"ဒါနဲ့ကိုကိုကဘယ်သွားမလို့လဲဟင်"

"ပါတီရှိလို့ မင်းကဘာလုပ်ဖို့မေးနေတာလဲ"

"ဒီတိုင်းဘဲမေးကြည့်တာပါကိုကိုရဲ့ ကိုကိုမကြိုက်ရင်မမေးတော့ပါဘူး"ခွန်းသက

ပြောနေပေမယ့်စျာန်ကတော့ကော်ဖီသာဆက်သောက်နေဆဲပင်။ခွန်းသက စျာန့်ကိုကြည့်ကာ......

"ဟို.....ဒါနဲ့လေပါတီဆိုတော့ကိုကိုသောက်လာမှာလားဟင်"

"အဲ့တာငါ့အလုပ် မင်းနဲ့မဆိုင်ဘူး”

"ဟို...အများကြီးမသောက်လာနဲ့နော်"

"ဘာလဲမင်းကငါအရက်သောက်လာရင် အိမ်ထဲအဝင်မခံဘူးလား ငါ့ကိုမစောင့်ချင်ဘူးလား....ဟမ်"

"ဟို...အဲ့လိုမဟုတ်ပါဘူးကိုကိုရယ် ကိုကိုကကားမောင်းရမှာမလားအဲ့ဒါကြောင့် ကျွန်တော်စိတ်ပူလို့ပါ"

စျာန်က ခွန်းသစကားကိုလှောင်ရယ်လိုက်ကာ

"အဟက် ဘာစိတ်ပူတာလဲငါသေ သွားရင်တောင်မင်းပျော်နေမှာမလား"

"အဲ့လိုမဟုတ်ပါဘူးကိုကိုရယ် ကျွန်တော်တကယ်စိတ်ပူလို့ပါ"

"ငါ့ကို အပိုတွေလာပြောမနေနဲ့ညကျရင်သာ မအိပ်ဘဲထိုင်စောင့်နေ ငါသွားပြီ"ပြောပြီးသည်နှင့်လက်ဆွဲအိတ်ယူကာစျာန်ကထသွားလေသည်။

မနက်စာဝိုင်းတွင်တော့ခွန်းသမှာမျက်ရည်လေးဝဲကာကျန်နေခဲ့သည်။

"ဘာလို့ကျွန်တော့်ကိုမယုံ တော့တာလဲကိုကိုရယ် ကျွန်တော်ကကိုကို့ကိုအရမ်းချစ်တာပါ ကျွန်တော်ကလေကိုကိုသာကျေနပ်မယ်ဆိုဘာမဆိုလုပ်ပေးမှာပါ"နည်းနည်းလေးသာယုံပေးပါကိုကိုရယ်နည်းနည်းလေးပါဘဲ။

...................................................................

ပါတီပွဲတွင်.......

စျာန် ပါတီပွဲသို့ရောက်လာသည်နှင့်မဒီလေးတွေရဲ့အကြည့်ကစျာန့်ဆီမှာပင် ရုပ်ရည်ရောပစ္စည်းဥစ္စာပါရှိသူဖြစ်၍စျာန့်ကိုအမိဖမ်းချင်တဲ့သူကခပ်များများရယ်။

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now