Ep 49

9K 420 14
                                    

Ep 49

အချိန်ကား၅နာရီထိုးနေပြီဖြစ်၍ခွန်းသနှင့်ကြီးချိုတို့ညစာစားပွဲအတွက်ပြင်ဆင်နေကြချိန်ခြံထဲသို့ကားတစ်စီးဝင်လာသည်။ခွန်းသလည်းလုပ်လက်စအလုပ်တွေကိုထားကာအိမ်ရှေ့သို့ထွက်လာခဲ့သည်။စျာန်ပြန်လာပြီအထင်နှင့်မီးဖိုချောင်ထဲကနေပြုံးရွှင်စွာထွက်လာသောကောင်လေးမှာကားပေါ်ကဆင်းလာသောသူကြောင့်အပြုံးတို့ရပ်တန့်သွားခဲ့သည်။ထိုသူကတော့အမဲရောင်ကိုယ်ကျပ်အင်္ကျီနှင့်နှစ်လက်မလောက်ရှိတဲ့ဒေါက်ဖိနပ်အမဲရောင်ကိုစီးကာအိမ်ထဲသို့ဝင်လာသောအေးရိပ်ဖြူ ပင်ဖြစ်သည်။ခွန်းသလည်းအေးရိပ်ဖြူကိုတွေ့တော့ရုပ်တည်လိုက်ကာ

"ဘာကိစ္စလဲအမအေးရိပ်ဖြူ ကိုကိုကပြန်မရောက်သေးပါဘူး"
"ငါကစျာန့်ဆီလာတာမဟုတ်ပါဘူး မင်းဆီကိုလာတာ"
အေးရိပ်ဖြူ စကားကြောင့်ခွန်းသက'ဘာလဲ'ဆိုသောအကြည့်ဖြင့်ကြည့်ကာ

"ကျွန်တော့်
ဆီကိုဆိုတော့ဘာကိစ္စလဲအမ"
"မင်းကိုကိုယ့်နေရာကိုယ်သိဖို့လာပြီးသတိပေးတာ"

"ဘာကိုလဲအမ ကျွန်တော့်
နေရာကဒီမှာလေအမမှားနေပြီထင်တယ်"ထိုအချိန်ကြီးချိုလည်းခွန်းသဘေးသို့ရောက်လာကာအေးရိပ်ဖြူ ကိုသေချာ
ကြည့်နေသည်။

"မမှားပါဘူး ငါကနောက်ဆိုရင်ဒီအိမ်ကအိမ်ရှင်မဖြစ်တော့မှာလေ"

"အမဘာကိုဆိုလိုတာလဲ"
"ငါလား....အဟက်!!!" အေးရိပ်ဖြူ တစ်ယောက်ခွန်းသအားကြည့်ပြီးမဲ့ပြုံးပြုံးကာတစ်ချက်ရယ်လိုက်ရင်း သူ့အိတ်ထဲကတစ်စုံတစ်ရာကိုထုတ်ပြလိုက်သည်။ခွန်းသလည်းအေးရိပ်ဖြူထုတ်ပြလာသောအရာတွေကိုယူကာကြည့်
လိုက်မိချိန်ခြေထောက်တွေပင်မခိုင်နိူင်အောင်ဖြစ်သွားရသည်။

"ဒါ ဒါမဖြစ်နိူင်ဘူး"
"ဘာလို့မဖြစ်နိူင်ရမှာလဲ ဘာမှားနေလို့လဲရှင်းရှင်းလင်းလင်းကြီးကို"

"မဟုတ်ဘူး" ခွန်းသမှာလက်ထဲက အေးရိပ်ဖြူ နဲ့
စျာန်တို့ကုတင်ပေါ်မှာအတူအိပ်နေပုံတွေကိုကြည့်ပြီးမျက်ရည်တွေဝဲလာကာခေါင်းသာခါနေမိသည်။ကြီးချိုလည်းမျက်ရည်တွေကျကာခွန်းသအားဖက်ထားမိသည်။

'ကိုကိုရယ်လုပ်ရက်လိုက်တာ အဲ့ဒါကြောင့်အဲ့နေ့ကအကိုကျော်ထက်ကhotelမှာသွားခေါ်ခဲ့တာလား ကိုကိုရယ်ကိုကိုသာပျော်မယ်ဆိုရင်ကျွန်တော်ကနောက်ဆုတ်ပေးမှာပါ ဒီလိုနည်းနဲ့တော့.....ဟာဗျာ....."

အေးရိပ်ဖြူ ကတော့ခွန်းသ ရဲ့ထိန့်လန့်နေတဲ့မျက်နှာကိုကြည့်ပြီးစိတ်ထဲတွင်ကျေနပ်သွားကာ

"အခုကိုယ့်နေရာကိုယ်သိပြီဆိုတော့ ငါသွားတော့မယ် ငါပြောခဲ့တယ်မလား ကလေးမမွေးနိူင်တဲ့နင့်ကိုစျာန်ကထာဝရလက်တွဲမှာမဟုတ်ဘူးလို့ အဟက်!!! ငါသွားပြီ ဘိုင့်ဘိုင်"

အေးရိပ်ဖြူ ကခွန်းသအားတစ်ချက်ကြည့်ပြီးရယ်လိုက်ကာကားပေါ်တက်ပြီး ကြမ်းတမ်းစွာထွက်သွားချိန် အနောက်တွင်ကျန်ခဲ့သောခွန်းသကတော့အိမ်ရှေ့မှာတင်ထိုင်ချမိသွားသည်။ကြီးချိုကခွန်းသအားဖက်ပြီးပခုံးလေးကိုပုတ်ပေးကာ

"သားလေးရယ် သားစျာန်လာမှမေးကြည့်ကြရအောင်နော် တစ်ခုခုမှားနေတာနေမှာပါ"
"ဘာကိုမှားနေတာလဲကြီးချို ဒီလောက်ဓာတ်ပုံထဲမှာရှင်းနေတာကို ဘာကိုမှားနေတာလဲ ကလေးမမွေးပေးနိူင်တဲ့ကျွန်တော်ကမှားနေတာလား ဒါမှမဟုတ် ကိုကို့ကိုချစ်ခဲ့မိတဲ့ကျွန်တော်ကဘဲမှားနေတာလား"

"သားရယ်......"

"ကြီးချို ကျွန်တော်တစ်ယောက်တည်းနေချင်တယ်"

ကြီးချိုလည်းအခုချိန်ခွန်းသစိတ်ရှူပ်နေမှန်းသိ၍အိမ်ထဲမှထွက်သွားပေးလိုက်သည်။ခဏအကြာခွန်းသဆိုဖာပေါ်မှာထိုင်ကာဓာတ်ပုံတွေ
ကြည့်ပြီးငိုနေမိသည်။အိမ်ရှေ့၌ကားသံကြားရ၍ဒီတစ်ခါတော့စျာန်လာပြီဆိုတာသိလိုက်သည်။စျာန်ကခြံထဲသို့ကားရပ်လိုက်သည်နှင့်အမြန်ပင်အိမ်ထဲသို့ဝင်လာခဲ့သည်။တစ်လမ်းလုံးလည်းအရင်ကသူ့ညီမနဲ့အထင်လွဲပီးပြောခဲ့တာတွေကိုတောင်းပန်မည်လို့တွေးထားသည်။အိမ်ထဲသို့အဝင်ဆိုဖာပေါ်မှာထိုင်ကာတစ်စုံတစ်ရာကြည့်နေသောခွန်းသအားစျာန်ပြုံးကြည့်လိုက်ကာခွန်းသနားတောင်မရောက်သေး......

"Happy birthday ပါ ကလေးလေးမွေးနေ့မှာပျော်ရွှင်ပါစေနော် ကိုကို ကလေးကိုလက်ဆောင်ပေးစရာရှိတယ်"စျာန်က ဘောင်းဘီအိတ်ထဲကဘူးလေးတစ်ဘူးကိုထုတ်ဖို့ပြင်လိုက်ချိန်

"ဘာလက်ဆောင်လဲကိုကို ကိုကိုကျွန်တော့်
ကိုအကြီးမားဆုံးလက်ဆောင်ပေးပြီးပြီလေ" စျာန်က ခွန်းသအားနားမလည်သလိုကြည့်ကာ

"ဘာ ဘာဖြစ်နေတာလဲကလေး ဟင် ကလေးငိုထားတာလား"အနားသို့အမြန်ရောက်လာသောစျာန်အားခွန်းသလည်းလက်ထဲကဓာတ်ပုံတွေနှင့်ပစ်ပေါက်လိုက်ကာ

ဒါကဘာလဲ ဒါက ကျွန်တော့်ကိုခင်ဗျားညီမအတွက်လက်စားချေလိုက်တာလားဦးစျာန်ထက်ပိုင်ဒါမှမဟုတ်ဒီနေ့ကျွန်တော်ရဲ့မွေးနေ့အတွက်အကြီးမားဆုံးမွေးနေ့လက်ဆောင်ကိုပေးလိုက်တာပေါ့လေ"

စျာန်လည်းရင်ဘက်အားလာထိပြီးကြမ်းပြင်ပေါ်သို့ကျသွားသောဓာတ်ပုံတွေကိုကောက်ပြီးကြည့်လိုက်ချိန်မျက်လုံးပါပြူးသွားကာလက်တွေပါတုန်သွားရသည်။

"ဟင် ဒါ ဒါကမဟုတ်ဘူးကလေး အဲ့ဒါကိုကိုမဟုတ်ဘူးနော်ကလေး အဲ့ဒါ...."
"ဘာလဲ ဘာကိုမဟုတ်တာလဲခင်ဗျားအဲ့နေ့ကမအေးရိပ်ဖြူ အဖေရဲ့မွေးနေ့ကိုသွားတဲ့နေ့လေ ဘာလဲ သူ့အဖေနဲ့မတွေ့ဘဲသူ့သမီးနဲ့hotelမှာအိပ်ခဲ့တာပေါ့ ကျွန်တော့်မှာတော့
ခင်ဗျားတော်တော်နဲ့ပြန်မလာလို့ ပွဲမှာအရမ်းများမူးနေလား ဘာများဖြစ်နေမလဲလို့စိုးရိမ်နေတဲ့အချိန် ခင်ဗျားကတော့တစ်ခြားမိန်းမတစ်ယောက်နဲ့ခုတင်ပေါ်မှာဖြစ်ချင်တိုင်းကိုဖြစ်ပျက်နေခဲ့တာနော်"

"မဟုတ်ပါဘူးကလေးရယ် ကိုကိုရှင်းပြ..."
"ကျွန်တော်တို့ကွာရှင်းကြမယ်" စျာန့်မှာသူပြောနေရင်းရုတ်တရက်ဖြတ်ပြောလိုက်သောခွန်းသရဲ့စကားကြောင့်ခွန်းသဘက်ကိုမယုံနိူင်အောင်လှည့်ကြည့်မိလိုက်သည်။

"ဘာ ဘာပြောလိုက်တာ ကလေးဘာပြောလိုက်တာလဲ ဟင် "
"ကျွန်တော်တို့ရှေ့ဆက်ဖို့မဖြစ်နိူင်တော့ဘူး အဲ့ဒါကြောင့်ကွာရှင်းရအောင် ခင်ဗျားချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့ပါ "

ခွန်းသ နှုတ်ကထွက်လာသောစကားလုံးတွေကသူ့ခေါင်းပေါ်ကိုမိုးကြားအဆင်းတစ်ရာလောက်ပစ်ခိလိုက်သလိုပင်။တစ်ဆက်တည်းနာကျင်သွားသောနှလုံးသားကိုလျှစ်လျူရှု့၍ စျာန်က ခေါင်းအသွင်သွင်ခါကာ

"မရဘူး မရဘူး ကိုကို ကလေးကိုမကွာရှင်းပေးနိူင်ဘူး"
"ဘာလဲ ခင်ဗျားက ကျွန်တော့်ကိုခင်ဗျားရဲ့နောက်မိန်းမ
ဒီအိမ်ပေါ်ထိရောက်ပြီး ကလေးမွေးတဲ့အထိဆက်ကြည့်ခိုင်းဖို့အတွက်စဥ်းစားနေတာလား"

"မဟုတ်ပါဘူး ကလေးရယ် ကိုကိုကလေ ကိုကို...."စျာန်က ပြောစရာစကားမရှိလောက်အောင်ကိုတုန်ရီနေကာချွေးတွေတောင်ပြန်နေပြီးမျက်ရည်တွေလဲကျကာခွန်းသအားတင်းကြပ်စွာဖက်ထားလိုက်မိသည်။

"ကိုကို့ကိုထားမသွားပါနဲ့ကလေးရယ်
ခွန်းသက စျာန့်ကိုတွန်းထုတ်လိုက်ကာ
"ကျွန်တော့်ကို.....
ခင်ဗျားတို့ ကျွန်တော့်ကိုနောက်ကွယ်မှာ ငတုံးကြီးတစ်ယောက်ဆိုပြီးလှောင်နေမှာဘဲနော်"

"......."
"ကျွန်တော်မသိခဲ့ဘူး ခင်ဗျားကိုချစ်မိတာဒီလောက်ထိနာကျင်ရမယ်မှန်း အကယ်၍ကျွန်တော်သာသိခဲ့ရင်ခင်ဗျားကိုမချစ်မိအောင်ကြိုးစားခဲ့မှာ"

စျာန်တစ်ယောက်မျက်ရည်တွေသာကျနေပြီး ခွန်းသအားကြည့်ကာခေါင်းခါနေမိသည်။
လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်တာဒီလောက်တောင်နာကျင်ရတာလား။

"တကယ်မချစ်နိူင်ရင်လွတ်လပ်ခွင့်ပေးလိုက်ပါ
အရံလူအဖြစ်နဲ့တော့ဆွဲမထားပါနဲ့"

ခွန်းသကပြောပြီးသည်နဲ့အပေါ်ထပ်သို့တက်သွားလေ

"ဘယ် ဘယ်သွားမလို့လဲ ကလေး မသွားပါနဲ့"

"ချစ်ခြင်းမေတ္တာဆိုတာနူးညံတယ်
အဲ့လိုဘဲ
ခင်ဗျားကိုချစ်တဲ့ကျွန်တော့်အချစ်တွေကလည်းအတ္တကင်းတယ်၊ နူးညံ့တယ်
ကျွန်တော်ခင်ဗျားကိုနောက်ဆုတ်ပေးမှာပါ။အဲ့ဒါကြောင့်ခင်ဗျားရှိချင်တဲ့သူနဲ့သာပျော်ပျော်ရွှင်ရွှင်နေခဲ့"

ခွန်းသတစ်ယောက်စျာန်ဆွဲထားသောလက်အားဖြုတ်ချလိုက်ကာအိမ်ထဲမှထွက်သွားတော့သည်။
စျာန်ကတော့ကြမ်းပြင်တွင်ခွေကျသွားကာ

"ကလေး ကလေးရယ် ကိုကိုတောင်းပန်ပါတယ်
ကလေးရယ်မသွားပါနဲ့ ကိုကို့ကိုထားမသွား......."စျာန်ပြောနေရင်းအဲ့နေရာမှာတင်မေ့လဲကျသွားသည်။ယောင်္ကျားရင့်မာကြီးတစ်ယောက်ဟာ ဒီလောက်ထိပြိုလဲစရာမလိုဘူးလို့ထင်ခဲ့ပေမယ့် သူကတော့ထိုနေရာမှာတင်ပြိုလဲသွားခဲ့ပြီ။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now