်ညီမငွေနှင်းနဲ့ကလေးနဲ့ဘာမှမပတ်သတ်ခဲ့ဘူးဆိုတာလည်းကိုယ်သိပြီးပါပြီခွန်းကို
ကိုယ်တောင်းပန်ပါတယ်နော်အဲ့နေ့ကလည်းကိုယ်ကထူပူနေတော့ကလေးကိုရှင်းပြဖို့ခဲယဉ်းနေလို့ပါကွာ ဒီတစ်ခါတော့ကိုကို့ကိုထားမသွားပါနဲ့ကလေးရယ် နော်”

ဘေးကနေ သာလိကာလိုစကားများနေသောစျာန့်ကိုခွန်းသမျက်စောင်းထိုးလိုက်ကာ

“ခင်ဗျားပြောလို့ပြီးပြီလား”
“ဟင် အင် အင်း”

“ပြီးရင်ဖယ် ကျွန်တော်အိမ်ထဲဝင်မလို့”
ခွန်းသဘေးကနေ စကားတွေတ တွတ်တွတ်ပြောရင်း လျှောက်လာတာ ခွန်းသ အိမ်ရှေ့ကိုတောင်ရောက်နေပြီဖြစ်သည်။
ခြံရှေ့ကနေပိတ်ရပ်နေသောစျာန့်အားခွန်းသကတွန်းထုတ်လိုက်ကာခြံတံခါးဖွင့်၍အိမ်ထဲဝင်သွားသည်။စျာန်လည်းခွန်းသနောက်ကလိုက်ဝင်တော့ဧည့်ခန်းထဲ၌ ဦးလေးအရွယ်လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။ခွန်းသဦးလေးနှစ်ယောက်ကအနောက်ကစျာန့်ကိုမြင်တော့

“တူလေးဧည့်သည်ပါလာတာလား”
“ဟင် ခ ခင်ဗျားဘာလိုက်လုပ်တာလဲ”

“ကလေးနောက်ကိုလိုက်လာတာလေ”
“တူလေး ဒါက.....” ခွန်းသမှာသူ့ဦးလေးရဲ့အမေးကြောင့်ဘာဖြေရမှန်းမသိချိန်စျာန်က

“ကျွန်တော်နာမည်ကစျာန်ထက်ပိုင်ပါ ခွန်းသရဲ့ တရားဝင်ခင်ပွန်းလောင်းပါ”
“ဟင် ခ ခင်ဗျားဘာတွေပြောနေတာလဲ” ထိုအခါမှခွန်းသဦးလေးနှစ်ယောက်ကသဘောပေါက်သွား၍

“ဪမင်းက လေးလေးတူပြောတဲ့ စျာန်ထက်ပိုင်ဆိုတာပေါ့”
“လေးလေးတို့က ကျွန်တော့်ကိုသိလို့လားဗျ” စျာန်အမေးကိုခွန်းသဦးလေးက

“အင်း သိတယ်မင်းဆီကထွက်လာပြီးလေးလေး
ဆီကိုလာခဲ့တာတစ်ပတ်လောက်ဘာမှလည်းမစားမသောက်ဘူးမျက်နှာလည်းမကောင်းလို့မေးလိုက်တော့မင်းနဲ့သူ့ရဲ့အကြောင်းစုံကိုပြောပြတာဘဲ အဲ့ဒါကြောင့်ဦးကမင်းကိုသိနေတာပါ”

“ကျွန်တော်အဲ့ဒီအတွက်တောင်းပန်ပါတယ်လေးလေးကျွန်တော်အဲ့နေ့ကလုပ်ကြံခံလိုက်ရတာပါ”

ထိုအခါခွန်းသဦးလေးကပြုံးလိုက်ကာ

“အဲ့ဒါတွေလေးလေးအကုန်သိပြီးပါပြီ”ထိုအခါဦးလေးဖြစ်သူရဲ့စကားကြောင့်ခွန်းသပါအံ့သြ သွားကာ

“လေးလေးကဘယ်လိုသိတာလဲ”
“ကိုယ့်တူနဲ့ပတ်သတ်နေတဲ့သူဘဲ နောက်ကြောင်းတော့စုံစမ်းရတာပေါ့”ဦးလေးဖြစ်သူက ပြောနေပေမယ့်ခွန်းသကတော့ခေါင်းငုံ့နေကာ

“လေးလေးနာမည်ကသူရိန်ဦးပါဒါကတော့ လေးလေးရဲ့ခင်ပွန်းလောင်းစစ်နိူင်တဲ့ မင်းလိုဘဲလိင်တူပဲပေါ့ကွာ”
“ဟုတ်ကဲ့ လေးလေး” စျာန်ကပင်ထပ်၍

“ကျွန်တော်အခုဒီကိုအလုပ်ကိစ္စနဲ့လာတာပါ ပြီးတော့ကျွန်တော်ခွန်းလေးကိုပြန်ခေါ်သွားချင်ပါတယ်လေးလေး”

စျာန့်စကားကြောင့်ခွန်းသမျက်လုံးလေးပြူးကာ
“ဟင် ဘာလို့လိုက်ရမှာလဲ မလိုက်ပါဘူး” ထိုအခါစျာန်ကမျက်နှာညှိုးသွားကာ......

“ကလေးရယ် ကိုယ်တို့ကမကွာရှင်းရသေးဘူးလေ ပြီးတော့ကိုယ်ကလေးကိုမခွဲနိူင်ဘူး ပြန်လိုက်ခဲ့ပါနော်”စျာန့်အပြောကို ခွန်းသဦးလေးကသူ့တူဘက်သို့လှည့်ကာ

“တူလေးလည်း မောင်စျာန်ထက်ပိုင်ကိုချစ်နေသေးတယ်မလား လေးလေးသိပါတယ်လိုက်သွားလိုက်ပါ” အခုမှစျာန်တစ်ယောက်ပျော်သွားကာခွန်းသဆီကအဖြေကိုစောင့်နေလေသည်။
သို့ပေမယ့်ခွန်းသ ကခေါင်းခါလိုက်ကာ......

“ကျွန်တော်ထပ်ပြီးမနာကျင်ချင်တော့ဘူး”
“အခုချိန်ကစပြီးကလေးမနာကျင်ရဘူး ကိုယ်ကတိပေးပါတယ် ကိုယ်နဲ့ပြန်လိုက်ခဲ့နော်”

ခွန်းသတစ်ချက်စဉ်းစားကာသူ့လေးလေးဘက်သို့လှည့်လိုက်တော့သူရိန်ကပြုံးပြကာခေါင်းညိတ်ပြ၍

“ဟုတ်ကဲ့ ကျွန်တော်ပြန်လိုက်ခဲ့ပါ့မယ်” အခုမှ
စျာန်တစ်ယောက်ပျော်သွားကာမျက်ရည်ပင်ကျမိသွားသည်။စျာန်က ခွန်းသအားဖက်လိုက်ကာ

“ကျေးဇူးတင်ပါတယ် ကိုယ့်ကိုယုံကြည်ပေးလို့လေးလေးကိုလည်းကျေးဇူးတင်ပါတယ် ကလေးကိုကျွန်တော့်လက်ထဲပြန်ထည့်ပေးလိုက်လို့”စျာန့်အပြောကြောင့်
ခွန်းသဦးလေးကပြုံးလိုက်ကာ

“ရပါတယ် ဒါမဲ့နောက်တစ်ခါဒီလိုအခြေအနေနဲ့ထပ်ဆုံရရင်တော့လေးလေးကခွန်းလေးကိုတစ်သက်လုံးပြန်ခေါ်ထားရလိမ့်မယ်”
“ဟုတ်ကဲ့ပါ ကျွန်တော်ကတိပေးပါတယ်”ထိုအခါခွန်းသလေးလေးက

“ဒီနေ့ညတော့ဒီမှာဘဲတည်းလိုက်တော့”
“ကျွန်တော်အခန်းမှာပြင်ဆင်စရာတွေရှိသေးလို့ မတည်းတော့ဘူးလေးလေး
ပြီးတော့အလုပ်နဲ့လာတာဆိုတော့လေ ဒီညတော့ခွန်းလေးကိုလေးလေးတို့နဲ့ထားခဲ့ပါ့မယ်ကျွန်တော်မနက်လေယာဉ်ချိန်အမှီလာခေါ်ပါ့မယ်”
“အင်း ဒါဆိုလည်းကောင်းပါပြီ” စျာန်ကခွန်းသဘက်အားလှည့်ပြီးပြုံးပြလိုက်ကာ

“ကိုယ်မနက်လာခေါ်မယ်နော် ကိုယ်စီစဉ်စရာလေးတွေရှိသေးလို့ ကိုယ်သွားပြီနော်”
“ဟုတ်ကဲ့”

စျာန်တစ်ယောက်ခွန်းသအားပြုံးပြလိုက်ကာခြံထဲမှထွက်သွားသည်။ပြီးတာနဲ့လေးလေးတို့လည်းနားတော့ဟုဆိုကာခွန်းသအားအပေါ်တက်စေလိုက်သည်။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now