Ep 24

10.7K 601 7
                                    

Ep 24


“ပန်းပွင့်လေးတွေလိုမနူးညံ့ရင်နေပါစေ
   ငှက်ကလေးတွေလိုတော့
   ကိုယ့်အချစ်ကိုတွန်ကြူးချင်တယ်”
  
မနေ့ညကခွန်းသဧည့်ခန်းထဲမှာဘဲအိပ်ဖြစ်လိုက်သည်။အခန်းထဲကိုလည်းပြန်မသွားချင်ပါ။တကယ်မဟုတ်ဘဲနဲ့ကိုယ့်ကိုစွတ်စွဲပြောဆိုနေတာ တော်တော်ခံရခက်သည်။အေးပေါ့ကိုယ်ကချစ်ရတဲ့သူဘဲ သူစေရာပေါ့ဒါပေမယ့်
မိန်းမတစ်ယောက်အတွက်နဲ့ပါးရိုက်ခံရတာတော့ တော်တော်ကိုခံပြင်းသည်။

ဒီနေ့မနက်ခွန်းသအစောကြီးနိုးလာ၍အခန်းထဲသို့တိတ်တိတ်လေးဝင်ကာရေချိုးလိုက်သည်။ပြီးသည်နှင့်အဝတ်စားလဲကာ မနက်စာပင်မစားတော့ဘဲအိမ်မှထွက်ဖို့စဉ်းစားလိုက်သည်။သို့ပေမယ့် အိမ်ရှေ့တံခါးဝသို့အရောက်......

“ဟယ်!!! သားခွန်းလေးအစောကြီးပါလား”
“ဟုတ်တယ်ကြီးချိူ ဒီနေ့အစောကြီးသွားမလို့”

“မနက်စာစားအုံးလေ သားခွန်းရဲ့ “
“မစားတော့ဘူး ကြီးချိုကျွန်တော်သွားတော့မယ်”ပြောပြီးသည်နှင့် အိမ်ကမြန်မြန်ထွက်လာခဲ့သည်။ကိုကိုကလိုတာဝယ်ဖို့ပိုက်ဆံပေးထား၍အဲ့ပိုက်ဆံနဲ့ပင်Taxiငှါးကာ သင်တန်းသို့ထွက်လာခဲ့သည်။

မနက်ခင်းနေရောင်နုနုကလိုက်ကာကြားကနေအခန်းတွင်းသို့ဝင်ရောက်လာသည်။စျာန်တစ်ယောက် ခဏအကြာ
အိပ်နေရာမှနိုးလာခဲ့သည်။ထိုအချိန်ညာဘက်ခြမ်းကိုကြည့်လိုက်မိတော့လွတ်နေသောကြမ်းပြင်သာတွေ့ရသည်။ညက စျာန့်မှာအိပ်လို့မပျော်ခဲ့ပါ... တော်တော်ကြာတဲ့အထိခွန်းသအားထိုင်စောင့်နေသေးသည်။သို့သော်တော်တော်နှင့်ဝင်မလာသောလူကြောင့်စောင့်နေရင်းပင်အိပ်ပျော်သွားလေသည်။အခုလည်းအစောကြီးအိပ်ယာထသွားတာလားမပြောတတ်ပေ။ရေချိုးခန်းထဲသို့ဝင်ကာ ဘေစင်ပေါ်သို့ကြည့်လိုက်ချိန်ဖန်ခွက်ထဲတွင်အရင်လိုသွားတိုက်ဆေးထည့်ထားသောသွားတိုက်တံလေးရှိမနေပါ။ သက်ပြင်းတစ်ချက်ချကာ ရေချိုးသန့်စင်၍ပြန်ထွက်ခဲ့တော့အချိန်ကား၇နာရီပင်ခွဲနေလေပြီ။အဝတ်စားလဲပြီးတာနဲ့ အခန်းအပြင်သို့ထွက်ခဲ့သည်။မနက်စာစားဖို့မီးဖိုချောင်သို့ဝင်လိုက်တော့အရင်လိုခွန်းသအားမတွေ့ရပါ။ကြီးချို ကတော့အသီးရွက်တွေလှီးနေလေသည်။

“ကြီးချို ခွန်းသရော”
“ဟို သားခွန်းလေးက အစောကြီးဘဲသင်တန်းကိုထွက်သွားပြီသားစျာန်”ကြီးချိုရဲ့အပြောကြောင့် စျာန်မျက်မှောင်ကြုတ်လိုက်မိသွားကာ

“ဘာလို့အစောကြီးသွားတာလဲ”
“အဲ့ဒါတော့ကြီးချိုကိုမပြောသွားဘူး ပြီးတော့မနက်စာလည်းမစားသွားဘူးသားစျာန် မျက်နှာလည်းသိပ်မကောင်းဘူး”
“အင်းကျွန်တော်သိပြီဒါဆို ကျွန်တော်လည်းသွားတော့မယ်”
စျာန်လည်းကြီးချိုအားပြောကာ လှည့်ထွက်ခဲ့ကာ ကားပေါ်တက်၍Companyသို့သာမောင်းထွက်ခဲ့သည်။

‘ဘာလို့လဲငါ့ကိုတောင်မစောင့်ဘူး
တောက်!!! ‘

……………………………………….

ခွန်းသလည်းသင်တန်းသို့မဝင်ချင်သေး၍ သင်တန်းနားကCity markတစ်ခုသို့သွားကာမုန့်ဝယ်လိုက်ပြီးသင်တန်းသို့ ပြန်လာခဲ့သည်။သင်တန်းသို့ရောက်သော် ဝေယံကရောက်နှင့်နေပြီဖြစ်ကာကျွန်တော့်ကိုတွေ့သည်နှင့်......

“ခွန်းသ အစောကြီးပါလား”
“အေးငါ ဒီနေ့စောတယ်”
ဝေယံကစကားပြောနေရင်းခွန်းသကိုကြည့်လိုက်တော့မျက်နှာမကောင်းမှန်းသိ၍.....

“ခွန်းသ ဘာဖြစ်နေတာလဲမျက်နှာလည်းမကောင်းပါလား”
“ဘာမှမဖြစ်ပါဘူး ထားလိုက်ပါဒါနဲ့မင်းကရောစောလိုက်တာ”

“အေးငါ့အကိုလေ အဒေါ့်ဆီသွားမလို့တဲ့အဲ့ဒါလက်ဆောင်ဝယ်မယ်ဆိုလို့ငါပါတစ်ခါတည်းလိုက်ခဲ့လိုက်တာ”
“ဪ “

“မနက်ဖြန်လပြည့်နေ့မှာ ငါနဲ့ငါ့အကိုဘုရားသွားမလို့မင်းပါလိုက်ခဲ့ပါလား သင်တန်းလည်းပိတ်တယ်လေကွာနော်”
မနက်ဖြန်လပြည့်နေ့ဖြစ်၍သင်တန်းပိတ်ပေးသောကြောင့် နားချင်သော်လည်း အိမ်မှာလည်းမနေချင်ပါ။ပြီးတော့ကိုကိုလည်းအလုပ်ပိတ်မည်ထင်သည်။ခွန်းသလည်း ဝေယံ့ကိုခေါင်းညိတ်ပြကာ......

“ လိုက်ခဲ့မယ်လေ မင်းငါ့ကိုလာခေါ်ပါလား”
“အင်း မင်းအိမ်လိပ်စာပေးလိုက်လေ “
“ အိမ်လိပ်စာက ရေးပေးမယ်ခဏလေး”

ခွန်းသက ဝေယံ့ကိုအိမ်လိပ်စာရေးပေးပြီးတာနဲ့ လက်ထဲသို့ထည့်ပေးလိုက်ကာ

“အဲ့အိမ်လိပ်စာအတိုင်းသာလာခဲ့”
“အင်းပါဒါဆိုအထဲဝင်မယ်လေ”
“အွန်း” ခွန်းသနှင့် ဝေယံလည်းစကားတပြောပြောနှင့်အထဲဝင်လာကြသည်။

ညနေသင်တန်းဆင်းတော့ ဝေယံ့အကိုနှင့်တိုး၍
“ညီ ဝေယံရော”
“ဪ ဝေယံကသန့်စင်ခန်းဝင်နေလို့အကို “

“ညီ ရောလာမကြိုဘူးလား”
“ကျွန်တော်ဒီနေ့Taxiနဲ့ပြန်မလို့အကို” အကိုတေဇနှင့် ခွန်းသစကားပြောနေချိန်ဝေယံကရောက်လာကာ

“ခွန်းသ မပြန်သေးဘူးလား”
“အင်း မင်းကိုစောင့်နေတာလေ မင်းသန့်စင်ခန်းဝင်နေလို့” ဝေယံက အခုထိခွန်းသကိုလာကြိုသည့်ကားကိုမတွေ့ရသေး၍...

“မင်းကဘာနဲ့ပြန်မှာလဲ”
“Taxiနဲ့လေ “
“ဒါဆိုငါတို့လိုက်ပို့မယ်လေ မနက်ဖြန်မင်းအိမ်လာရင်ငါတို့လည်းအိမ်သိသွားတာပေါ့မဟုတ်ဘူးလား”
“မနက်ဖြန်ဘာဖြစ်လို့လဲ “
တေဇကမေးတော့ဝေယံက သူ့အကိုဘက်ကိုလှည့်ကာ......

“ဪမနက်ဖြန် ခွန်းသလည်းဘုရားလိုက်မှာလေ အဲ့ဒါသူ့အိမ်ကိုသွားခေါ်ရမှာ အခုတစ်ခါတည်းဝင်ပို့လိုက်တော့သူ့အိမ်ကိုသိသွားတာပေါ့”ဝေယံရဲ့ရှင်းပြချက်အဆုံးတေဇကခေါင်းညိတ်လိုက်ကာ......

“ဪ....ဒါဆိုလိုက်ခဲ့လိုက်တော့လေ ညီ”
“ဟုတ်”
ဝေယံပြောတာလည်းဟုတ်နေ၍ကျွန်တော်လည်းတစ်ခါတည်းသာလိုက်ခဲ့လိုက်သည်။အိမ်ရှေ့ရောက်သည်နှင့်ကားပေါ်ကနေဆင်းကာ ဝေယံတို့ကိုနှုတ်ဆက်၍အခန်းထဲကိုသာတန်းဝင်လာခဲ့သည်။အခန်းထဲရောက်သည်နှင့်ရေမြန်မြန်ချိုးကာကြမ်းပြင်တွင်ဖျာခင်း၍တန်းအိပ်လိုက်သည်။အချိန်ကညနေတောင်မစောင်းသေးသော်လည်းညကသေချာမအိပ်ရ၍သင်တန်းမှာပင်အိပ်ငိုက်နေသေးသည်။ပြန်လာတော့လူကနုံးနေ၍ရေးချိုးပြီးဟန်ပင်မဆောင်နိူင် အိပ်ချင်လာသည်။အိပ်ချိန်မှာတော့ နာကျင်မှုတွေစိတ်ညစ်စရာတွေမေ့လောက်မှာပင်။




အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now