Ep 39

8.6K 434 4
                                    

Ep 39

စျာန်တို့အဖွဲ့သားတွေချောင်းသာသို့သွားရာတွင်အိပ်သူကအိပ်စားသူကစားနှင့်ပျော်နေကြသည်။ခွန်းသကတော့သီချင်းနားထောင်နေရင်းအိပ်ပျော်သွားသည်။စျာန်ကတော့သူ့ ကလေးလေးကိုရင်ခွင်ထဲထည့်ကာ ခေါင်းလေးအားပွတ်ပေးနေသည်။စျာန်လည်းခဏကြာမှခွန်းသနှင့်အတူတူပင်အိပ်ပျော်သွားသည်။

ကားလေးသည်ချောင်းသာသို့ရောက်လာ၍အားလုံးဆင်းနေကြသော်လည်း
မဆင်းနိူင်သည်မှာစျာန်ပင်ဖြစ်သည်။အခုထိမနိူးသေးသောခွန်းသအားကြည့်ကာ ပြုံးနေမိသည်။hotel အခန်းကလည်းကြိုတင်ဘိုတင်လုပ်ထားသောကြောင့်သော့ယူပြီးသွားရုံပင်။ခဏအကြာ စျာန်လည်းခွန်းသအားနှိုးလိုက်သည်။

ကလေး ထအုန်းလေ ကိုယ်တို့ရောက်ပြီ
........ လက်ကိုလှုပ်ပြီးနှိုးတာတောင်မနိူးသေးသောကောင်လေးကြောင့်စျာန်ရယ်လိုက်မိသည်။

တကယ့်ကိုအိပ်ပုပ်လေးဘဲ

ကလေးလေး ထတော့လေ
အင်း.....ဟင် ကားကရပ်လိုက်တာလားကိုကို ခွန်းသအပြောကြောင့်စျာန်တစ်ချက်ရယ်လိုက်ကာ

ကားကရပ်မှာပေါ့ချောင်းသာရောက်ပြီလေ
ဟင် ဟုတ်လား ဒါဆိုသွားမယ်လေ ထ ထအမြန်ထ
အခုမှအသည်းအသန် ထမယ်လုပ်နေသောအကောင်ပေါက်လေးကြောင့်ခွန်းသမှာခေါင်းသာခါနေမိသည်။တော်သေးသည်ကားကစျာန့်မိတ်ဆွေရဲ့ခရီးသွားကားဖြစ်ပြီးမောင်းတဲ့သူကလည်းတော်တော်ခင်တဲ့အသိတွေဖြစ်နေ၍ပင်။ မဟုတ်ရင်ကားပေါ်ကမဆင်း၍ကန်ချခံရမည့်ကိန်းရှိသည်။ခွန်းသနှင့်စျာန်လည်းကား ပေါ်ကဆင်းကာကျော်ထက်ဆီသို့သွားတော့ ကျော်ထက်က

Boss ဒီမှာသော့ပါ
အင်း မင်းလည်းနားတော့အလုပ်တွေကိုတစ်ခုမှမလုပ်နဲ့ မင်းလည်းပင်ပန်းနေတာဘဲငါတို့ဟိုရက်ကအကုန်ဖြတ်ခဲ့တာဆိုတော့မင်းအဆင်ပြေသလိုသာနေကြားလား

ဟုတ် ကျေးဇူးပါBoss စျာန်လည်းကျော်ထက်နှင့်ပြောကာအခန်းသော့ယူ၍တည်းရမဲ့နေရာသို့သွားလိုက်သည်။အေးရိပ်တစ်ယောက်အခန်းယူချိန်တွင်စျာန်နှင့်အတူတူဖြစ်အောင်ဘေးနားကအခန်းကိုယူလိုက်သည်။
အထုပ်တွေကတော့hotelဝန်ထမ်းတွေကအရင်သွားပို့ပေးထား၍အေးအေးဆေးဆေးသာလိုက်ခဲ့လိုက်သည်။ ခွန်းသလည်းအခန်းထဲရောက်ရောက်ချင်းကုတင်ပေါ်သို့လှဲချလိုက်ကာ......

အား....... ညောင်းလိုက်တာ
ဟင် ကလေးကဘာလုပ်လို့ညောင်းရတာလဲ တစ်လမ်းလုံး ကိုယ့်ပခုံးပေါ်အိပ်နေတာကို စျာန်ကပြောတော့ခွန်းသကမျက်မှောင်ကြုတ်၍

ဘာလဲအဲ့တော့ငြို ငြင်နေပြီလား

အယ် ကိုယ်ကမငြို ငြင်ပါဘူးနော် ကလေးလည်းမငြို ငြင်ဘူးမလား

ပြောရင်းပင်ခွန်းသလှဲနေသောအပေါ်သို့အုပ်မိုးလာသောစျာန်ကြောင့်ခွန်းသလန့်သွားကာ

ဘာ ဘာလုပ်မလို့လဲ
ဘာလုပ်မယ်ထင်လဲ ကြောက်နေသောခွန်းသအားစျာန်က ပြုံးကာမေးလိုက်တော့

မသိ မသိဘူးလေ
မသိဘူးဆိုတော့ သိချင်လား တဖြည်းဖြည်းအုပ်မိုးကျလာသောစျာန်ကြောင့်ခွန်းသ စျာန့်ရင်ဘက်အားတွန်းထားမိသည်။စျာန်ကသူ့ရင်ဘက်ကိုတွန်းနေသောခွန်းသလက်လေးအားကိုင်လိုက်ကာခွန်းသနှုတ်ခမ်းလေးအားနမ်းလိုက်သည်။

ခွန်းသနှင့်စျာန်နမ်းနေရင်းအခန်းတံခါးခေါက်သံကြောင့်အနမ်းတို့ရပ်တန့်သွားရသည်။ခွန်းသ ကစျာန့်ခန္ဓာကိုယ်ကိုနည်းနည်းတွန်းလိုက်တော့စျာန်က ကုတင်ပေါ်မှထကာတံခါးသွားဖွင့်ပေးချိန်ခွန်းသ ကတော့ကုတင်ပေါ်တွင်သာထိုင်နေသည်။တံခါးဖွင့်လိုက်ချိန်အခန်းဝတွင်အေးရိပ်တစ်ယောက်မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။စျာန်လည်းအေးရိပ်ကိုမြင်တော့

မအေးရပ် ဘာဖြစ်လို့လဲဗျ
စျာန် အေးရိပ်တို့ရေဆော့မယ်လေ ကုတင်ပေါ်တွင်ခွန်းသရှိနေမှန်းသိ၍စျာန်လက်အားကိုင်ကာအေးရိပ်ပြောလိုက်လေသည်။သို့ပေမယ့်စျာန်ကအေးရိပ်လက်ကိုဖယ်လိုက်ကာ

ကျွန်တော်တို့ကားစီးရတာပင်ပန်းနေလို့ပါ မအေးရိပ်လည်းနားနေပါ နောက်မှအဖွဲ့တွေနဲ့ဆော့ကြတာပေါ့
အင်း စျာန်ပင်ပန်းရင်လည်းနားပါ နောက်မှဆော့ကြတာပေါ့ စျာန့်အားအပြုံးတွေဒလဟောစွန့်ကြဲကာထွက်သွားသောအေးရိပ်ကိုခွန်းသအမြင်မကြည်တော့ပေ။
စျာန်လည်းတံခါးပိတ်ကာခွန်းသဆီသို့ပြန်လာချိန်တွင် တဘက်ယူကာရေချိုးခန်းထဲဝင်သွားသောခွန်းသကြောင့်စျာန်ဘာမှတောင်မပြောလိုက်ရ။


ခွန်းသရေချိုးခန်းထဲကထွက်လာတော့စျာန်ကဖုန်းပြောနေလေသည်။ပြီးသည်နှင့်စျာန်လည်းရေချိုးရန်ဝင်သွားတော့သည်။ခွန်းသမှာလွတ်လွတ်လပ်လပ်နေချင်၍ ဘောင်းဘီဒူးပေါ်လေးနှင့်အင်္ကျီအဖြူတစ်ထည်သာပေါ့ပေါ့ပါးပါးဝတ်ထားကာကုတင်ပေါ်တွင်မှိန်းနေလိုက်သည်။စျာန်ရေချိုးခန်းထဲကထွက်လာတော့ကုတင်ပေါ်တွင်ချစ်ရသူလေးကအိပ်ပျော်နေသည်။

ညနေစောင်းနေ၍ဖျားမှာစိုးတာကြောင့်နှိုးရပေအုံးမည်။စျာန်လည်း ခွန်းသ နညျးတူအဝတျအစားကိုပေါ့ပေါ့ပါးပါးဝတျလိုကျကာာကုတငျနားသို့သှားပွီးခှနျးသနံဖူးလေးအားနမျးလိုကျကာ.....

ကလေး ထတော့လေ ထမင်းသွားစားကြမယ်
မစားတော့ဘူး မစားဘူးပြောကာပြန်အိပ်နေသောအကောင်ပေါက်လေးကတစ်လမ်းလုံးလည်းကားပေါ်မှာအိပ်လာသည်ပင်။အခုလည်းမထသေးပေ။ အအိပ်မက်နေသောခွန်းသကြောင့်စျာန်လည်းပြုံးလိုက်ကာ

ညနေစောင်းပြီလေ ဖျားမှာပေါ့
................
ပြောတာတောင် မျက်လုံးမဖွင့်ဘဲဟိုဘက်လှည့်ကာပြန်အိပ်နေသောအကောင်ပေါက်လေးအား

အဟမ်း....ရတယ်လေ မထရင်ကိုယ့်ဘာသာပဲတခြားသူတွေနဲ့စားလိုက်တော့မယ် ကလေးကတော့နေခဲ့ပေါ့
ပြောရင်းပင်တံခါးပိတ်သံကြားသည်ကြောင့်ခွန်းသကုတင်ပေါ်တွင်ငုတ်တုတ်ထ ထိုင်လိုက်သည်။ခွန်းသလည်းသူ့ကိုထားခဲ့သောစျာန်ကြောင့်

လူယုတ်မာကြီး အခုတော့ငါ့ကိုထားခဲ့ပြီပေါ့ ထားခဲ့ ထားခဲ့ပြန်မလာနဲ့ အကျင့်မကောင်းတဲ့လူကြီး ဟွန့် ခွန်းသပြောပြီးသည်နှင့်စောင်ခြုံကာကုတင်ပေါ်တွင်ပြန်အိပ်နေလိုက်သည်။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now