Ep 34

9.3K 497 10
                                    

Ep 34

ခွန်းသနှင့်စျာန်တို့နှစ်ယောက်သီချင်းလေးနားထောင်ကာကားမောင်းလာသည်။ခုချိန်ထိလည်းဘယ်သွားမယ်ဆိုတာမသေချာသေး။ဖွင့်ထားသောသီချင်းလေးအားလိုက်ညီးနေသောခွန်းသကြောင့်စျာန်ပြုံးလိုက်မိသည်။

ကလေး ကိုယ်တို့ဘယ်သွားမှာလဲ
ကျွန်တော်ဗိုက်ဆာတယ်မေးတာတစ်ခြားဖြေတာတစ်ခြားပြောနေသောအကောင်ပေါက်လေးကြောင့်စျာန်ကြောင်သွားသည်။ပြီးတာနဲ့သူ့ဘေးတွင်ဗိုက်လေးပွတ်ကာမျက်နှာလေးရှူံ့၍ ပြောနေသောကောင်လေးကြောင့်

တွေ့လားကိုယ်ပြောသားဘဲအိမ်မှာထဲကမနက်စာစားလာပါဆိုခုတော့ဆာနေပြီမလား ကားမောင်းရင်းခွန်းသအားဆူနေသောစျာန်ကြောင့်ခွန်းသနှုတ်ခမ်းဆူလာကာ

ဘာလဲကိုကိုကဒီလိုပြောနေတာ ကြှနျတော့ျကိုမသဒ်ဒါလို့လား

ဟာမဟုတ်ပါဘူး ကလေးလေးရယ်ကိုယ်ကစိတ်ပူလို့ပြောတာပါ ခုဘာစားချင်လဲပြောဒီနေ့တစ်နေ့လုံးကလေးလေးကိုယ့်ကိုပိုင်တယ်ဟုတ်ပြီလားကလေးစေခိုင်းတာကိုလုပ်ဖို့အဆင်သင့်ဘဲ

ကားမောင်းရင်းခွန်းသပြောလိုက်သောစကားကြောင့်စျာန်ပျာပျာသလဲဖြစ်သွားကာအမြန်ရှင်းပြရသည်။ဒါကိုပင် ရစ်စိန်လေးက......

ဒီနေ့တစ်ရက်လုံးပိုင်တယ်ဆိုတော့နောက်နေ့တွေကျွန်တော်မပိုင်တော့ဘူးပေါ့

ရှင်းရင်းနဲ့ရှူပ်နေသောကောင်လေးကြောင့်ကျွန်တော်ရယ်ချင်လာသည်။ဒီအကောင်ပေါက်လေးက တမင်ရစ်နေတာပင်။စျာန်လည်းကားကိုလမ်းဘေးသို့ခဏထိုးရပ်လိုက်သည်။ပြီးသည်နှင့်ခွန်းသဘက်သို့လှည့်လိုက်သောကြောင့်ခွန်းသကြောင်သွားကာ

ကိုကိုဘာလို့ကားကိုရပ်လိုက်တာလဲပြူးကြောင်ကြောင်လေးမေးနေသောခွန်းသအား
ဘာဖြစ်လို့ လို့ထင်လဲ ဟင် ပြောရင်းပင်ခွန်းသမျက်နှာနားတိုးကပ်လာသောကြောင့်

ဘာ ဘာလုပ်မလို့လဲဟင်
ကိုယ်လား ကိုယ့်ကိုတစ်ခွန်းမကျန်ပြန်ပြောနေတဲ့ဒီနှုတ်ခမ်းလေးကိုအပြစ်ပေးမလို့ စျာန့်အပြောကြောင့်ခွန်းသမျက်လုံးပြူးသွားကာ

ဟင် ဘာ... ဘာအပြစ်.....အွတ်...ကိုကို...အွန့်ခွန်းသစကားပင်မဆုံးလိုက်စျာန်ကခွန်းသနှုတ်ခမ်းလေးအားဖိကပ်နမ်းလိုက်သည်။ခွန်းသမှာပါးလေးတွေရဲနေကာစျာန့်ရင်ဘက်အားလက်လေး
နှင့်ကိုင်ထားလေသည်။စျာန်ကခွန်းသအားနမ်းပြီးနောက်လွှတ်ပေးလိုက်ကာ

နောက်တစ်ခါအပြစ်ပေးရင်ဒီထက်ဆိုးမှာနော်
ကိုကိုနော် ခွန်းသမှာစျာန့်စကားကြောင့်ရှက်သွားကာစျာန့်လက်မောင်းလေးအားအသာလေးထုလိုက်သည်။

ကိုကိုမောင်းတော့လေ ကျွန်တော့်ကိုဒီတိုင်းဘဲထိုင်ကြည့်နေမှာလားခွန်းသအပြောကြောင့်စျာန်ပြုံးလိုက်ကာ

ရပါတယ်ခွန်းလေးကကြည့်စေချင်တယ်ဆိုရင်လည်းကိုယ်ကတစ်ချိန်လုံးထိုင်ကြည့်ပေးမှာပေါ့

တော်ပြီဗျာ မောင်းတော့

ခွန်းသရှက်လာကာ စျာန့်အားအတင်းကားမောင်းခိုင်းနေတော့သည်။စျာန်လည်းဘေးနားကရှက်နေသောအကောင်ပေါက်လေးကြောင့်ပြုံးလိုက်ကာကားဆက်မောင်းလိုက်သည်။ခဏအကြာကုန်တိုက်တစ်ခုသို့ရောက်လာ၍နှစ်ယောက်သားဆင်းကာအထဲဝင်လာလိုက်သည်။

ကလေးမုန့်အရင်စားမလား
အင်း Coffeeအေးတစ်ခွက်လောက်ဝယ်လိုက်မယ်အဲ့ဒါသောက်ရင်းနဲ့လျှောက်ကြည့်မယ်လေ ပြီးမှဆိုင်မှာတစ်ခုခုစားကြမယ်လေ နော်

ဟုတ်ပါပြီဗျာ ဒါဆိုဟိုနားကဆိုင်မှာcoffeeအေးသွားဝယ်မယ်လာ

စျာန်ကခွန်းသလက်အားကိုင်ထားကာcoffeeအေးသွားဝယ်သည်။ပြီးသည်နှင့်အပေါ်ထပ်သို့တက်ကာအဝတ်စားရွေးနေသည်။အဝတ်စားဝယ်ပြီးနောက်ထပ်နေရာတွေလျှောက်ကြည့်နေကြသည်။

ဆိုင်တစ်ဆိုင်ရှေ့သို့အရောက်ခွန်းသမှာ တစ်စုံတစ်ခုကိုငေးကြည့်မိလိုက်သည်။ဆွဲကြိုးလေးတစ်ကုံးပလက်တီနမ်နဲ့လုပ်ထားသောဆွဲကြိုးလေးတွင်လခြမ်းပုံလော့ကသီးလေးလည်းပါသေသးည်။စျာန်ကအရှေ့သို့သွားနေရင်းလက်ဖြုတ်ကာအနောက်မှာရပ်နေသောခွန်းသကြောင့်ခွန်းသကြည့်တဲ့နေရာသို့လှမ်းကြည့်လိုက်တော့ဆွဲကြိုးလေးတစ်ကုံးအားငေးမောကြည့်နေသောအကောင်ပေါက်လေးကိုတွေ့လိုက်ရသည်။

စျာန်လည်းခွန်းသနားသို့သွားမည်အလုပ်သူ့ဆီ သို့ပြေးလာသောအကောင်ပေါက်လေးကြောင့်ခြေလှမ်းတို့ရပ်သွားရသည်။

ကိုကို လာလေသွားမယ်လေ
ကလေး ခုနကဘာကြည့်နေတာလဲဟင် စျာန့်မှာခွန်းသကြည့်နေသည့်အရာကိုမြင်ပေမယ့်ဝယ်ပေးပါလားဆိုပြီးပူဆာတာလေးကိုလိုချင်၍မေးလိုက်လေသည်။သို့သော်မှန်းချက်နဲ့လွဲသွားကာ

ဘာမှမဟုတ်ပါဘူးကိုကိုရဲ့ လာလေသွားမယ်
ကလေး ဘာလိုချင်သေးလဲလိုချင်ရင်ပြောလေ စျာန်က စကားလမ်းကြောင်းပေးလိုက်သော်လည်းခွန်းသမှာခေါင်းခါကာ

ဟင့်အင်း မရှိပါဘူး အဲ့ဒါဆိုကျွန်တော်တို့ရုပ်ရှင်သွားကြည့်ကြမလား ဟင် နော် နော်လက်မောင်းကိုကိုင်ကာချွဲနေသောအကောင်ပေါက်လေးကြောင့်စျာန်တစ်ယောက်အရည်ပျော်နေလေပြီ။

ဟုတ်ပါပြီဗျာ သခင်လေးအမိန့်တော်အတိုင်းပါ လာအဲ့ဒါဆိုသွားမယ် သူတို့နှစ်ယောက်ထွက်သွားသည်ကိုဒေါသမျက်လုံးနှင့်ကြည့်နေသောတစ်ယောက်လည်းရှိနေလေသည်။


ခွန်းသနှင့်စျာန်တို့နှစ်ယောက်ရုပ်ရှင်ရုံသို့ရောက်လာကြသည်။လက်မှတ်ဝယ်ရန်လာတဲ့အချိန်တွင်

ဟယ် စျာန်ရုပ်ရှင်လာကြည့်တာလားဟင်
ဪ ဟုတ်တယ် မအေးရိပ် ခွန်းသနှင့်စျာန်တို့လက်မှတ်ဝယ်ရန်လျှောက်လာချိန်အေးရိပ်လည်းရောက်လာကာစျာန့်ဘက်ကိုလှည့်၍ပြုံးပြသော်လည်းခွန်းသဘက်ကိုတော့မပြုံးချင်ဘဲပြုံးပြလိုက်သည်ကိုခွန်းသ သိလိုက်သည်။

ဒါဆိုအေးရိပ်တို့အတူတူကြည့်ကြမလား စျာန့်ဘက်ကိုလှည့်ကာအေးရိပ်မေးလိုက်သည်ကိုစျာန်ကခွန်းသဘက်သို့ပြန်လှည့်၍
ကလေး ဘာကားကြည့်ချင်လဲဟင်
ရပါတယ် ကိုကိုအဆင်ပြေတာကြည့်ပါ

စျာန် အေးရိပ်တို့လေ
ဟိုဘက်ကကားလေးကြည့်ကြမလား အဲ့ကားကလိုင်းပေါ်မှာလူငယ်လေးတွေအကြိုက်များတယ် မင်းသားနဲ့မင်းသမီးကအရမ်းလိုက်ဖက်တယ်တဲ့အေးရိပ်က ခွန်းသဘက်သို့
လှည့်၍ပြောလိုက်သည်ကြောင့်ခွန်းသက

ကိုကိုခုနကဘာကြည့်မလဲမေးတယ်နော် သရဲကားကြည့်ကြမလား
အင်း ကလေးသဘောလေ စျာန့်စကားကြားတော့အေးရိပ်တစ်ယောက်ခွန်းသကိုမျက်စောင်းထိုးပြီးကြည့်လိုက်သည်။ခွန်းသလည်းမသိချင်ယောင်ဆောင်၍

ဒါဆို မအေးရပ်ကဟိုဘက်ကကားကြည့်မှာမလားကျွန်တော်တို့ကသရဲကားကြည့်မှာ ဒါဆိုမတူဘူးဆိုတော့ သွားတော့မယ်နော်ခွန်းသ ကစျာန့်လက်အားဆွဲကာသွားတော့မည့်အချိန်

ခဏလေးအေးရိပ်လည်းစျာန်တို့နဲ့အတူလိုက်ကြည့်မယ်
ဟင် အမကသရဲကားမကြည့်ဘူးဆိုခွန်းသကပြောလိုက်တော့
ရပါတယ် ဒီမှာကအဖော်ရှိတယ်လေထိုအခါ
စျာန်က

အဲ့ဒါဆိုသွားကြရအောင် ဟုပြောကာခွန်းသလက်အားဆွဲကာထွက်သွားသောစျာန်ကြောင့်အေးရိပ်တစ်ယောက်ခွန်းသအားကြည့်ကာတောက်ခေါက်လိုက်သည်။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now