Ep 6
ကျောင်းကိုရောက်သည်နှင့်ငွေနှင်းရဲ့ သူငယ်ချင်းသုံးယောက်က ငွေနှင်းဆီသို့ရောက်လာကြသည်။
ဟဲ့ငွေနှင်း ငါတို့ကနင့်ကိုစောင့်နေကြတာနင်ကလည်းနောက်ကျလိုက်တာ
ဟီးဟီးငါအိပ်ယာထနည်းနည်းလေးနောက်ကျသွားလို့ပါဟ နင်တို့ကလဲ

ဟုတ်ပါပြီ ဒါပေမယ့်ဒီဆင်ခြေကြီးကရိုးနေပါပြီနော်
အဲ့ဒါဆိုဘာလို့မေးနေသေးလဲ
ပြောမိတဲ့ငါတို့အမှားပါနော်

ဪ.... ဒါနဲ့ငါနင်တို့ကိုငါ့ကိုကိုနဲ့မိတ်ဆက်ပေးမယ်
ဒါကငါ့အစ်ကိုအရင်း ဈာန်ထက်ပိုင်တဲ့ ကိုကိုဒါက ညီမလေးသူငယ်ချင်းတွေ သူကချယ်ရီ သူက ကသစ် သူကတော့ဆက်ခွန်းသတဲ့
ဟုတ်တွေ့ရတာဝမ်းသာပါတယ် ညီမလေးတို့ ဒီကညီရောဘဲ
ဟုတ်ညီမတို့လဲတွေ့ရတာဝမ်းသာပါတယ်အကို
ကျန်နှစ်ယောက်ကနှုက်ဆက်နေပေမယ့်ဆက်ခွန်းသဆိုတဲ့ကောင်လေးကတော့မနှုက်ဆက်ဘဲဒီတိုင်းသာနေနေသည်။
ဈာန်လည်း သူ့ညီမရဲ့သူငယ်ချင်းတွေအား......
နောက်ဆိုအိမ်လာလည်လေကျောင်းပိတ်ရက်ကျရင်အခုတော့အကို့ကိုခွင့်ပြုပါအုန်း
ဟုတ်အကိုကောင်းကောင်းသွားပါ

ခွန်းလေး အကိုသွားပြီနော်
ဟမ် ဟုတ် ဟုတ်ကဲ့
ညီမလေးကိုကိုသွားပြီနော်ကောင်းကောင်းနေခဲ့နော်
ဟုတ်ကိုကို

ဈာန်တစ်ယောက် ညီမလေး သူငယ်ချင်းဆိုတဲ့သူတွေနဲ့နှုက်ဆက်ပြီးနောက် Company သွားရန်ကားထဲသို့ဝင်ခဲ့လိုက်သည်။
ကားထဲဝင်ပြီးကျောင်းဘက်သို့တစ်ခဏတော့လှည့်ကြည့်မိလိုက်သည်။ ညီမလေး ရဲ့သူငယ်ချင်းဆက်ခွန်းသဆိုတဲ့ကောင်လေးကရယ်မောနေလိုက်တာများ.ဘာတွေပြောနေလို့လဲမသိ ခုနကသူနဲ့မိတ်ဆက်တုန်းကနဲ့တခြားဆီပါ။
ဘယ်လိုဘဲဖြစ်ဖြစ်သူလေးကချစ်ဖို့ကောင်းသည်။ ကိုယ်မင်းကိုမြင်မြင်ချင်းသဘောကျမိသွားပြီထင်တယ်ကလေးလေးရာ ကားမောင်းရင်း အဲ့ကလေးလေးအကြောင်းဘဲတွေးနေမိတယ် ဘယ်လိုလေးတောင်ချစ်ဖို့ကောင်းရတာလဲကွာ။ ကိုယ့်ပါးစပ်ကမြင်မြင်ချင်းသူစိမ်းတစ်ယောက်ကိုခေါ်မိတဲ့နာမ်စားလေးကခွန်းလေးတဲ့

ခွန်းသမှာသူငယ်ချင်းတွေနဲ့ဟာသတွေပြောနေရင်းခေါင်းထဲသို့အတွေးတစ်ခုကဝင်လာခဲ့သည်။
ခုနကငွေနှင်းအကိုဆိုတဲ့သူက တော်တော်ချောတာဘဲ။ ရုပ်ရည်ကဘာမှကိုပြောစရာမရှိ။ကျွန်တော့်ကိုခေါ်တာကလဲ ခွန်းလေးတဲ့ အခုမှသိတဲ့သူကို သူ့ဘာသာ nicknameတွေပေးနေတယ်။
ဘယ်လိုလူလဲ ခွန်းသလည်းသူ့အကြောင်းမစဉ်းစားတော့ဘဲ ငွေနှင်းတို့နဲ့သာကန်တင်းထဲဝင်လိုက်တော့သည်။

ဘယ်သူသိမလဲ အဲ့အချိန်ထဲကနှစ်ယောက်လုံးရဲ့ရင်ထဲမှာကိုယ်စီ ချစ်ခြင်းလေးတွေနဲ့ဆိုတာ
....
ကိုကို morning
ဟာ ငါ့ညီမလေးဒီနေ့စောစောစီးစီးနိုးနေတာလား ဟုတ်တယ်ကိုကိုရဲ့ဒီနေ့စောစောနိုးတယ်လေ
ကြီးချို ကော်ဖီ ပြင်ပေးပါအုန်းကိုကို့အတွက်
အေးအေးသမီးလေး
ကိုကို ဒီနေ့ကျောင်းပိတ်လို့ ညီမလေးသူငယ်ချင်းတွေနဲ့ချိန်းထားတယ်အဲ့တာကိုကိုလိုက်ပို့နော် ကိုကိုလည်းနားမှာလေ နော် ကိုကိုနော်

ညီမလေးကဘယ်သွားမို့လဲဈာန်ကထိုင်ခုံတွင်ဝင်ထိုင်ရင်းမေးလိုက်တော့......
ရုံရှင်သွားကြည့်မို့လေ ကိုကိုလိုက်ပို့နော်
အင်းပါ အဲ့ဒါကြောင့်ဒီနေ့စောစောစီးစီးနိုးနေတယ်ဆိုပါတော့ ဟုတ်လား
ဟီးဟီး ဟုတ်တယ်ကိုကိုထိုအချိန်ဈာန်ကကြီးချိုပြင်ပေးသောကော်ဖီကိုသောက်လိုက်ရင်း........

ဒါနဲ့ဘာကားကြည့်မလို့လဲ
အဲ့ဒါတော့ဟိုရောက်မှ တိုင်ပင်ကြမှာကိုကိုရဲ့ ဘယ်ကားရယ်လို့တော့မရွေးရသေးဘူး ဒီတိုင်းပျင်းလို့သွားကြည့်ကြမှာ

အင်းပါ ဒါဆိုပြီးရင် ကိုကိုအဝတ်စားတက်လဲလိုက်အုန်းမယ်ခန စောင့်နေနော်
ဟုတ်ကိုကို

ခဏအကြာဈာန်လည်းအောက်ဆင်းလာကာ....
ညီမလေးရေ ကိုကိုပြီးပြီ သွားကြမယ်
အမယ် ငါ့အကိုကချောနေတာဘဲ ရှပ်အဖြူနှင့် စတိုင်ဘောင်းဘီအသားရောင်ကိုတွဲဝတ်ထားသောဈာန်အားညီမဖြစ်သူကမြှောက်ပြောနေလေသည်။

မမြှောက်လဲလိုက်ပို့မှာပါနော်လာ သွားမယ်
ဟီးဟီး တကယ်ချောလို့ပြောတာကို
နှစ်ယောက်သားကားထဲဝင်လိုက်သည်နှင့်

ခါးပတ် ပတ်အုန်းနော်
ဟုတ်ကိုကို

ကိုကိုပါ လိုက်ပို့လက်စနဲ့ကြည့်လိုက်ပါလားဟင်
မကြည့်တော့ပါဘူးညီမလေးသာအေးဆေးကြည့်ခဲ့ဟုတ်ပြီလား

ကိုကိုကလဲကြည့်လိုက်ပါဆိုနေမှ
ကိုကိုအလုပ်တွေရှိသေးတယ်လေ ဒီနေ့ပိတ်ရက်လေးမှာအလုပ်တွေလက်စသတ်ချင်လို့ပါ
အဲ့ဒါဆိုလဲပြီးရော ဟွန့်နှုက်ခမ်းဆူသွားသောညီမဖြစ်သူအားကြည့်ကာဈာန်လည်းပြုံးလိုက်မိသည်။သူလိုချင်တာမရရင်ကလေးလိုစိတ်ကောက်တတ်တဲ့အကျင့်ကပျောက်ကိုမပျောက်တာ။

ရုံရှင်ရုံရှေ့သို့အရောက်ငွေနှင်းလည်း သူငယ်ချင်းတွေကိုဖုန်းခေါ်လိုက်သည်။

တီ....တီ....တီ....

ဟဲ့ငါရောက်နေပြီနော် နင်တို့ကရော
ငွေနှင်းရေ ငါတို့ကလာနေပြီခဏလေး

ခဏအကြာ သူငယ်ချင်းတွေရောက်လာပြီး ငွေနှင်းကိုတွေ့တာနဲ့......

ဟဲ့ ငွေနှင်း ဪ အကိုလည်းပါလာတာလား
အေးဟုတ်တယ်ငွေနှင်းက ချယ်ရီရဲ့အမေးကိုဖြေလိုက်ကာ နောက်ကိုကြည့်လိုက်ပြီး......

ဟဲ့ဒါနဲ့ ကသစ်ရောသူမပါဘူးလား
သူကဒီနေ့သူ့အမျိုးတွေရောက်နေလို့တဲ့လာခါနီးမှမလိုက်ဖြစ်တော့ဘူး အဲ့ဒါကြောင့်ငါနဲ့ ခွန်းသနဲ့ဘဲလာလိုက်တာချယ်ရီက ငွေနှင်းရဲ့အမေးကိုပြန်ဖြေကာ အခုချိန်ထိရပ်နေသောဈာန်ကြောင့်......

အကိုရောညီမတို့နဲ့အတူတူ ကြည့်မှာလား
ငါ့အကိုကမကြည့်ဘူးဟ သူကအလုပ်ရှိ.........
အင်းကြည့်မှာလေ ကြည့်မှာ

ငွေနှင်းစကားတောင်မဆုံးသေး ရုတ်တရက်ဖြတ်ပြောလာသောအကိုဖြစ်သူကြောင့်ငွေနှင်းမှာတော့ကြောင်တောင်တောင်လေးသာ.....

ကိုကိုခုနပြောတော့ အလုပ်တွေလက်စသတ်မလို့ဆိုအခုကျတော့......
ဪ ညီမလေးကိုပြန်လာခေါ်ရအုံးမှာလေ အဲ့ဒါကြောင့်တစ်ခါတည်းဘဲ ညီမလေးနဲ့အတူတူ ကြည့်လိုက်တော့မယ်
ဪ အင်း အဲ့ဒါလည်းကောင်းတာဘဲငွေနှင်းလည်းသူ့အကိုပြောသည်ကိုခေါင်းသာညိတ်လိုက်မိသည်။
အစကမကြည့်ချင်ပါဘူးဒါပေမယ့် အဝေးကလာတဲ့အရိပ်ကလေးကိုမြင်မှအလာတုန်းက မကြည့်ဘူးငြင်းခဲ့တာကိုနောင်တရမိတယ်။
အဲ့ဒါကြောင့်ချယ်ရီအမေးကိုညီမလေးစကားမဆုံးခင်အမြန်ပြန်ပြောလိုက်တာညီမလေးကတော့ကြောင်တောင်တောင်လေးနဲ့ ဟိုအကောင်ပေါက်လေးကတော့အခုချိန်ထိဘာမှကိုဝင်မပြောသေးကိုယ်ကသာသူနဲ့နီးစပ်ချင်လို့ပြောနေရတာသူကတော့လူကိုတောင်ရှိတယ်လို့မထင်ပါဘူး။

ဒါဆိုငါတို့လက်မှတ်သွားဝယ်ရအောင်
သွားဝယ်မယ်လေ
လေးယောက်သားလက်မှတ်ရောင်းတဲ့နေရာတွင်
ညီမလေးတို့က လက်မှတ်ဝယ်နှင့် ကိုကိုနဲ့ခွန်းလေးကမုန့်သွားဝယ်လိုက်မယ်
ဟုတ်ကိုကိုအအေး ပါဝယ်ခဲ့နော်
အင်း လာခွန်းလေးအကိုနဲ့မုန့်သွားဝယ်ရအောင် လိုက်ခဲ့နော်
ဟုတ် ချယ်ရီတို့လက်မှတ်ဖြတ်တဲ့နေရာတွင်....

အမ ညီမတို့ကိုလက်မှတ်လေးဆောင်လောက်
ညီမလေးတို့လတ်မှတ်က အတွဲခုံတွေဘဲရှိတော့တယ်
ဟဲ့ဘယ်လိုလုပ်မလဲ အတွဲခုံတွေကြီးဘဲတဲ့
အာ...ဘာဖြစ်လဲငါတို့က လေးယောက်၂ယောက်စီထိုင်မှာဘဲကိုအရေးကြီးတာကြည့်ရဖို့

အင်းဒါဆိုဝယ်လိုက်မယ်နော်
အမအတွဲခုံပဲပေးပါတော့

လက်မှတ်ယူပြီးချိန်တွင်ဈာန်တို့ရောက်လာ၍
ကိုကိုမုန့်တွေပါလာပြီလားအအေးရော
ပါပါတယ်ကွာရော့ညီမလေးတို့အတွက် ဒါနဲ့ဘာကားကြည့်မှာလဲ
သရဲကားလေခွန်းသမှာတစ်ချိန်လုံးငြိမ်နေသမျှသရဲကားဆိုတဲ့အသံကြောင့်မျက်လုံးတို့ပြူးသွားလေသည်။

ဟင်နင်တို့ကသရဲကားကြည့်မလို့လား
ဟုတ်တယ်လေ ခွန်းသရဲ့ ဘာလဲနင်ကြောက်လို့လား

ဟမ် မ မကြောက်ပါဘူး
အေးအဲ့ဒါဆိုလဲပြီးရော ဪ ဒါနဲ့ခုံကအတွဲခုံဘဲရှိတော့တယ်တဲ့ကိုကို
ဟုတ်လား

အဲ့ဒါဆိုအကိုနဲ့ငွေနှင်းက နှစ်ယောက်ထိုင်လိုက်လေ
ဪရပါတယ် အကိုနဲ့ ခွန်းသ ထိုင်လိုက်မယ် ညီမနဲ့ အကို့ညီမလေးကတူတူထိုင်လေ မိန်းကလေးအချင်းချင်းဆိုတော့ကောင်းတာပေါ့

အင်း အဲ့ဒါဆိုအထဲဝင်မယ်လေ ရုပ်ရှင်ကစတော့မယ်
အင်းသွားကြတာပေါ့ဈာန်တို့လေးယောက်သားရုံထဲသို့ဝင်ခဲ့ကြပြီး ခွန်းသ ကတော့ငယ်ငယ်လေးထဲကမမြင်ဖူးတဲ့သရဲကိုမှကြောက်တတ်နေသည်။

အမုန်း၏နောက်ကွယ်(Complete)Tempat cerita menjadi hidup. Temukan sekarang