Ep 48

8.1K 407 8
                                    

Ep 48

ဒီနေ့ကခွန်းသမွေးနေ့မို့လို့အိမ်မှာမိသားစုညစာစားပွဲအတွက်ခွန်းသနှင့်ကြီးချိုကလိုအပ်တာတွေဝယ်ခြမ်းကာပြင်ဆင်ဖို့စာရင်းမှတ်နေလေသည်။မိဘတွေမရှိတော့သည့်နောက်ပိုင်းမှာစျာန့်အတွက်တော့ကြီးချိုနှင့်ကျော်ထက်တို့ကကိုယ့်မိသားစုလိုပင်ဖြစ်လာသည်။အခုဆိုချစ်ရသူလေးပါရှိနေ၍ပိုပြီးပြည့်စုံသည်ဟုထင်မိသည်။

စျာန်ကတော့ကျော်ထက်နှင့်Companyသို့သွားကာဝေယံတို့ချယ်ရီတို့ကိုတော့နောက်နေ့မှတစ်ဝိုင်းကျွေးမည်ဟုပြောထားသည်။ဘာလို့ဆိုချယ်ရီကလဲသူ့အမတစ်ဝမ်းကွဲလာလည်လို့လိုက်ပို့စရာတွေရှိလို့မအားဘူးပြောလာကာဝေယံကလည်းသူ့အကိုနှင့်ဘန်ကောက်ကိုခဏလိုက်သွားသည်။

ခွန်းသနှင့်ကြီးချိုတို့ညစာစားဖို့ကိုစျေးသွားကာလိုအပ်တာတွေသွားဝယ်သည်။စျေးကပြန်လာပြီးသည့်အခါနေ့လည်စာအတွက်ပြင်ဆင်ကာညစာကိုတော့ညနေလောက်မှပြင်ဆင်ဖို့ချိန်ဆထားသည်။ခွန်းသတစ်ယောက်ဒီနေ့အရမ်းကိုပျော်နေသည်ဟုပြောရမည်။ရန်ကုန်လာပြီးထဲကမွေးနေ့ဆိုရင်ချယ်ရီနှင့်နှစ်ယောက်ထဲသာဖြတ်သန်းလာရကာ နောက်ပိုင်းငွေနှင်းတို့ရှိလာချိန်မှအတူတူစားကြသောက်ကြနှင့်ကုန်ဆုံးခဲ့ကြသည်။တစ်ခါတစ်လေဆို ချယ်ရီမအားရင်ခွန်းသတစ်ယောက်ထဲဖြတ်သန်းရသည်။အခုတော့အဖော်မမဲ့တော့ဘဲချစ်ရသူတွေနဲ့ဖြတ်သန်းရမှာမို့လို့ခွန်းသမှာတော်တော်ဝမ်းသာနေလေသည်။

At Company......

စျာန်တစ်ယောက်Companyရောက်ရောက်ချင်းအစည်းဝေးခန်းထဲသွားရသည်။နောက်နေ့ကျရင်လည်းအေးရိပ်ဖြူကိစ္စကိုရှင်းဖို့ဆုံးဖြတ်ထား၍အခုတည်းကအလုပ်ရှုပ်နေလေသည်။

ပရောဂျက်အသစ်စာချုပ်ချုပ်ဖို့လာပြောခိုင်းထဲကအေးရိပ်ဖြူငွေအလွဲသုံးစားလုပ်ထားသည်ကိုသူ့အဖေမသိသေးတာဖြစ်မည်။အဖေက တိကျသေချာသလောက်သမီးဖြစ်သူကကောက်ကျစ်သည်ကိုတော့သိအောင်ပြောပြရမယ်လို့ဆုံးဖြတ်ထားသည်။စျာန်နှင့်ကျော်ထက်တို့အစည်းဝေးပြီး၍ဧည့်သည်တွေကိုထမင်းလိုက်ကျွေးဖို့စားသောက်ဆိုင်ကိုသွားကြသည်။ဒီတစ်ခေါက်ဧည့်သည်တွေကအရေးကြီးလို့သေချာပြင်ဆင်နေရသည်။ဟင်းတွေကိုအသားပွဲတွေအများဆုံးမှာကာအကောင်းဆုံးတွေကိုသာပြင်ဆင်ပေးထားသည်။စျာန်ကအရှေ့ကဧည့်သည်များကိုပြုံးပြကာ

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now