Ep 45

7.5K 381 0
                                    

"ကလေးဘာချက်နေတာလဲ"

"ဒါကငါးဖယ်သုတ်နေတာလေ ကိုကိုကြိုက်တယ်မလား"

"ဟင့်အင်းမကြိုက်ဘူး"

"ဟင် ဟုတ်လား အဲ့ဒါဆိုကိုကိုဘာကြိုက်လဲကျွန်တော်ထပ်လုပ်ပေးမယ်လေ" ထိုအခါစျာန်ကခွန်းသ၏လည်တိုင်လေးအားနမ်းလိုက်ကာ

"ကိုကိုက ဒီကလေးလေးကိုဘဲကြိုက်တာ"

"ကိုကိုနော်  အကောင်းမေးတာကို"

"ဟင် ကိုကိုလည်းအကောင်းဖြေတာကို"

ခွန်းသကပြောရင်းပင်ငါးဖယ်သုတ်ကိုစားပွဲပေါ်ကိုတင်လိုက်သည်။

"ထမင်းစားတော့မလား ကျွန်တော်ပြင်လိုက်တော့မယ်"

"ကလေးကဆာပြီလား"

"ကလေးကမဆာသေးပါဘူး ကိုကိုဆာနေပြီလားလို့"

"ကိုကိုကဆာနေပြီ ဒါမဲ့ ကလေးလေးကို"

ဟုပြောကာခွန်းသနှုတ်ခမ်းလေးအားနမ်းလိုက်သည်။

"ကိုကို ဘာဖြစ်နေတာလဲ"

"ကလေးကိုချစ်လို့လေ ထမင်းကမဆာသေးပါဘူးလာTVသွားကြည့်မယ်"

ပြောရင်းပင်လက်ဆွဲကာစျာန်နှင့်ခွန်းသတို့နှစ်ယောက်TVကြည့်ရန်လာခဲ့ကြသည်။

စျာန်ကဆိုဖာပေါ်မှာထိုင်ကာခွန်းသကိုတော့သူ့ပေါင်ပေါ်တွင်တင်ထားကာဖက်ထားလေသည်။

"ကလေး ကိုကို့ကိုနမ်းပါအုန်း"

"..........."စျာန်ပြောလိုက်တော့နမ်းဖို့မပြောနဲ့လှည့်တောင်မကြည့်သောအကောင်ပေါက်လေးကြောင့်နည်းနည်းတော့အချဉ်ပေါက်လာသည်။သဲကြီးမဲကြီးကြည့်ရအောင်လည်း

TVမှာလာနေတာကကြောင်နဲ့ကြွက်ကား

'ဘာလဲ ကိုယ်ကအဲ့ကြောင်နဲ့ကြွက်လောက်တောင်အရေးမပါဘူးလား '

စျာန်လည်း သူ့ဘာသာပြန်တွေးကာကိုယ်တိုင်တောင်မသိဘဲနှုတ်ခမ်းဆူမိလိုက်သည်။

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now