Ep 37

8.2K 441 8
                                    

Ep 37

ဒီနေ့ကျွန်တော်တို့ဝေယံတို့အိမ်မှာမုန့်လုပ်စားမယ်ဆိုသောကြောင့်၆နာရီခွဲလောက်ထဲကအိပ်ယာထရမည်။ဘာလို့ဆိုစျေးသွားပြီးလိုအပ်တာတွေနည်းနည်းဝယ်ရမည်မို့လို့ပင်။အိပ်ယာထခါနီးခွန်းသမှာအမြဲတမ်းခါးပေါ်ကလက်တစ်စုံကိုဖယ်ရသည်။ကိုကိုကအိပ်တိုင်းကျွန်တော့်ခါးကိုခပ်တင်းတင်းဖက်ကာသူ့ရင်ခွင်ထဲထည့်၍အိပ်တတ်သည်။ဒီနေ့တော့ကိုကို့ကိုမနှိုးတော့ပါ။ခွန်းသလည်းလက်ကိုဖယ်ကာဖြည်းဖြည်းလေးထမလို့လုပ်တုန်းပြန်ဖက်ထားသောလက်တစ်စုံ......

“ကလေးဘယ်သွားမလို့လဲအစောကြီးရှိသေးတာကိုပြန်အိပ်လေ”
“ဒီနေ့ဝေယံတို့အိမ်မှာမုန့်လုပ်စားမှာလေ” ခွန်းသအပြောကိုစျာန်ကမျက်လုံးမဖွင့်ဘဲ

“အဲ့တာဘာဖြစ်လို့လဲ”
“အဲ့တာလိုတာတွေလည်းဝယ်ရမှာပေါ့စောစောထပြီးသူတို့ကိုဖုန်းဆက်ပြီးတစ်ခါတည်းဝင်ဝယ်မလို့လ”ထိုအချိန်ကျမှစျာန်ကမျက်လုံးဖွင့်ကာ

“ကလေးပင်ပန်းနေမယ် ကိုယ်တစ်ယောက်ယောက်ကိုခိုင်းလိုက်မယ်လေ”
“ရပါတယ် ကျွန်တော်တခါတည်းဝယ်ပြီးသူတို့ဆီကိုတခါတည်းသွားမှာ ပြီးရင်ချယ်ရီကိုလည်းခေါ်ရအုန်းမှာ”
ထိုအခါစျာန်က

“ကလေးကလည်းကွာ အစောကြီးကိုကိုယ်လိုက်ပို့မယ်နော်အခုတော့အိပ်တော့”ဟုဆိုကာခွန်းသအားပြန်ဆွဲကာရင်ခွင်ထဲထည့်ထားလိုက်သည်။ခွန်းသလည်းကလေးလိုရစ်နေသောစျာန့်ကိုမနိူင်တော့၍ရေချိုးခန်းဝင်မည့်အရေးတော်ပုံအားနောက်ဆုတ်ကာကုတင်ပေါ်၌သာပြန်အိပ်ရတော့သည်။

မနက်ပိုင်း ၇နာရီကျော်မှစျာန်နှင့်ခွန်းသတို့ပြန်နိူးကြသည်။ခွန်းသရေချိုးခန်းအမြန်ဝင်ကာဝေယံ့ကိုဖုန်းဆက်၍လိုအပ်တာဝယ်ဖို့ပြောတော့နောက်မှအေးဆေးဝယ်မယ်ဟုပြောလာ၍

‘ဘာလဲကိုယ်ဘဲတတ်ကြွတဲ့ကြက်ဖဖြစ်နေတာလား’ ဟုတောင်ပြန်တွေးရသည်။စျာန်ကခွန်းသ
နှင့်ချယ်ရီအားဝေယံ့အိမ်ကိုပို့ပေးပြီးမှCompanyကိုတန်းသွားလိုက်သည်။

ခွန်းသတို့နှစ်ယောက်ဝေယံတို့အိမ်ရောက်တော့ခြံစောင့်ကတံခါးလာဖွင့်ပေးသည်။ဝေယံတို့မိဘတွေကခရီးသွားလုပ်ငန်းလုပ်တော့ အိမ်တွင်သိပ်မရှိဘဲ တော်တော်လေးလည်းအလုပ်ရှုပ်သည်။ခရီးတွေလည်းခဏခဏသွားရသည်။အခုလည်းဝေယံတို့မိဘတွေမရှိ၍မုန့်လုပ်စားမှာပင်။ခွန်းသနှင့်ချယ်ရီတို့အိမ်ထဲဝင်သွားချိန်ဧည့်ခန်းမှာဝေယံ့အကိုကသတင်းစာဖတ်နေသည်။

“အကို ဝေယံရော”
“ဪ ညီတို့ရောက်လာပြီလား” ခွန်းသမေးလိုက်တော့တေဇကလက်ထဲကသတင်းစာကိုချကာပြန်ဖြေလိုက်သည်။

“ဝေယံကအပေါ်မှာညီရဲ့ဆင်းလာလိမ့်မယ် အော်ဟိုမှာလာပြီ”

“လာပြီဟေ့ လာပြီ”
“မလာရင်ငါကရေနဲ့လာပက်တော့မှာ” ခွန်းသကဝေယံအားမဲ့ကာပြောတော့

“ခွေးကောင်ငါကရေနဲ့ပက်ရအောင်ခွေးလား”
“ အယ် အဲ့လိုမပြောပါဘူးနော်”

“ကဲပါညီတို့ရယ်တော်ပါတော့ ဝေယံလည်းညီ့ကိုမစနဲ့တော့”
“ဟွန်း”

“ဒါနဲ့မိတ်ဆက်ပေးမယ် ဒါကချယ်ရီတဲ့ငါ့အချစ်ဆုံးသူငယ်ချင်း”
“ဟုတ်ကဲ့ချယ်ရီပါ ခွန်းသ ကိုခင်သလိုခင်ပါနော်”

“ငါကဝေယံ ဒါကငါ့အကိုတေဇတဲ့”ဝေယံက ခွန်းသမိတ်ဆက်ပေးစရာမလိုဘဲ သူ့ဘာသာပေါ့ပေါ့ပါးပါးမိတ်ဆက်လိုက်ပြီး  ခွန်းသတို့ကိုကြည့်ကာ......
“မင်းတို့ဘာစားပြီးပြီလဲ”

“ငါတို့က စားလာပြီးပြီ”
ခွန်းသအပြောကိုဝေယံကခေါင်းညိတ်ကာ

“အခုမုန့်လုပ်စားမယ်ဆိုတော့ဘာစားမှာလဲ” ဝေယံရဲ့အမေးကိုခွန်းသက အလျင်အမြန်ပင်

“ငါကhot potစားချင်တာ”
“ဟင် မင်းကွာနေ့လယ်ဘက်ကြီးပူပူလောင်လောင်နဲ့”ဝေယံက နှာခေါင်းရှူံ့လိုက်ကာပြောလိုက်ပေမယ့် ခွန်းသကတော့ ဂရုမစိုက်စွာ......

“ဘာဖြစ်လဲ ငါစားချင်တာပြောတာကို”ထိုအချိန်ချယ်ရီက
“ငါပန်ကိတ်လုပ်တတ်တယ် ပြီးတော့ခွန်းသစားချင်တဲ့hot potစားမယ် အိုကေလား” အဲ့တော့မှခွန်းသနှင့်ဝေယံတို့

“ကောင်းတယ် ကောင်းတယ် ငါလည်းပန်ကိတ်ကြိုက်တယ် ဒါနဲ့အကိုရော” ဝေယံကအခုမှ တစ်ချိန်လုံးငြိမ်နေသောတေဇဘက်ကိုလှည့်ကာ မေးလိုက်သည်။

“ငါကငါ့ကိုမေ့နေကြသလားလို့ထင်နေတာ”
အဲ့တော့မှအကုန်လုံးရယ်ကျဲကျဲလုပ်နေကာ ဝေယံက

“မမေ့ပါဘူးအကိုရာ ငါ့အကိုကအကုန်စားတော့ဘာမှမမေးတော့တာ အခုရောဘာစားမှာလဲ မစားလည်းရတယ်နော်”
“ဟေ့ကောင်စားမှာ မင်းလိုအစားသရဲစားစရာမရှိအောင်ကိုထိုင်စားပစ်မှာ”

“ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါနဲ့hot potအတွက်ကတော့အသားနည်းနည်းဝယ်ရမယ်ထင်တယ် ဒါနဲ့ချယ်ရီနင့်ပန်ကိတ်ကရောဘာတွေလိုသေးလဲ” ဝေယံ့အမေးကိုချယ်ရီက

“လိုတာတွေက ဂျုံမုန့်ရယ်ကြက်ဥရယ်နွားနို့ရယ်သကြားရယ်ဆီရယ်ရှာသကာရည်ရယ် ထောပတ်ဆီရယ်ဒါပေမယ့်ထောပတ်ဆီကမသုံးလဲရပါတယ်ဒယ်အိုးကိုဆီလေးသုတ်ပြီးလုပ်လို့ရတယ်” ချယ်ရီကလိုတာတွေပြောလိုက်တော့ဝေယံက

“အိမ်မှာတော့နွားနို့မရှိဘူးဟ ဂျုံမုန့်ကလည်းမသုံးတော့မရှိဘူး”ဝေယံကပြောပေမယ့်တေဇကတော့ဘာမှမပြောဘဲ အရှေ့ကမနိူင်စိန်သုံးယောက်သာကြည့်နေလိုက်သည်။ထိုအခါချယ်ရီက…..

“ဒါဆိုအဲ့ဒါတွေသွားဝယ်မယ်လေ”
“အွန်း ဒီနားမှာ24နာရီဆိုင်ရှိတယ် အဲ့မှာသွားဝယ်မယ် ခွန်းသ မင်းကအိမ်မှာနည်းနည်းပြင်ထားလိုက်ကွာ ငါနဲ့ချယ်ရီကအသားပြားတွေပါဝယ်ခဲ့မယ် ရေခဲသေတ္တာထဲမှာတော့အသားနည်းနည်းရှိသေးတယ် ပြီးတော့အရည်အတွက် အစပ်ထုတ်လေးဝယ်ခဲ့မယ် Okလား”

“အင်း ရတယ် မြန်မြန်သာလာခဲ့ စားချင်နေပြီ”
“အေးပါကွာ အကိုကခွန်းသနဲ့နေခဲ့ပေးနော်စားဖိုမှူးကြီး”ဝေယံကရယ်ပြီးပြောတော့

“အိမ်စောင့်ဆိုအိမ်စောင့်ပေါ့ အပိုတွေပြောနေပြန်ပြီ”
“ဟီးဟီးသွားပြီ” ဝေယံနှင့်ချယ်ရီတို့ထွက်သွားတော့အိမ်မှာခွန်းသနှင့်တေဇဘဲကျန်ခဲ့သည်။တေဇကခွန်းသကိုသေချာကြည့်နေကာ စိတ်ထဲတွင်လည်းအကောင်သေးသေးကွေးကွေးလေးကချစ်ဖို့ကောင်းနေသည်ဟုတွေးလိုက်မိသည်။ထိုအချိန်ခွန်းသက တေဇဘက်သို့လှည့်ကာ

“အကိုကျွန်တော်နဲ့ နည်းနည်းပြင်ပေးနော်”
“အင်း ရတယ်လေ”ဟုပြောကာနှစ်ယောက်သားမီးဖိုချောင်ထဲသို့ ဝင်ကာခွန်းသနှင့်တေဇတို့လုပ်စရာရှိတာလုပ်နေကြသည်။ခဏအကြာတေဇကခွန်းသကိုကြည့်ကာ

“ညီ အကိုမင်းကိုပြောစရာရှိတယ်”
“ဟုတ်အကိုပြောလေ”ခွန်းသက အသားပြားတွေကိုလုပ်နေရင်းမော့ကြည့်လာသည်။

“အကို ကို့တစ်မျိုးတော့မထင်ပါနဲ့နော်”
“………”

“အကိုမင်းကိုချစ်တယ် ညီ”
“ဗျာ” တေဇရဲ့စကားကြောင့်ခွန်းသလုပ်နေသောအလုပ်ပင်ရပ်တန့်သွားသည်။သူအိမ်ထောင်ရှိတာအကိုတေဇကမသိဘူးလား။ဝေယံကမပြောဘူးလားဟုသာတွေးနေမိသည်။

“အကိုမင်းကိုမြင်မြင်ချင်းထဲကချစ်နေတာပါ ဒါမဲ့ယောင်္ကျားလေးနှစ်ယောက်ပေါင်းစည်းနိူင်ဖို့ကမလွယ်ဘူးမလား”

“အစကဒီတိုင်းညီလေးတစ်ယောက်လိုချစ်တယ်ထင်ခဲ့တာဒါမဲ့နောက်ပိုင်းမှကိုယ်ညီလေးလိုချစ်တာမဟုတ်မှန်းသိခဲ့ရတာ ခွန်းရောကိုယ့်ကိုချစ်လားဟင်”

တေဇရဲ့ တရစပ်ပြောစကားတွေအဆုံးမှာ
ခွန်းသလန့်သွားမိသည်။သူဘယ်လိုဖြေရမလဲ ကိုယ်ကြောင့်တစ်ပါးသူထိခိုက်မှာမလိုလားပါ။မျှော်လင့်ချက်လည်းမပေးချင်ပါ။ထို့ကြောင့်

“အကိုကျွန်တော်ပြောတာသေချာနားထောင်နော် တကယ်တော့ကျွန်တော့်မှာအိမ်ထောင်ရှိတယ်အကို ပြီးတော့သူကလည်းယောကျာ်းလေးပါ”
“ဟင် “ ခွန်းသစကားကြောင့်တေဇတစ်ယောက်မင်သက်သွားမိသည်။

“ဟုတ်တယ်အကိုကျွန်တော်တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး စကားမကြုံလို့မပြောမိတာပါ ပြီးတော့ကျွန်တော်အကို့ကို အစ်ကိုတစ်ယောက်လိုဘဲခင်တယ်အကို”ခွန်းသအပြောကြောင့်တေဇကပြုံးလိုက်ကာ

“အကိုတောင်းပန်ပါတယ်ညီ အိမ်ထောင်ရှိသူကိုပစ်မှားမိပြီထင်တယ် အကို့ကိုခွင့်လွှတ်ပါ “

“မဟုတ်တာအကိုရာ အချစ်ဆိုတာသူ့အလိုလိုဖြစ်လာတာဘဲ ပြီးတော့ကျွန်တော်အိမ်ထောင်ရှိတာအကိုမှမသိတာ ဝေယံတောင်ဟိုတလောကမှသိတာ ကျွန်တော်အကို့ကိုအပြစ်မတင်ပါဘူး ရှေ့လျှောက်ကျွန်တော်တို့ညီအကိုတွေလိုနေလို့ရတာဘဲမဟုတ်ဘူးလား ကျွန်တော်လည်းအကို့ကို အစ်ကိုတစ်ယောက်လိုချစ်မယ်အကိုလည်းညီလိုပြန်ချစ်ပေါ့”

ခွန်းသကပြုံးနေသော်လည်းမပြုံးနိူင်သူကတော့တေဇပင်။ ကိုယ်ချစ်တဲ့သူကကိုယ့်ကိုငြင်းတဲ့ခံစားချက်ကတော်တော်ခံရခက်သည်။ဒါပေမယ့်ဖူးစာမပါတာလို့ဘဲမှတ်ယူရမည်။အနည်းဆုံးတော့ညီလေးလိုချစ်လို့ရသေးတယ်မလား။ကံကောင်းတာက သူတို့ရဲ့ဆက်ဆံရေးလေးကပျက်စီးမသွားတာပင်။
ခွန်းသတို့စကားပြောနေတုန်းဝေယံတို့ပြန်လာတာကြောင့်မုန့်များလုပ်စားကာညနေရောက်တော့စျန်ကလာကြိုသည်ကြောင့်ချယ်ရီနှင့်ခွန်းသတို့ပြန်သွားကြသည်။



အမုန်း၏နောက်ကွယ်(Complete)حيث تعيش القصص. اكتشف الآن