“ကောင်းပါတယ်ကွာ စျာန်ထက်တို့ကတော့နောက်ဆိုခင်ပွန်းရဲ့လက်ရာကောင်းကောင်းလေးကိုစားရတော့မယ်ဟေ့”ခန့်သူကစျာန့်အားစနောက်နေ၍

“ဒါကတော့အကိုလဲစားချင်ရင်မိန်းမယူလိုက်လေဗျာ လွယ်လွယ်လေးကို”

“ဟား...ဟား...ငါ့လက်ရာဘဲငါစားပါ့မယ်ကွာ”အပြန်အလှန်နောက်နေကြချိန် ခွန်းသမှာ စျာန့်ကိုကြည့်နေမိသည်။ကိုကိုဒီလိုမရယ်တာဘယ်လောက်ကြာနေပြီလဲ။သေချာတာကတော့သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲနေ့ကတည်းကပင်။

ကိုကိုကကြည့်ကောင်းသည်။ခန့်ညားသည်။ကိုကို့ကိုပိုင်ဆိုင်ရတာဟာသူ့အတွက်တော့အလွန်ကံကောင်းလွန်းသည်။

“ကဲ!!!စကားကောင်းနေတာနဲ့စားစရာတွေတောင်အေးကုန်တော့မယ် စားကြလေဗျာ”တစ်ယောက်တစ်ခွန်းစနောက်နေကြ၍ မှာယူထားသော

အစားစာတွေတောင်အေးနေလေပြီ။

“ဒီနေ့ဒီဝိုင်းကိုကျွန်တော်ရှင်းမှာနော်အကို”စျာန် ပြောလိုက်တော့......

“ဒါဆိုလဲကောင်းတာပေါ့ကွာ ဟား...ဟား....”

ခွန်းသလည်းစားနေရင်း

အကိုခန့်သူကပျော်ပျော်နေတတ်မှန်းခွန်းသ ရိပ်မိလိုက်သည်။

ပုဇွန်နှင့်ဓာတ်မတည့်သောအကောင်ပေါက်လေးအားကြက်သဲကြက်မျစ်လေးတွေသာစားခိုင်းရသည်။အသီးအရွက်ကလည်းမပါမဖြစ်ပေါ့။စျာန့်မှာကန်စွန်းပလိမ်းနဲ့ ကြက်သဲကြက်မျစ်နှင့်သာခွန်းသအားများများစားခိုင်းရသည်။

အကိုခန့်သူနှင့်စျာန်သည် အရင်ထဲကခင်ကြသည်။နိူင်ငံခြား၌ စာဖိုမှူးလုပ်နေသောအကိုခန့်သူသည် မြန်မာနိူင်ငံကိုပြန်လာ၍ ဟင်းချက်သင်တန်းဖွင့်ကာ သူ့တပည့်များနှင့်ထားထားလေသည်။တစ်ခါတစ်လေဆိုလည်းသင်တန်းသို့သူသွားတတ်သည်။

ထိုအချိန်ထမင်းစားနေရင်းအကိုခန့်သူထံမှပြောလာသောစကားတို့ကြောင့်ထမင်းစားနေသည့်စျာန့်လက်တို့ရပ်တန့်သွားရသည်။

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now