Ep 14

11.5K 662 13
                                    

Ep 14

ကျွန်တော်ညစာစားဖို့လာတယ်ဆိုတာ အကောင်ပေါက်လေးကမနက်ကအိမ်မှာနေရတာပျင်းလို့ဆိုပြီးပြောလို့အပြင်ထွက်စားပေးတာပင်။ပြီးတော့ဟင်းချက်သင်တန်းကကျွန်တော့်အသိနဲ့လည်းမိတ်ဆက်ပေးမလို့ပါ။

“ကိုစျာန်ထက်ပိုင် ရောက်လာပြီလားထိုင်ဗျာ”

စျာန်က အရှေ့ကလူအားပြုံးပြကာခုံတွင်ဝင်ထိုင်လိုက်သည်။

“ဟုတ်ကဲ့ ဒါကျွန်တော်လက်ထပ်ထားတဲ့ကျွန်တော့်ခင်ပွန်းလောင်းလေးပါ”

“ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ညီလေး အစ်ကို့နာမည်ကခန့်သူပါ”နာမည်ပြောပြီးလက်ကမ်းပေးသည့်အကိုခန့်သူအားပြန်ပြုံးပြရင်းလက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဟုတ်ကဲ့ကျွန်တော့်နာမည်က ဆက်ခွန်းသပါ

တွေ့ရတာဝမ်းသာပါတယ်အကိုခန့်သူ”

ခန့်သူက စျာန့်အားကြည့်ကာ

“ဟင်းချက်သင်တန်းတတ်ချင်တာမင်းကလေးလေးလား”

“ဟုတ်တယ်အကို လူသစ်ဆိုတော့အဆင်မပြေမှာစိုးလို့အကို့ကိုခေါ်ပြီးသေချာအပ်လိုက်ရတာ”

“အေးအေးရပါတယ်ကွာ မင်းခင်ပွန်းဆိုတော့ငါ့ညီလေးလိုပါဘဲ “

“ဟုတ်ကဲ့အကို”

“ဒါနဲ့ညီလေးကဟင်းချက်သင်တန်းတတ်တာ စားသောက်ဆိုင်ဖွင့်မလို့လားကွ”ခန့်သူဆိုတဲ့အကိုကရယ်ရင်းမေးနေလေသည်။

ဟုတ်လဲဟုတ်ပါတယ်လေ ကိုကို့လိုချမ်းသာတဲ့သူက ထမင်းချက်ငှါးလဲရနေတာဘဲ။ကျွန်တော်ကိုယ်တိုင်ဒါတွေသင်ပြီးချက်ဖို့မှမလိုတာပြီးတော့အိမ်မှာကြီးချိုလည်းရှိနေတာဘဲ။အဲ့တော့ ဒီသင်တန်းတတ်တာက စားသောက်ဆိုင်ဖွင့်ဖို့အတွက်ပဲဆိုတာ ဘယ်သူမေးမေးဒီလိုပဲတွေးနေမှာပင်။

“မဟုတ်ပါဘူးအကို ကျွန်တော်လည်းအိမ်မှာနေရတာပျင်းလို့ပါတစ်ခုခုလုပ်နေတော့စိတ်တည်ငြိမ်အောင်လို့ပါ ပြီးတော့ကိုကို့ကိုလည်းကျွန်တော်ကိုယ်တိုင်ချက်ကျွေးချင်လို့ပါ”ခွန်းသကပြုံး၍ပြောနေချိန်ဘေးနားကစျာန်သည်လည်းသူ့ကလေးလေးကိုကြည့်၍ပြုံးနေသည်။

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now