"ဟာ!!!စျာန် မင်းရောက်လာပြီလား ငါမင်းကိုမျှော်နေတာကွ"

"အေး မင်းလည်းမတွေ့တာကြာပြီနော် ဘာလဲဟိုမှာတွေ့နေပြီလား"

"ဟား...ဟား...ဘယ်ကသာကွာငါအလုပ်နဲ့ငါတောင်မအားပါဘူး ဒါနဲ့မင်းရောဘယ်လိုလဲငါသတင်းတွေကြားတယ်နော်"

"အွန်း မင်းကြားတဲ့အတိုင်းဘဲငါ့ဘေဘီလေးနဲ့လက်ထက်လိုက်ပြီ"

"အေးပါကွာ မင်းတို့ဘဲချစ်ကြပါဒါနဲ့နောက်တစ်ခါတွေ့ရင်မိတ်ဆက်ပေးအုန်းနော် အိမ်မှာဘဲဖွက်မထားနဲ့ဟေ့ကောင်"

"ဟား....ဟား....ဒါကတော့ချစ်တာကိုးကွ ဖွက်ထားရတာပေါ့"

"အေးပါကွာ အေးပါ လာငါမင်းကိုငါ့မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမယ်" သူငယ်ချင်းဖြစ်သူကစျာန့်ကိုသူ့အပေါင်းသင်းတွေနားသို့ခေါ်သွားကာ

"ဒီမှာခင်ဗျ ဒါကကျွန်တော့်သူငယ်ချင်း စျာန်ထက်ပိုင်ပါ

Zhang  ဆောက်လုပ်ရေးCompany

က CEOပေါ့"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"

"ကျွန်တော်တို့လည်းတွေ့ရတာဝမ်းသာပါတယ်"

မိတ်ဆွေတွေနှင့်

လုပ်ငန်းအကြာင်းနည်းနည်းစကားပြောပြီး၍စျာန်လည်းဝိုင်ခွက်ယူကာအခြားဝိုင်းတွင်သွားထိုင်နေလိုက်သည်။

"ဒီမှာ ထိုင်မယ်နော် တို့နာမည်က အေးရိပ်ဖြူ ပါ"

"ကျွန်တော်ကစျာန်ထက်ပိုင်ပါ" စျာန်က ဝိုင်သောက်ရင်းပင်ပြောလိုက်တော့ တစ်ဖက်လူက ပြုံးလိုက်ကာ…..

"တို့ကစျာန်နဲ့ခင်ချင်လို့ပါရတယ်မလား"

"ဟုတ်ကဲ့"စျာန်လည်း ဘာမှဆက်မပြောချင်၍ဟုတ်ကဲ့လို့သာပြန်ဖြေလိုက်သည်။တုံးတိ ကြီးတွေသာဖြေနေသောသူကြောင့် အေးရိပ်ဖြူ သေချာကြည့်နေမိသည်။

အေးရိပ်ဖြူ ရဲ့စိတ်ထဲတွင်လည်း……

'ရှင်ကဘယ်လိုလူလဲမသိပေမဲ့ကျွန်မတော့ရှင့်ကိုစိတ်ဝင်စားသွားပြီစျာန် ကျွန်မရှင့်ကိုအပိုင်လိုချင်မိတယ်'

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now