Ep 22

10.1K 618 22
                                    

Ep 22
မနေ့ကဝေယံကသင်တန်းပျက်သည်။သူ့အကိုကိုသွားကြိုမလို့ဘဲသင်တန်းပျက်တာနေမည်။ဒီနေ့တော့သင်တန်းလာမည်လို့ထင်သည်။ဖုန်းနံပါတ်ကလည်းမတောင်းရသေးတော့ဘယ်ရောက်နေပြီလဲတောင်မသိသေး။နောက်မှဖုန်းနံပါတ်တောင်းထားရမည်။ခွန်းသလည်း အထဲမဝင်ချင်သေး၍အပေါက်ဝမှာတင်ဝေယံအားစောင့်နေလိုက်သည်။ထိုအချိန်......
“ခွန်းသ ငါ့ကိုစောင့်နေတာလား”
ကားထဲကနေထွက်လာလာခြင်း မေးလာသောဝေယံပါ။လူကမရောက်သေးဘူးအသံကအရင်ရောက်နေပြီ။အထဲတွင်လည်းလူတစ်ယောက်ပါလာသည်။ရုပ်ရည်ကတော့ချောမောသည်။အသားရည်ကတော့နိူင်ငံခြားမှာနေလို့ဘဲလားနဂိုထဲလားတော့မသိကျွန်တော့်လောက်မဖြူပေမယ့်သူလည်းနည်းနည်းတော့ဖြူပါသည်။ဝေယံပြောတဲ့ဘန်ကောက်မှာစားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့အကိုဆိုတဲ့သူဘဲ ဖြစ်လိမ့်မည်။ရှပ်လက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်၍styleဘောင်းဘီနှင့်shoe အနက်လေးကိုစီးကာကားထဲကနေထွက်လာသောသူ။

“ခွန်းသ ငါမိတ်ဆက်ပေးမယ် ဒါကငါ့အကိုတေဇမင်းတဲ့အကိုသူကကျွန်တော့်သူငယ်ချင်း ဆက်ခွန်းသတဲ့”
“ဟုတ် တွေ့ရတာဝမ်းသာပါတယ်အကို”
“အကိုလည်းတွေ့ရတာဝမ်းသာပါတယ်ညီ”
ဝေယံကပင်ကြားထဲကနေသူ့အကိုနဲ့ကျွန်တော့်ကိုမိတ်ဆက်ပေးသည်။အနီးကပ်သေချာကြည်တော့တော်တော်ချောပါတယ် ပြီးတော့သဘောလည်းကောင်းမဲ့ပုံ။

“နေ့လယ်ကျရင်အကိုညီတို့ကို ထမင်းလိုက်ကျွေးမယ်လေ”အကိုကပြောတော့ဝေယံကပါ......
“ဟုတ်တယ်ကွငါတို့လည်းနှစ်ယောက်တည်းစားနေရတာ အခုအကိုရှိတော့ပိုကောင်းတာပေါ့မပျင်းတော့ဘူး မင်းလိုက်မယ်မလားခွန်းသ” ကျွန်တော်တို့သင်တန်းကနေ့လည်၁နာရီလောက်အားလပ်ချိန်ရသည်။
အကြီးကခေါ်နေတော့မလိုက်ရင်မကောင်းပေ။ပြီးတော့လည်းဝေယံအကိုဆိုတော့ငြင်း၍လည်းမကောင်းတာကြောင့်......

“အင်း သွားစားမယ်လေ အကိုကျွေးမှာနော်”
“ဟား...ဟား...ဟုတ်ပါပြီကွာအကိုကျွေးမှာပါ ဒါဆိုအကိုသွားပြီညီလေးတို့ နေ့လယ်လာကြိုမယ်”
“ဟုတ် အကို”တေဇ လည်းနှုတ်ဆက်ပြီး၍ကားမောင်း၍ထွက်သွားပြီ။ခွန်းသနှင့်ဝေယံလည်းအခန်းထဲသို့ဝင်ခဲ့ရင်း .....

“ဝေယံငါ့ကိုမင်းဖုန်းနံပါတ်ပေးအုံးပြီးတော့fbမှာအပ်ပေးအုန်း ငါ့မှာမင်းကိုဆက်သွယ်ရင်ဘယ်လိုဆက်သွယ်ရမှန်းတောင်သိမှာမဟုတ်ဘူး”
“ဪ မင်းကရောပေးလို့လား အတူတူဘဲကို
ဟွန့် ရော့ဖုန်း ငါ့ကိုပါမှတ်ပေး”
“အချောင်ကခိုပြန်ပြီ”
ဝေယံကနှုတ်ခမ်းဆူကာ ခွန်းသအားပြောနေ၍ ခွန်းသမှာ ရယ်မိသည်။ကလေးကျနေတာဘဲ
ဒီကောင်။ ပြီးရင်လည်းဘာမှမဟုတ်ဘူးသက်သက်မဲ့စိတ်ဆိုးပြနေတာ......
………………………………………
နေ့လယ်ရောက်သော်ဝေယံအကိုကအပေါက်ဝကိုပင်ရောက်နေလေပြီ။
“အကိုရောက်နေတာကြာပြီလား”ဝေယံကမေးတော့
“မကြာသေးပါဘူးကွာ ခုနကမှရောက်တာ ၅မိနစ်လောက်ဘဲရှိသေးတယ် လာ တက် ဒီနားကနီးတဲ့ဆိုင်ဘဲသွားကြတာပေါ့” ဝေယံနှင့်ကျွန်တော်ကအနောက်မှာဘဲဝင်ထိုင်လိုက်ကြသည်။အကိုတေဇကတော့အရှေ့ကနေကားမောင်းကာ ကျွန်တော်တို့သုံးယောက်စကားပြောကြသည်။သေချာပေါင်းကြည့်မှ အကိုတေဇကအတော်ခင်ဖို့ကောင်းသည်။

ခဏအကြာသင်တန်းနှင့်နီးစပ်ရာ စားသောက်ဆိုင်လေးသို့ဝင်ခဲ့ကြကာ......

“ညီတို့ဘာစားမလဲ မှာကြနော်အားမနာနဲ့ “
“ဟဲဟဲအားမနာပါဘူး”

ဝေယံကရယ်ကာ ပြောတော့အကိုကဝေယံကိုခေါင်းပုတ်၍’မလွယ်ဘူး’ဆိုတဲ့အကြည့်နှင့်ကြည့်ကာရယ်နေသည်။ပြီးတာနဲ့ တေဇက ခွန်းသကိုကြည့်ကာ......

“ခွန်း ညီစားချင်တာမှာနော် အကိုတို့ကမိတ်ဖြစ်ဆွေဖြစ်ပေါ့ အကိုတို့ရင်းရင်းနှီးနှီးနေကြတာပေါ့အကိုညီရဲ့သူငယ်ချင်းဆိုတော့”

အကိုတေဇကပြောတော့......

“ဟုတ်အကိုကျွန်တော်လည်းဝေယံ့ကိုခင်သလိုအကို့ကိုလည်းခင်ပါ့မယ် သူငယ်ချင်းကလည်းသူတစ်ယောက်ဘဲရှိတာလေ”ခွန်းသစကားကြောင့်ဝေယံကတော့နှာခေါင်းရှုံ့ပြသည်။
ကျွန်တော်ပြောတော့အကိုကပြုံး၍ခေါင်းညိတ်ပြသည်။စားလိုက်သောက်လိုက် စကားပြောလိုက်နှင့်ကျွန်တော်တို့သုံးယောက်ပွက်လောရိုက်နေကြသည်။


At Company…….

ဈာန်တစ်ယောက်အစည်းဝေးပြီး၍ခုံပေါ်တွင်ထိုင်နေကာခေါင်းကိုနောက်သို့လှန်ထားသည်။တစ်နေ့လုံးရောက်ထဲကစာရင်းတွေကြည့်ကာ လက်မှတ်ထိုးပြီး ၁၀နာရီလောက်ကျတော့ အစည်းဝေး စရသည်။အစည်းဝေးကအရေးကြီး၍တစ်နာရီကျော်လောက်ကြာသွားလေသည်။မောနေ၍ခုံပေါ်တွင်ထိုင်ကာမျက်လုံးများမှိတ်၍အမောဖြေနေရသည်။

ထိုအချိန် ရုံးခန်းထဲသို့ဒေါက်ဖိနပ်သံတစ်ခုနဲ့အတူဝင်လာသောခြေသံကြောင့်ကြည့်လိုက်တော့ပေါင်ထိသာရှိသောဂါဝန် ရင်ဟိုက်အနီရောင်ကိုဝတ်ကာ ဝင်လာသောသူ။


“ဈာန် ထမင်းစားပြီးပြီလား”
“မစားရသေးဘူး အေးရိပ်ဖြူ”
“ဈာန်ကလည်း ရိပ်နာမည်ကိုခေါ်တာမရှည်ဘူးလားရင်းရင်းနှီးနှီး ရိပ် လို့ဘဲခေါ်ပါ မဟုတ်ဘူးလား” ဟုပြောကာဆိုဖာမှာဝင်ထိုက်လိုက်သောသူမ။

ဈာန်ကလည်း company ရှယ်ယာဝင်ရဲ့သမီးဖြစ်၍မငြင်းတော့ဘဲ.....
“ကောင်းပါပြီ ရိပ်လို့ခေါ်ပါ့မယ်” ထိုအခါမှ အေးရိပ်ဖြူကပြုံးလိုက်ကာ

“တို့ကဈာန့်ဆီကိုလာတာလေ”
“ဪ ဘာကိစ္စရှိလို့လဲခင်ဗျ “ ဈာန်ရဲ့ခပ်စိမ်းစိမ်းစကားကြောင့်မျက်နှာပျက်သွားပေမယ့် အလျင်အမြန်ပြန်ထိန်းလိုက်ကာ......

“ဈာန်ကလည်း တို့ကကိစ္စရှိမှလာရမှာလား ဈာန်နဲ့နေ့လယ်စာစားဖို့လာတာလေ”
“ဪ ကျွန်တော်မအားသေးဘူးဗျ လုပ်စရာလေးတွေရှိသေးတယ်”
“ဈာန်ကလည်း တို့က တကူးတက လာရတာကို နော် လိုက်ခဲ့ပါ နော်”ဈာန်လည်းရုံးပတေတီးသံနှင့်ပြောနေသောသူမအား နားငြီးလာ၍

“အင်း လိုက်ခဲ့မယ် ကားပါကင်မှာစောင့်နေပါ”
ထိုအခါမှ အေးရိပ်က ပြုံးလိုက်ကာ ကားပါကင်သို့သွားစောင့်နေသည်။ဈာန်လည်း
အပေါ်ကုပ်အင်္ကျီဝတ်ကာနောက်ကလိုက်ခဲ့သည်။လုပ်ငန်းတစ်ခုတည်းကရှယ်ယာဝင်ရဲ့သမီးဖြစ်၍အားနာကာလိုက်ခဲ့ပေမယ့် စျာန့်မှာစိတ်မပါပေ။အေးရိပ်ဖြူ၏အတွေးထဲတွင်တော့

‘ဈာန် ရှင့်ကိုကျမ ပိုင်ဆိုင်ရမယ်’




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now