"ခွန်းကိုယ်တောင်းပန်ပါတယ်ကွာ ခွန်းအထင်လွဲနေတာပါ" ခွန်းသလည်းကုတင်ပေါ်မတတ်မှီစျာန့်ဘက်ကိုလှည့်၍မဲ့ပြုံးပြုံးကာ

"ကျွန်တော့်မျက်လုံးနဲ့သေချာမြင်တာကိုအထင်လွဲနေတာတဲ့လား"
"မဟုတ်ပါဘူး ခွန်းရယ် အဲ့ဒါက..."စျာန့်စကားမဆုံးသေး

"ကိုကိုကကျွန်တော့်ကိုမချစ်ဘဲယူခဲ့တဲ့အတွက်ကျွန်တော်နားလည်ပါတယ် ကိုကိုသူနဲ့ပျော်ရင်ကျွန်တော်ကထွက်သွားပေးမှာပါ"

"မဟုတ်ဘူးခွန်းထွက်သွားလို့မရဘူး"

"ဘာလဲ ကျွန်တော့်ကိုဒဏ်ရာတွေပေးပြီးပျော်ပျော်ကြီးကြည့်နေအုန်းမလို့လား ကိုကိုအဲ့မိန်းမနဲ့ပလူးနေတာကိုကျွန်တော်ကထပ်ပြီးကြည့်ပေးရအုန်းမှာလား" ခွန်းတစ်ယောက်မျက်ရည်များကျကာ စျာန့်ကိုပြောနေလေသည်။စျာန်က ခွန်းသစကားကြောင့် စိတ်တိုသွားကာ......

"ခွန်း!!!မင်းဘယ်လိုပြောလိုက်တာလဲ ငါတို့ကလုပ်ငန်းချင်းကိစ္စဘဲရှိတာကျန်တာဘာမှမရှိဘူး"

"ဒါပေမယ့် အဲ့ဒီမိန်းမကရှိနေတယ်လေ အဲ့မိန်းမကကိုကို့ကိုမြူဆွယ်နေတာလေ ကိုကိုကလည်းအဲ့မိန်းမကို...."

"ဆက်ခွန်းသ!!! မင်းတို့လိုဘုရားပေါ်တောင်ဖြစ်ချင်သလိုဖြစ်နေတာမဟုတ်ဘူးကွ" စျာန်တစ်ယောက်ခွန်းသအားဒေါသမျက်လုံးများနှင့်ကြည့်ကာပြောနေလေသည်။သို့ပေမယ့်ခွန်းသလည်းစျာန့်ကိုပြန်ကြည့်ကာ......

"ဟုတ်တယ် အဲ့တော့ဘာဖြစ်လဲ ကျွန်တော်တို့က ဘာမှမလုပ်လို့ဘုရားပေါ်မှာရှိနေနိူင်တာလေ ကိုကိုတို့လို အခန်းထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေတာမှမဟုတ်ဘဲ"

"ဘာ......ခွပ်" စျာန်တစ်ယောက် ခွန်းသပြောသောစကားကြောင့်အသိစိတ်လွတ်ကာခွန်းသအားထိုးမိသွားသည်။ခွန်းသတစ်ယောက်သွေးထွက်သွားသောနှုတ်ခမ်းအားလက်နှင့်သုတ်လိုက်ကာ

"ကိုကိုကအဲ့မိန်းမကိုထိတော့နာတယ်ပေါ့ ကိုကိုအတွက်ကျွန်တော်ကအဲ့မိန်းမလောက်တောင်အရေးမပါဘူးလား သုံးခါ သုံးခါရှိသွားပြီ ကိုကို အဲ့မိန်းမကြောင့်ကျွန်တော့်ကိုရိုက်တာသုံးခါရှိသွားပြီ"
စျာန်လည်းစိတ်တိုနေ၍သူ့ရှေ့ကခွန်းသအား

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now