“မဖြစ်သေးပါဘူး အနွေးထည်ဝတ်ခိုင်းရမယ်”စျာန်လည်း ခွန်းသခန္ဓာကိုယ်အားလှုပ်နိူး၍

“ခွန်းသ ထစမ်းအေးနေတာကိုအနွေးထည် ထဝတ် ဟေ့ ပြောနေတာကြားလား ထလို့”

‘ဟာဒီကောင်လေးခေါ်နေတာလည်းမနိူးဘူး’

“မဖြစ်ဘူးဒီလိုဆိုရင်ဖျားလိမ့်မယ်” စျာန်လည်းဗီရိုထဲမှခွန်းသအနွေးထည်လေးအားယူကာခွန်းသခန္ဓာကိုယ်လေးကိုအသာမပြီးဝတ်ပေးလိုက်ပြီးသူလည်းကုတင်ပေါ်တွင်သွားအိပ်လိုက်သည်။မသွားခင်ချစ်ရသူလေး၏နံဖူးလေးကိုနမ်းသွားသေးသည်။

……………………………….

ညတုန်းကမိုးရွာ၍လားမသိမနက်ခင်းတွင်နေရောင်ကဖျော့နေသည်။သစ်ရွက်လေးတွေမှလည်းရေစက်လေးတွေဝေ့သီနေလေသည်။စျာန်အိပ်ယာမှနိုးလာသည်နှင့် ညာဘက်ကြမ်းပြင်ကိုကြည့်လိုက်သော် ခုထိမထသေးဘဲကွေးကွေးလေးအိပ်နေသောချစ်ရသူအကောင်ပေါက်လေးကြောင့်ပြုံးမိသွားသည်။

စျာန်လည်းအိပ်ယာမှထကာရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ သွားတိုက်ဆေးနှင့်သွားတိုက်တံကိုယူကာ ခွန်းသအတွက်ပါအဆင်သင့်လုပ်ပေးထားလိုက်သည်။စျာန်လည်းသွားတိုက်ပြီးသည်နှင့်ရေပါတစ်ခါတည်းချိုးလိုက်သည်။

ခဏအကြာအခန်းထဲကထွက်လာလိုက်ကာခေါင်းသုတ်ရင်းကြမ်းပြင်သို့

အကြည့်ရောက်ချိန် အခုထိမထသေးသောခွန်းသကြောင့်......

“မဟုတ်သေးပါဘူးခါတိုင်းဆိုဒီချိန်ထနေပါပြီ”

 စျာန်လည်းခွန်းသနားသို့သွားကာ

“ခွန်းသ ထစမ်းဒီချိန်ထိအိပ်မနေနဲ့ခေါင်းကိုက်

လိမ့်မယ် သင်တန်းသွားရအုန်းမယ်လေ ထတော့”

ဒီလောက်အသံကျယ်ကျယ်နဲ့နှိုးနေတာတောင်တုတ်တုတ်မျှမလှုပ်တဲ့အကောင်ပေါက်လေးကဖင်ထဲကြွက်ဝင်ရင်တောင်သိမည်မဟုတ်။

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now