Ep 1

60.3K 1.9K 17
                                    

အမုန်း၏နောက်ကွယ်

Ep 1

"ငါ့ခုတင်ပေါ်ကဆင်းစမ်း.....ဆက်ခွန်းသ"မျက်နှာသေနှင့်ပြောနေတဲ့ကိုကိုအားကျွန်တော်သေချာကြည့်နေမိသည်။

"အဟွန်း....ကိုကိုနော်လာမစနဲ့ခွန်း မင်္ဂလာဦးညမှာစိတ်မဆိုးချင်ဘူး"ခွန်းသတစ်ယောက်သူ့ကိုကိုအားမျက်စောင်းလေးထိုး၍ပြောလိုက်လေတော့......

"ငါကမင်းကိုစနောက်နေစရာလားငါအတည်ပြောနေတာနောက်မှငါ့အဆိုးမဆိုနဲ့"အသံမာမာနဲ့ပြောနေသောသူ၏ကိုကို...အွန်း.....

စျာန်ထက်ပိုင်ဆိုတဲ့သူ၏ခင်ပွန်းအားသေချာကြည့်နေမိသည်။

"ဘာလို့ဆင်းရမှာလဲကိုကိုကကျွန်တော့်အပိုင်လေ စ နေတာတော်တော့နော်"ဟုပြောကာ

စျာန်အားဖက်လိုက်လေသည်။ထိုအချိန်......

ဝုန်း.......

"အ့....ကိုကို"ခွန်းသမှာ စျာန်ထက်ပိုင်လက်ချက်ကြောင့်ခုတင်အောက်သို့ခွေခွေလေး

ပြုတ်ကျသွားရသည်။ခွန်းသ ကနာသွားသောတံတောင်ဆစ်လေးအားဖွဖွလေးကိုင်ကာ

"ကိုကိုဘယ်လိုလုပ်လိုက်တာလဲ"

"မင်းကိုငါ့ ကုတင်ပေါ်ကဆင်းလို့ပြောသားဘဲ"

ဟုတ်ပါတယ်သူ့ကိုကိုကသူ့အား ကုတင်ပေါ်မှတွန်းချလိုက်ခြင်းပင်........

"ကိုကို !!! ကိုယ်ချစ်ရတဲ့သူကိုအဲ့လိုပဲ လုပ်ရလား”

သူ့စကားကြောင့်စျာန်က အားရပါးရ ရယ်လိုက်ကာ

"ဟား......ဟား......ဘာတဲ့ကိုယ်ချစ်ရတဲ့သူဟုတ်လားဘယ်သူကမင်းလိုလူကိုချစ်တာလဲပြောပါအုံး”

“ကိုကိုဘာတွေပြောနေတာလဲ”

"ငါကမင်းကိုချစ်လို့လက်ထပ်ခဲ့တယ်များထင်နေလားလက်စားချေဖို့ကွ.....လက်စားချေဖို့"စျာန့်စကားကြောင့်ခွန်းသ မှာတော်တော်ကိုအံ့သြ သွားရသည်။

"ဘာကိုလဲကိုကို ခွန်း ဘာလုပ်မိလို့လဲကိုကို့အပေါ်ဘာတွေများလုပ်ခဲ့မိလို့လက်စားချေမယ်ဆိုတဲ့စကားကိုပြောနေရတာလဲ"ခွန်းသတစ်ယောက်တကယ်ကိုကြောင်အ နေမိသည်။သူနဲ့ကိုကိုမှာဘာရန်ငြိုးမှ မရှိတာဘဲ ဒါကိုဘာလို့.......ခွန်း ဆက်မစဉ်းစားချင်တော့......မဟုတ်ဘူးစဉ်းစားလို့မရတာဆိုပိုမှန် လိမ့်မည်။ဘာအကြောင်းကြောင့်များ......

အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now