အပိုင်း - ၂၆ ( Unicode )

Magsimula sa umpisa
                                    

အနားကိုခေါ်ထားတာ ဝေယျာဝစ္စလုပ်ဖို့ မဟုတ်ပေမယ့်

ဒီကောင်လေးမှ မကြင်နာရင် sehun အနားမှာ ကြင်မယ့်သူမရှိ...

အိပ်ယာပေါ်ကထကာ ရေချိုးခန်းထဲဝင်လိုက်တော့

ဆင်တူ သွားတိုက်တံ ၂ခုထဲက တစ်ခုကို အသင့်ပြင်ထားပေးတဲ့အထိ ကလေးက အသေးစိတ်ကျလာသုူ..

တကယ်တမ်း သူကတော့ပေးနိုင်ခဲ့တာ ငွေကြေးချမ်းသာမှုပြင်မရှိ.. စိတ်ချမ်းသာမှုတောင် သူကောင်းကောင်းမပေးနိုင်ခဲ့..

ဒါကြောင့် အနားမှာ ဆက်နေဖို့ သူမဝံ့ရဲပါချေ...

ထင်တဲ့အတိုင်းပင် မီးဖိုခန်းထဲဝင်သွားတော့ ကျောပေးကာ ချက်ပြုတ်နေတဲ့ကောင်လေး..

" မောနင်း ကလေး.. ကိုယ်နိုးပြီ.."

အနောက်ကနေ အသာသွားကာ ခါလေးကိုဖက်ပြီး jongin ပုခုံးပေါ် မေးတင်ရင်း sehun နှုတ်ဆက်တော့ ထင်ထားပုံမရတဲ့ ကောင်လေးက တစ်ချက်တော့ တုန်သွားလေရဲ့..

" ဦး.. နေကောင်းရဲ့လား.. "

နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ ပါးပေါ်က မျက်ရည်တွေကို ကမန်းကတန်းသုတ်ရင်း sehun ကို လှည့်ပြုံးပြကာမေးတဲ့ ချစ်သူကို ကြည့်ရင်းsehun ဝမ်းနည်းရပါတယ်..

" ဘာလို့ ငိုနေတာလဲ ကလေးရဲ့...

တကယ်လိူ့ အရမ်းပင်ပန်းရင် အလုပ်သမားတစ်ယောက်နဲ့ ကိုယ်နေပါ့မယ်.. ကလေးအိမ်ပြန်လို့ရ"

" တော်.. တော်ပါတော့ oh sehun ရယ်..

ကျနော့်ရင်ကို ဘယ်နကြိမ်ခွဲမှာလဲ.. ကျနော့်ရင်ကို စုံကန်လိုက် အစိမ်းလိုက်ခွဲလိုက်နဲ့ ကျနော် ရှင်လျှက် ဘယ်နကြိမ်သေရဦးမလဲ.. ခင်ဗျား မျက်လုံးထဲမှာ ကျနော်က အနားမှာ နေရတာ ပင်ပန်းလို့ ငိုမယ့်ကောင်လို့ မြင်နေသလား."

သူကိုင်ထားတဲ့လက်ကိုရုန်းထွက်ပြီး မျက်ရည်တွေကျရင်း

ပြောလာတဲ့ Jongin စကားတွေကိုကြားမှ sehun သူပြောတမှားသွားမှန်းသိသည်...

သူပြောချင်တာ တကယ် အဲ့လိူမဟုတ်ပါ..

jongin ခံစားနေတာမမြင်ရက်တော့လို့သာ ဖြစ်တယ်..

| ဦး | Zawgyi + Unicode  [ Completed ] Tahanan ng mga kuwento. Tumuklas ngayon