Ep 8

10.9K 622 1
                                    

Ep 8
ကျွန်တော်နဲ့ခွန်းလေးနဲ့လည်းအခုဆိုတော်တော်တောင်ရင်းနှီးနေပါပြီ။အိမ်ကိုလည်းခနခနအလည်လာကြကာ ညဘက်တွေဆိုလည်း ဖုန်းတွေပြောဖြစ်ကြသည်။
အခုလည်းအိမ်လာလည်မယ်ဆိုလို့ထမင်းဟင်းတွေအားကြီးချိုကို ရှယ်ပြင်ခိုင်းထားရသည်။အကောင်ပေါက်လေးကအသီးရွက်ကိုတော်တော်ကြိုက်တယ်တဲ့ အဲ့ဒါကြောင့်သူ့အသားရည်က မိန်းကလေးတွေထက်ပင်ပိုလှနေသေးတာ အသီးဆိုလဲတော်တော်စားသည်။ တကယ်ပါချောတာမဟုတ်ဘဲလှနေတာပါ။ယောင်္ကျားလေးတစ်ယောက်ကိုလှတယ်လို့သုံးသင့်လားမသုံးသင့်လားကျွန်တော်မသိပါ။ဒါပေမယ့်သူကတော့လှတယ်။ကျွန်တော့်
မျက်လုံးထဲမှာတော့သူလေးဟာချစ်ဖို့ကောင်းတယ်။လှတယ် သေချာတာတစ်ခုကကျွန်တော်ဆေးမမှီတော့ဘူးထင်တယ်။
ပြောရင်းဆိုရင်းအသက်ရှည်အုံးမယ်.....သူ့အကြောင်းတွေးနေရင်းရောက်လာကြပါပြီ။
“ညီမလေးနဲ့ခွန်းသ လာကြလေ မင်းတို့သူငယ်ချင်းကတော့ရေချိုးနေတယ်ထင်တယ်အခုထိထွက်မလာသေးဘူး”
“ဟုတ်လား အဲ့ဒါဆိုညီမအပေါ်ကိုသွားလိုက်အုန်းမယ်”

“အင်းသွားလေ “
“ဟဲ့ ခွန်းသငါအပေါ်သွားအုန်းမယ် နင်ဒီမှာနေခဲ့ “
“ကြွ ကြွ ပြန်ဆင်းမလာလည်းရတယ်”

“အောင်မာ နင်ကလွတ်လွတ်လပ်လပ်နေချင်တယ်ပေါ့”
“နင်သွားမှာဖြင့်သွားစမ်းပါ”
တွေ့တာနဲ့ကိုက်နေကြတဲ့နှစ်ကောင်ရယ်ပါ။ချယ်ရီအပေါ်သို့တက်သွားတော့ဆိုဖာတွင်ထိုင်နေသောကောင်လေးအား.......
“အသီးဖျော်ရည်သောက်မယ်မလား ခွန်းသ”
“ဟီးဟီး ဟုတ်သောက်မယ်”
“အဲ့ဒါဆိုခနထိုင်စောင့်နေအကိုဖျော်ပေးမယ်”
“ကျွန်တော်လည်းလိုက်မယ်လေ ဒီမှာဘယ်သူမှာမှမရှိတာ ကျွန်တော်တစ်ယောက်တည်းပျင်းတယ် “
“ဟုတ်ပါပြီကွာ အဲ့ဒါဆိုလည်းသွားမယ် ထ”
“ဟီးဟီး အကိုကအကောင်းဆုံး”လက်မလေးထောင်ကာပြောလာသောကောင်လေးအား ဆံပင်လေးတွေကိုဆွဲဖွမိသည်။
“ခွန်းလေးက ဒီမှာထိုင်စောင့်နေ အကိုဖျော်ပေးမယ်”
“ကျွန်တော်လဲဝိုင်းကူမယ်လေ”
“ဟုတ်ပါပြီဗျာ”
“အကို ထောပတ်သီးဖျော်ရည်နော်”
“အေးပါကွာ အကိုကခွန်းလေးအကြိုက်ကိုသိတယ်”
“အကို နို့ဆီဖူးရော”
“အပေါ်မှာလေ ခွန်းလေးရဲ့”
“ဟုတ်”
“ခွန်းလေးနိူ့ဆီဗူးပြုတ်ကျမယ်နော်”
“ဟုတ်ကျွန်တော်မှီပါတယ်”မှီပါတယ်သာပြောနေတာပါ လူကခြေဖျားထောက်နေရတယ်။
“အ့!!!”
“ဟင် ခွန်းလေးဘာဖြစ်တာလဲ ပြစမ်း”
“ဟိုမျက်နှာပေါ်ဗူးပြုတ်ကျတာ”
“တွေ့လားအကိုပြောသားဘဲ ပြစမ်း နံဖူးတောင်နီသွားပြီ”
“အကို...နာတယ်လို့”
နို့ဆီဗူးကသံဗူးဆိုတော့နံဖူးပေါ်ပြုတ်ကျတာကြောင့်တော်တော်နာသွားပုံရသည်။နံဖူးလေးတောင်နီရဲသွားသည်။
“အကိုပျောက်အောင်လုပ်ပေးမယ်”
“ဟုတ်”စျာန့်ရဲ့စကားကြောင့်ခွန်းသကခေါင်းညိတ်လိုက်ပြီးတာနဲ့ နံဖူးပေါ်သို့ကျရောက်လာသော ထိတွေ့မှုနွေးနွေးလေး........
“ပြွတ်”
“ဟင်”
ရုတ်တရက်နံဖူးကိုလာထိတဲ့အထိအတွေ့၊ နီနေသောနံဖူးလေးပေါ်သို့ ကျရောက်လာသော နှုတ်ခမ်းတစ်စုံရယ်ပါ။ နွေးထွေးသည်။ ကျွန်တော်ဘယ်ဘက်ရင်အုံက အခုန်မြန်သွားရသည်။အကိုက ကျွန်တော့်
နံဖူးကိုနမ်းလိုက်တာလား။
“ဘယ်လိုလဲသက်သာ သွားပြီလား ကလေးလေး”
“ဟို ကျွန် ကျွန်တော် ဟို......” ရင်အခုန်မြန်လွန်းလို့စကားတွေတောင်ဘာပြောရမှန်းမသိဖြစ်သွားသည်။။ စျာန်ကခွန်းသရဲ့ပခုံးအားလက်နှစ်ဖက်နှင့်ထိန်းကိုင်လိုက်ကာ
“ပြောလေ သက်သာသွားပြီလား ကလေးလေး”
“အာ....ဟုတ် သက် သက်သာသွားပါပြီ”ခွန်းသက စျာန့်ရဲ့အပြောနှင့်အမူအရာကြောင့်ရှက်နေချိန်.....
“အကို ခွန်းလေးကိုချစ်တယ်”
“ဗျာ”
ဆိုင်းမဆင့်ဗုံမဆင့်ထပြောလာသောစကားတစ်ခွန်း။ကျွန်တော်နားကြားမှားတာလား။ကျွန်တော့်ကိုချစ်တယ်တဲ့ ပြီးတော့ကျွန်တော့်လိုယောင်္ကျားလေးတစ်ယောက်ကို နောက်ထပ်ယောင်္ကျားလေးတစ်ယောက်ကလေ။

“ဟုတ်တယ် အကို ခွန်းလေးကိုချစ်တယ် အကိုခွန်းလေးကိုမြင်မြင်ချင်းထဲကသဘောကျခဲ့တာပါ အကို့ကိုရော ခွန်းလေးချစ်လားဟင်”
“ဟို ကျွန် ကျွန်တော်မသိဘူး ပြီးတော့ ကျွန်တော် ကယောင်္ကျားလေးလေ “
“အကိုက မိန်းမ မို့လို့ယောင်္ကျားမို့လို့ဆိုပြီးချစ်တာမဟုတ်ပါဘူး အကိုက မင်းမို့လို့ကိုချစ်တာ”
ကျွန်တော့်စကားသံတွေအောက်မှာ ဘာသံမှထပ်ထွက်မလာတော့တဲ့အကောင်ပေါက်လေးမှာ မျက်နှာကလည်းနီရဲနေလေသည်။ ရှက်နေတာလေးကဆွဲဆောင်မှုရှိနေသည်။ချစ်ဖို့ကောင်းလိုက်တာကွာ။
“အကို့ကိုတခုခုပြောအုံးလေ ကလေးရဲ့”
“ကျွန်တော်….. ကျွန်တော်စဉ်းစားပေးပါမယ်”ခွန်းသအပြောကြောင့်စျာန်ကဝမ်းသာသွားကာ.......
“တကယ်နော် ကလေးလေး တကယ်စဉ်းစားပေးမှာနော် ဝမ်းသာလိုက်တာကွာ”ပြောရင်းနဲ့ရင်ခွင်ထဲသို့အကောင်ပေါက်လေးအားဆွဲသွင်းမိလိုက်သည်။
“ဟာအကိုလွှတ်အုန်းလေ ငွေနှင်းတို့ဆင်းလာရင်ဘယ်လိုလုပ်မလဲ ခင်ဗျားကရည်းစားတောင်မဖြစ်သေးဘူးအခုထဲကကျွန်တော့်ကိုမလွှတ်တော့ဘူး”
“အာ...sorry ပါကွာ ကိုယ်အပျော်လွန်သွားလို့ပါ ဒါနဲ့ရည်းစားဖြစ်ရင်တော့ဖက်လို့ရတယ်ပေါ့နော်”စျာန်က ခွန်းသအားသေချာကြည့်၍မေးလိုက်တော့.....
“မသိဘူးဗျာ အခုတော့ဖယ်အုန်း”
“ဟာ ဖျော်ရည်မသောက်တော့ဘူးလား အကို့ကိုကူပေးအုန်းလေ”
“မကူပေးဘူးဗျာ....ကိုယ့်ဘာသာလုပ်ခဲ့တော့ တော်ပြီကျွန်တော်သွားတော့မယ်”
“ဟား....ဟား.... ရှက်သွားတာလား”
ကျွန်တော် ရင်ခုန်နေသည်။ သူ့ရဲ့အနမ်းနွေးနွေးလေးကိုသဘောကျတယ်။ရင်ခုန်မိတယ် ကျွန်တော့်ကိုချစ်တယ်တဲ့ ကျွန်တော်ရှက်လွန်းလို့မျက်နှာတွေတောင်ပူနေလေပြီ။ ပြုစားနိုင်တဲ့လူကြီးရယ်ပါ။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now