Ep 10

11K 602 2
                                    

Ep 10
လူရှင်းတဲ့ပန်းခြံတစ်ခုကခုံတစ်ခုံတွင် စျာန်ထက်ပိုင်တစ်ယောက်တည်းထိုင်နေလေသည်။တကယ်တော့သူ့ရဲ့ချစ်ရသူအားထိုင်စောင့်နေသည်ဆိုရင်ပိုမှန်ပေလိမ့်မည်။ထိုအချိန် စျာန့်အနားသို့ခွန်းသရောက်လာလေသည်။ရှပ်အဝါလက်တိုလေးနှင့်ပုဆိုးအမဲကွက်စိပ်လေးဝတ်ထားသောခွန်းသက ပုခုံးတစ်ဖက်တွင်လည်းကျောပိုးအိတ်လေးကိုလွယ်ထားသေးသည်။စျာန့်မျက်လုံးထဲတွင်တော့ခွန်းသကဘယ်လိုကြည့်ကြည့်ကိုချစ်ဖို့ကောင်းနေလေသည်။

“အကိုစောင့်နေတာကြာပြီလား ကျွန်တော်ကားတွေပိတ်နေလို့”
“ရပါတယ်အကိုက ခွန်းအတွက်ဆိုဘယ်လောက်စောင့်ရစောင့်ရအေးဆေး စောင့်နိူင်တယ်”

“အကိုကတော့ခြွေတယ်ဗျာ”အပြုံးလေးနှင့်ပြောလာသောကောင်လေးကြောင့်စျာန်လည်းရယ်လိုက်ကာ......
“ဟား....ဟား.... ကြွေသွားပြီလား....အတည်ပြောတာပါကွာ”

လေပြေအေးလေးတွေတိုက်ခတ်နေသော
ပန်းခြံတစ်ခုကခုံတန်းလေးတစ်ခုတွင်ကောင်လေးနှစ်ယောက်စကားပြောရင်းရယ်မောနေလေသည်။

“ဒါနဲ့အကို ကျွန်တော့်ကိုဘာပြောမလို့လဲ ပြောလေ”

“ဪ အကို့ကိုအဖြေမပေးသေးဘူးလားလို့လေ အကိုကမနက်ဖြန်ခရီးသွားရမှာမသွားခင်လေးပျော်သွားချင်တယ်ကွာ”မနက်ဖြန် Companyကသူတွေနဲ့ခရီးတစ်ခုသွားရမှာဖြစ်သည်။၃ရက်လောက်ကြာပေမယ့်ဒီကအကောင်ပေါက်လေးနဲ့လည်းခွဲရအုံးမှာမို့မခွဲချင်ပါသူလွမ်းရအုံးမည်။

“အဲ့ဒါဆိုအကိုပြန်လာရင်ပေးမယ် ဘယ်လိုလဲ”
“ဟာ.....တကယ်ပြောတာနော် ပြန်လာရင်တကယ်ပေးမှာလား”
“ဟုတ်ကဲ့ “
“ဟား...ဟား....ပျော်သွားပြီကွာ”
အမှန်တော့ကျွန်တော်အကို့ကိုချစ်မိနေလေပြီ။ မသွားခင်ပေးရင်မခွဲနိူင်ဘူးဘာညာနဲ့အလုပ်ထဲစိတ်မရောက်မှာစိုးလို့ပြန်လာရင်ပေးမယ်ပြောလိုက်တာပါ။ဟုတ်တယ်ကျွန်တော်အကို့ကိုချစ်မိနေပြီ။
“အဲ့ဒါဆိုကျွန်တော်ပြန်တော့မယ်နော်ညနေဆိုတော့မိုးချုပ်မှာစိုးလို့”

“အကိုလိုက်ပို့မယ်လေ လာသွားမယ်”အိမ်ပြန်လမ်းတွင် အဖြေပေးတော့မဲ့ကောင်လေးရယ် ကိုယ်ချစ်တဲ့သူဆီကအဖြေရတော့မှာမို့ပျော်နေတဲ့ကောင်လေးရယ် ကားတစ်စီးထဲတွင်အတူတူရှိနေကြသည်။ ဒီနေ့မှညနေခင်းအိမ်ပြန်ချိန်လေးက လှပနေသလိုပင်။

…………………………………………………………
“Morning ကိုကို “
“Morningပါ ညီမလေး ကိုကိုပြန်ရင်ဘာဝယ်ခဲ့ရမလဲ”
“ရပါတယ် မုန့်တော့ဝယ်ခဲ့နော် ဟီးဟီး....”
“ဟုတ်ပါပြီကွာအစားပုပ်လေး ဝယ်ခဲ့ပါ့မယ် အိမ်မှာကောင်းကောင်းနေခဲ့နော်”
“ဟုတ်ကိုကို အခုတော့မနက်စာစားလိုက်အုန်းနော်“
မိဘတွေမရှိတော့ထဲက ဒီညီမလေးသာသူ့ရဲ့ဘဝလေးဖြစ်ခဲ့သည်။စျာန်လည်းညီမဖြစ်သူရဲ့အလိုကျမနက်စာစားပေးလိုက်ကာ......
“အဲ့ဒါဆိုကိုကို သွားပြီနော်”စျာန်ကတော့သူသွားရမဲ့မန္တလေးခရီးစဥ်လေးကိုအပြုံးလေးနှင့်ထွက်ခွာသွားသည်။ ပြန်လာရင်အဖြေရတော့မှာလေ။ အပြန်ကျရင်ရောအဲ့လိုပြုံးနိူင်ပါ့မလား။
………………………………………………………….
ငွေနှင်းမှာ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေလေသည်။ သူဒီနေ့ ခွန်းသကိုဝန်ခံမည်။ သူ့အချစ်ကို ခွန်းသ သိအောင်လုပ်ရမည်။နောက်ဆုံးတွင်အသက်ကိုပြင်းပြင်းရှူကာခွန်းသအားဖုန်းခေါ်လိုက်လေသည်။
ခဏအကြာခွန်းသ ဖုန်းကိုင်လာ၍......
“ဟယ်လိုခွန်းသ နင်အားလားဟင်”
“အင်း အားပါတယ် ဘာဖြစ်လို့လဲငွေနှင်း”
“ဟိုငါနင့်ကိုပြောစရာရှိလို့ ငါတို့ကျောင်းရှေ့နားကပန်းခြံလေးကိုလာခဲ့ပါလား”
“ဪ လာခဲ့မယ်လေ “
“အင်းအဲ့ဒါဆိုငါစောင့်နေမယ်နော် အဲ့ဒါဆိုဒါဘဲနော်”
‘အင်းငါသူ့ကိုဝန်ခံရမယ် ‘ ငွေးနှင်းကတော့
ပြုံးပျော်နေလေသည်။သူ့ရဲ့ပထမဆုံးအချစ်ကိုသူ့ကိုယ်တိုင်ဝန်ခံရမည်။
………………………………………………………….
အုံ့မှိုင်းနေသောကောင်းကင်ပြင်ကြီးတစ်ခုအောက်ကလူရှင်းသောပန်းခြံထဲတွင်ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်ရှိနေလေသည်။ခွန်းသက ငွေနှင်းကိုကြည့်ကာ......

“ငွေနှင်းနင်ငါ့ကိုပြောစရာရှိတယ်ဆို ပြောလေ”

“ငါလေ ဟို.....”ငွေနှင်းမှာယောင်္ကျားလေးတစ်ယောက်ကိုသူ့ဘက်ကစ၍ဝန်ခံရမည်မို့ရင်ခုန်နေလေသည်။ထို့အပြင်မိန်းကလေးတစ်ယောက်ဖြစ်တဲ့သူ့ကိုအထင်သေးမှာလည်းကြောက်နေလေသည်။ခွန်းသက တွန့်ဆုတ်ဆုတ်လုပ်နေသောငွေနှင်းကြောင့်....

“ပြောလေ ဘာအကူညီတောင်းမလို့လဲ”
“ဟို....နင်လေ ချစ်သူမရှိဘူးမလားဟင်”သိသည်။ခွန်းသမှာချစ်သူမရှိဘူးဆိုတာကိုငွေနှင်းသိပေမယ့်တမင်စကားပလ္လင်ခံလိုက်ခြင်းဖြစ်သည်။ငွေနှင်းရဲ့အပြောကြောင့်ခွန်းသက မျက်ခုံးပင့်ကာ......

“အထူးအဆန်းပါလား နင့်မေးခွန်းက ငါ့မှာခုချိန်ထိတော့ချစ်သူမရှိသေးပါဘူး ဘာဖြစ်လို့လဲ”

“နင်ချစ်နေတဲ့သူရောရှိလားဟင်”ငွေနှင်းမှာသိရဖို့အတွက်ခွန်းသအားမဝံ့မရဲနဲ့မေးနေမိသည်။ခွန်းသ ချက်ချင်းပြုံးရိပ်လေးသမ်းလာကာ.......

“အွန်း ရှိတယ် ငါအရမ်းချစ်ရတဲ့သူရှိတယ်။ အမှန်တိုင်းပြောရရင်မြင်မြင်ချင်းထဲကငါ့မသိစိတ်ကသူ့ကိုသဘောကျသွားတာဆိုပိုမှန်တယ်ထင်တယ်” ခွန်းသအတွေးထဲတွင်ရုပ်ရည်ချောမော၍မြင်သူတိုင်းငေးကြည့်နေရတဲ့စျာန့်ကိုမြင်နေမိသည်။ငွေနှင်းမှာခွန်းသရဲ့စကားကြောင့်နည်းနည်းတွန့်သွားပေမယ့်သူများဖြစ်နေမလားဆိုတဲ့အတွေးဖြင့်အရဲစွန့်ကာ......

“ဟိုငါလေ နင့်ကိုပြောမယ်ဆိုတာက”
“……..”

“ငါလေနင့်ကိုပြောမယ်ဆိုတာထက်ဝန်ခံစရာရှိတာဟ “
“အင်း ပြောလေ”

“ငါ ငါလေ ငါနင့်ကိုချစ်တယ်ခွန်းသ”

“ဟင်”ခွန်းသတစ်ယောက်ကြောင်အ သွားရသည်။ ငွေနှင်းကသူ့ကိုချစ်တယ်တဲ့။မဖြစ်နိူင်တာသူနဲ့ဆိုသူငယ်ချင်းလိုဘဲခင်မင်လာခဲ့တဲ့ကောင်မလေးကအခုတော့သူ့ကိုချစ်တယ်တဲ့။

“ဟုတ်တယ်ဟ ငါနင့်ကိုမြင်မြင်ချင်းထဲကပြောရရင်ချယ်ရီမိတ်ဆက်ပေးထဲကချစ်ခဲ့တာ”ခွန်းသမှာ အခြေနေမဆိုးခင်......

“ဟိုငါလေ ငါ့မှာချစ်ရသူရှိတယ်ငွေနှင်း ငါသူ့ကိုဘဲချစ်တယ်”ဟုတ်ပါတယ်ကျွန်တော်အကို့ကိုဘဲချစ်သည်။ခွန်းသရဲ့စကားကြောင့်ငွေနှင်းကမျက်နှာပျက်စွာပင်........

“ဒါမဲ့ငါလည်းနင့်ကိုတကယ်ချစ်တယ်လေဟာ ငါမြင်မြင်ချင်းထဲကချစ်ခဲ့ရတာပါဟ့”ငွေနှင်းဝမ်းနည်းလာသည်။ တကယ်အချစ်စစ်မှန်ရင် ပြန်ချစ်လာမယ်လို့ယုံကြည်ထားတာ။အခုတော့.......

“ငါလည်းသူ့ကိုတကယ်ချစ်မိသွားပြီဟ”
“နင်ချစ်တဲ့သူကဘယ်သူလဲဟင်ခွန်းသ”ခွန်းသလေးလေးနက်နက်ပြောလာသောစကားတွေကြောင့်ငွေနှင်းလည်းအရဲစွန့်ကာမေးလိုက်မိသည်။မဟုတ်မှလွဲရောချယ်ရီ့ကိုလား......။

“ငါတကယ်ပြောရမှာလား ငွေနှင်း”
“အင်း ငါသိချင်တယ်”ငွေနှင်းတကယ်ကိုသိချင်မိပါသည်။ဘယ်သူမို့လို့ငွေနှင်းကိုတောင်မရွေးဘဲသူ့ကိုရွေးရတာလဲဆိုတာတကယ်သိချင်မိတယ်။
“တကယ်တော့ငါနင့်အကို့ကိုချစ်နေတာ နင့်အကိုကလည်းငါ့ကိုဖွင့်ပြောထားတယ် ငွေနှင်း”ငွေနှင်းမှာခွန်းသရဲ့စကားတွေကြားပြီးချိန်တွင်အနောက်သို့ခြေနှစ်လှမ်းလောက်ဆုတ်ခွာမိသွားသည်။

“ဟင် ငါ့ ငါ့အကို ကို”
တုန်လှုပ်သွားမိသည်။ ခွန်းသချစ်နေတဲ့သူက အကို့ကိုလား
ငါ့ရဲ့အကိုအရင်းကို......။

“ဟုတ်တယ်နင့်အကိုခရီးကပြန်လာရင်ငါအဖြေပေးမယ်ပြောထားတာ ငွေနှင်း”

“ဟင့်အင်းငါသဘောမတူဘူး နင်တို့က
ယောကျာ်းလေးတွေလေငါသဘောမတူဘူး ဘယ်လိုယူမှာလဲ”

ငွေနှင်းမှာမျက်ရည်တွေတသွင်သွင်စီးကျနေခဲ့သည်။ ‘သဘောမတူနိူင်ဘူးကိုယ်ချစ်တဲ့သူတစ်ယောက်ကို အကိုအရင်းနဲ့ပြိုင်လုရမှာလား’မဖြစ်နိူင်ဘူး။

“ယောင်္ကျားလေးအချင်းချင်းလဲဘာဖြစ်လို့လဲ ချစ်တာဘဲမုန်းတာမှမဟုတ်တာ အချစ်မှာမျက်စိမရှိဘူးဆို ဖြူတာမဲတာမရှိဘူးဆို အဲ့ဒီအတိုင်းဘဲငါတို့နှစ်ယောက်ရဲ့အချစ်မှာလဲ ကျား/မ ဆိုတာမရှိဘူးငွေနှင်း”

“ဒါပေမယ့်ငါကနင့်ကိုချစ်နေတယ်လေ ငါသဘောမတူဘူးခွန်းသ ငါ့ကိုရင်ကွဲအောင်မလုပ်ပါနဲ့ဟာ ငါသဘောမတူနိူင်ဘူး......”မျက်ရည်များနှင့်သဘောမတူနိုင်ကြောင်းပြောတဲ့ကောင်မလေးဟာ တုန်လှုပ်နေခဲ့သည်။

“နင်သဘောမတူလဲ ငါအကို့ကိုချစ်တယ်ငွေနှင်း
သူ့ကိုတကယ်ချစ်မိသွားတာ တောင်းပန်ပါတယ် ငါနင့်ကိုမချစ်နိူင်ဘူး ငါသွားတော့မယ်”ခွန်းသ ကပြောပြီးသည်နှင့် ထွက်သွားသည်။တောင်းပန်ပါတယ်ငါ့နှလုံးသားကနင့်အတွက်မဟုတ်ဘဲ နင့်အကိုအတွက်ဖြစ်နေခဲ့လို့။
………………………………………………………….
ပန်းခြံထဲတွင် ငွေနှင်းတစ်ယောက်အရုပ်ကြိုးပျက်ထိုင်ချမိသည်။

“သူက ကိုကို့ကိုချစ်နေတာတဲ့ ကိုကိုကလဲချစ်နေတယ်တဲ့ ဘာလဲ မဖြစ်နိူင်ဘူး ငါလည်းနင့်ကိုချစ်နေတဲ့သူပါဟာ
ငါ့ကိုကျတော့ကိုကိုဘာလို့ဒီအကြောင်းတွေမပြောရတာလဲ ငါ့အတွက်မျှော်လင့်ချက်လေးတောင်မရှိတော့ဘူးလား”

ပန်းခြံထဲတွင် ငိုကြွေးနေတဲ့ကောင်မလေးကမယုံနိူင်ဘူးဖြစ်နေခဲ့သည်။ငါ့အတွက်မျှော်လင့်ချက်တောင်မရှိတော့ဘူးလားဟင် ဟင့်အင်း အသည်းကွဲခံပြီးကိုယ်ချစ်တဲ့သူကတခြားတစ်ယောက်တဲ့ပျော်နေတာကိုမကြည့်နိူင်ဘူး။
ပြီးတော့ကိုယ့်အကိုအရင်းနဲ့တဲ့။
မျက်ရည်များနှင့်ကောင်မလေး၏အိမ်ပြန်ချိန်သည်အရင်လိုမလှပခဲ့ပါ။သူဟာအတွေးတွေလွန်နေခဲ့သည်။
ယောကျာ်းတစ်ယောက်ကြောင့်.........



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now