Ep 25

10.8K 562 11
                                    

Ep 25
စျာန်တစ်ယောက်ရုံးခန်းထဲတွင် ပရောဂျက်အသစ်တစ်ခုရှိနေ နည်းနည်းအလုပ်ရှုပ်နေလေသည်။ကျော်ထက်ကိုလည်းအပြင်ခိုင်းလိုက်၍ သူ့အနားတွင်ဘယ်သူမှမရှိပေ။အချိန်ကားညနေပင်စောင်းတော့မည်ဖြစ်သည်။
ခွန်းသကိုလည်းသင်တန်းကြိုရအုန်းမှာမို့အလုပ်ကိုလက်စသက်ကာကျော်ထက်ကိုပင်မစောင့်တော့ဘဲစာတစ်စောင်ပို့၍သာသင်တန်းသို့ကားမောင်းထွက်ခဲ့သည်။သင်တန်းရှေ့သို့ရောက်သော်သင်တန်းချိန်ပြီးသွားသည်ထင် တံခါးပိတ်ထားကာ ဘယ်သူမှတောင်မရှိတော့။စျာန့်မှာထွက်သာထွက်လာတာ နာရီတောင်မကြည့်မိ။
ထိုအချိန် အရင်လိုသင်တန်းရှေ့တွင်စျာန့်ကိုစောင့်နေသောကောင်လေးတစ်ယောက်လည်းမရှိတော့ပေ။စျာန်လည်းကားပြန်ကွေ့ကာအိမ်သို့သာမောင်းထွက်ခဲ့သည်။အိမ်ရှေ့၌ကားရပ်လိုက်သည်နှင့်ကြီးချိုကိုတွေ့လိုက်ရ၍.....

“ကြီးချို ခွန်းသပြန်ရောက်ပြီလား “
“ပြန်ရောက်ပြီသားစျာန် အပေါ်မှာလေ”

“သူဘာနဲ့ပြန်လာတာလဲ”
“ကားနဲ့ပါသူ့သူငယ်ချင်းထင်တယ် လိုက်ပို့တာ”စျာန်လည်းခေါင်းညိတ်ကာအပေါ်တက်မည်ပြင်လိုက်ချိန်…..

“ကြီးချို ထမင်းဝိုင်းပြင်ထားလိုက်မယ်နော်”
“ဟုတ် ပြင်ပြီးရင်နားတော့နော် “
“ဟုတ်ပြီ ဟုတ်ပြီ” စျာန်လည်းပြောပြီးသည်နှင့်အပေါ်သို့တက်လာခဲ့သည်။ အခန်းထဲရောက်သော် ကြမ်းပြင်တွင်အိပ်နေသောခွန်းသအားမြင်လိုက်ရ၍......

‘သူကအစောကြီးဘာလို့အိပ်နေတာလည်း ညနေစောင်းမှအိပ်နေရင်ဖျားတော့မှာဘဲ’ စျာန်လည်းသူ့ဘာသာတစ်ယောက်တည်း စိတ်ထဲကနေသာပြောနေသော်လည်း ခြေလှမ်းတွေကခွန်းသ အနားသို့ရောက်နှင့်နေပြီ။

“ခွန်းသ ခွန်းသ ထစမ်း”
“အင်း.... “ ခွန်းသတစ်ယောက်ဘယ်လောက်တောင်အိပ်ချင်နေလည်းမသိ အင်း....ဆိုပြီးတစ်ချက်ညည်းကာ ပြန်အိပ်သွားသည်။

“ကျစ်!!! နှိုးတာတောင်မထဘူးပြန်အိပ်သွားတယ်”
“ခွန်းသ ခွန်းသ ထစမ်း” ခန္ဓာကိုယ်ကိုလှုပ်ကာနှိုးလိုက်တော့မှခွန်းသနိူးလာတော့သည်။

“ဘာလို့အိပ်နေတာလဲ ညနေဘက်အိပ်ရင်ဖျားမယ်လေ မသိဘူးလား” စျာန်တစ်ယောက်ပြောလည်းပြောလက်ကလည်းခွန်းသနံဖူးပေါ်သို့စမ်းမည်ပြုလိုက်ချိန်
ခွန်းသက စျာန့်လက်ကိုချက်ချင်းရှောင်လိုက်ကာ
“ကျွန်တော်နေကောင်းပါတယ်ဘာမှမဖြစ်ပါဘူး”

“အဲ့ဒါဆိုလည်းပြီးရောထမင်းစားမယ် ထ မျက်နှာသွားသစ်အုန်း”
“ဟုတ်ကဲ့” ခွန်းသလည်းမျက်နှာသစ်ပြီး၍ထမင်းစားခန်းသို့ထွက်လာခဲ့တော့ စျာန်က ထိုင်ခုံမှာပင်ထိုင်နေလေပြီ။ ခွန်းသလည်းဝင်ထိုင်လိုက်ကာ သူ့ရှေ့က အဆင်အသင့်ချထားပေးသောထမင်းကိုသာ ငုံ့စားနေလိုက်သည်။ထမင်းဝိုင်းတွင်ဘာသံမှမကြားရကာ နှစ်ယောက်သားကတိတ်ဆိတ်နေလေသည်။ခနအကြာ ထမင်းစားနေရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကတော့ခွန်းသပင်..

“မနက်ဖြန်သင်တန်းပိတ်တယ် လပြည့်နေ့လည်းဖြစ်တော့ဘုရားသွားမလို့အဲ့ဒါအသိပေးတာ”
“ဘယ်သူနဲ့သွားမှာလဲ”

“သူငယ်ချင်းနဲ့”
“ဟိုနေ့ကတစ်ယောက်နဲ့လား”

“ဟုတ်ကဲ့”
“ငါလိုက်ပို့ပေးရမလားငါလည်းအားတယ်လေ”

“ရပါတယ်ကျွန်တော့်ကိုလာခေါ်မှာ”
“ပြီးရော” ခွန်းသလည်းပြောစရာရှိတာပြောပြီးထမင်းသာဆက်စားနေလိုက်သည်။စျာန်ကတော့ထမင်းစားနေရင်းခွန်းသကိုကြည့်နေမိသည်။အကြောင်းက ဒီနေ့ခွန်းသအသံတိတ်နေသောကြောင့်ပင်ဖြစ်သည်။
.
.
ထမင်းစားနေရင်းဘုရားသွားမယ်ပြောနေသောအကောင်ပေါက်လေးကြောင့်လိုက်ပို့ပေးရင်းအတူတူသွားမယ်လို့ပြောမလို့ရှိသေး။သူငယ်ချင်းနဲ့ဆိုတော့လွတ်လွတ်လပ်လပ်သွားရအောင်လွှတ်ပေးလိုက်သည်။ပြောချင်တာပြောပြီးထမင်းဆက်စားနေသောအကောင်ပေါက်လေးကြောင့်လူကတစ်ခုခုလိုနေသလိုပင်။ကြည့်ရတာ
မနေ့ကကိစ္စကိုစိတ်ခုသွားသည်ထင်သည်။

ကျွန်တော် ကုတင်ပေါ်တွင်ထိုင်နေချိန် ခေါင်းအုံးလာယူသောအကောင်ပေါက်ကြောင့်ခေါင်းအုံးကိုပြန်ဆွဲထားလိုက်တော့ ကျွန်တော့်ကို သေချာကြည့်နေ၍.....

“အဲ့ဒါဘာလုပ်မလို့လဲ”
“အိပ်မလို့လေ”

“ဒီတစ်သက်ကုတင်ပေါ်မှာလာအိပ်အုန်းမှာလားမင်းက”
“ကိုကိုဘဲ မအိပ်နဲ့လို့ပြောထားတာမဟုတ်ဘူးလား”

“ဒီနေ့ကစပြီးလာအိပ်တော့”
“ရပါတယ်ကျွန်တော့်ဘာသာအောက်ဆင်းအိပ်ပါ့မယ်”
စျာန့်မှာ အောက်ဆင်းမယ်ဘဲပြောနေသောငတိလေးကြောင့်

“မင်းအဲ့ကြမ်းပြင်မှာအိပ်ရင်ဟိုတခါလိုဖျားရုံတင်မဟုတ်ဘဲ လေပါဖြတ်သွားရင်ငါပြုစုနေရမယ် ဒီမှာဘဲလာအိပ်”
“ရပါတယ် ကျွန်တော့်ဘာသာဂရုစိုက်ပါ့မယ်”ဟုပြောပြီးဖျာပေါ်တွင်ခေါင်းအုံးချကာလှဲလိုက်သောအကောင်ပေါက်လေးကြောင့်စျာန်ချက်ချင်းထ၍ခွန်းသကိုပွေ့ချီလိုက်ကာကုတင်ပေါ်သို့ချလိုက်လေသည်။ကျွန်တော့်လုပ်ရပ်ကြောင့်ပြူးကြောင်ကြောင်ကြည့်နေသောငတိလေးအားအပေါ်ကအုပ်မိုးကာ

“ငါက အိပ်ဆိုရင်အိပ်ပေါ့ဘာတွေရှည်နေတာလဲ”ဟုပြောလိုက်ကာကြမ်းပြင်ကခေါင်းအုံးကိုယူကာ ကုတင်ပေါ်တွင်ကျွန်တော်ပါအတူတူလှဲချလိုက်သည်။ကျွန်တော်ဝင်လှဲတော့သူကဟိုဘက်လည့်သွား၍......

“ဘာလို့ဟိုဘက်လှည့်တာလဲ ငါကိုက်စားမှာစိုးလို့လား “ စျာန်ကပြောလည်းပြော ခွန်းသအားသူ့ဘက်သို့ဆွဲလှည့်လိုက်သည်။

“မဟုတ်ပါဘူး ကျွန်တော့်ဘာသာဒီတိုင်းလှည့်အိပ်တာပါ”
“ငါ့ဘက်ကိုလှည့်အိပ်”ဟုပြောကာစျာန်လည်းခွန်းသအားသူ့ရင်ခွင်ထဲထည့်ထားလိုက်သည်။ခဏအကြာစျာန်ကရင်ခွင်ထဲကခွန်းသရဲ့ခေါင်းလေးအားပုတ်ကာ......

“Good night အိပ်တော့ ကလေးလေး”

ကျွန်တော်လည်းထမင်းစားပြီး၍အပေါ်သို့တက်ခဲ့ကာအရမ်းအိပ်ချင်နေ၍အစာကြေမှာမကြေမှာမသိ ကုတင်ပေါ်ကခေါင်းအုံးယူကာအိပ်မည်အပြု ခေါင်းအုံးကိုပြန်ဆွဲထားသောကြောင့်ကြည့်လိုက်တော့သူနဲ့အိပ်ဖို့ခေါ်နေတာပင်။ ကိုယ်လာအိပ်ရင်အနှောက်ယှက်ဖြစ်မှာစိုး၍မအိပ်ဘူးပြောတော့လေဖြတ်မှာစိုးလို့အိပ်ခိုင်းတာတဲ့အဲ့စကားကြောင့်စိတ်တိုသွားကာကြမ်းပြင်တွင်ခေါင်းအုံးယူကာဝင်လှဲလိုက်တော့ရုတ်တရက်လေပေါ်မြောက်တက်သွားသောကိုယ်ကြောင့်လန့်သွားမိသည်။ကြည့်လိုက်တော့ကျွန်တော့်ကိုပွေ့ကာကုတင်ပေါ်သို့တင်ပေးလိုက်သောကြောင့်ကြောင်သွားမိသည်။ကိုကိုကအမြန်ပင်ခေါင်းအုံးကိုယူကာဝင်လှဲလိုက်သောကြောင့် ကျွန်တော်တစ်ဖက်သို့လှည့်လိုက်မိသည်။အဲ့အချိန် ရုတ်တရက်ပြန်ဆွဲလှည့်ပြီးရင်ခွင်ထဲထည့်ခံလိုက်ရသောကြောင့် ကျွန်တော့်ရင်ဘက်ထဲကအကောင်ပေါက်လေးခုန်သွားလေသည်။
သူ့ဘက်မလှည့်လို့ကိုက်မစားဘူးပြောနေသောကိုကိုကြောင့်စိတ်ထဲတွင်တော့ရယ်ချင်သွားသည်။ကျွန်တော်ကကိုကို့ဘက်ကိုမလှည့်ချင်လို့မဟုတ်ဘူးကိုကို့ဘက်ကိုလှည့်ရင်ကိုကို့မျက်နှာလေးကိုတွေ့နေရင်တောင်ကျွန်တော်ကရင်ခုန်နေလို့ကိုကိုရဲ့....
ကျွန်တော်ကအဲ့လောက်ထိတောင်ကိုကို့ကိုချစ်မိသွားတာ။သူ့ရင်ခွင်ထဲထည့်ပြီးကျွန်တော့်ခေါင်းကိုပုတ်ကာgood night ကလေးလေးလို့ပြောလာသောကြောင့်ပျော်သွားမိသည်။ကျွန်တော့်ကိုကလေးလေးလို့ခေါ်လိုက်တာလား။ ကိုကိုကအဲ့အတိုင်းပါဘဲကျွန်တော့်ကိုဆိုအနာပေးလိုက်ဆေးပေးလိုက်နဲ့ ကျွန်တော်ကိုကို့ရင်ခွင်ထဲမှာပင်မျက်လုံးများမှိတ်၍အိပ်လိုက်တော့သည်။ဖြစ်နိူင်ရင်ဒီအချိန်လေးကိုရပ်ထားချင်မိသည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now