သူအိပ်နေကျ ခေါင်းအူံးကိုယူပြီး sehun အခန်းထဲကို ပြန်ဝင်လာတဲ့ Jongin ဘာတွေလုပ်နေတာလဲလို့ sehun မေးချင်ပါတယ်...
ကုတင်ပေါ်ကို တင်လိုက်တဲ့ ခေါင်းအူံးကိုကြည့်ရင်း သူတို့က တစ်ကုတင်တည်းအတူပြန်အိပ်ရတဲ့ ဆက်ဆံရေးရောဟုတ်ရဲ့လား...
သေတော့မယ့် လူတစ်ယောက်ကို ဘယ်လိုပျော်အောင်ထားရမလဲဆိုတာ jongin က တကယ်သိနေပုံပါဘဲ...
" ခင်ဗျား ဘာဖြစ်နေတာလဲ... oh sehun "
အတွေးလွန်နေတာနဲ့ jongin အနားရောက်လာတာကိုပင် မသိ...
အကျီအနားစကို လုံးချေပြီး ဆုပ်ကိုင်ထားတဲ့ sehun ရဲ့နားထင်မှာ ချွေးစေးတွေထွက်နေသည်အထိ နာကျင်နေတာကို
Jongin မသိစေချင်ဘူး...
အရှေ့ကနေ စိုးရိမ်တကြီးကြည့်နေတဲ့ jonginကို ဘာမှမဖြစ်ဘူးလို့ သူပြောချင်ပေမယ့် တောင့်မခံနိုင်တော့တာမို့ မြင်လွှာတွေ ဝေဝေဝါးဝါးဖြစ်ပြီး အမှောင်ကျသွားတာကိုသာ
Sehun သိလိုက်တယ်...
ကလေးရေ....
ထွက်သက်က မင်းလက်ပေါ်မှာဆိုရင်
အသက်ရှင်ခဲ့ရတာကို ကိုယ်နောင်တတွေကင်းနိုင်ပါရဲ့....
>>>>> ^ <<<<<<
ရက်အနည်းငယ်အကြာမှာတော့ jongin အမိန့်နဲ့
Sehun ခေါင်းက ဆံပင်တွေရိတ်လိုက်ရတော့သည်...
သူကိုယ်တိုင် ကားမောင်းပြီး ခေါ်သွားတဲ့ ဆံသဆိုင်မှာ
Sehun ရဲ့ဆံပင်ငုတ်စိလေးတွေကို ကြည့်ပြီး ကီဝီသီးနဲ့ တူတယ်ဆိုပြီး Jongin ကစနောက်လိုက်သေးတယ်..
ပီဇာလည်း အတူဝင်စားပြီး အပြန်မှာ Jongin က sehun အတွက်လက်ဆောင်ဆိုပြီး beanie တွေ ပေးတော့ အံ့သြရသေးသည်...
Sehun တင်မဟုတ် သူကိုယ်တိုင်မှာလည်း ဆင်တူ beanie လေးနဲ့...
Pizza ကို ကိုက်လိုက် sehun ကိုလာခွံ့လိုက်နဲ့ Jongin ကတခြားလူတစ်ယောက်လိုပင်....
အော်.. ကလေးရယ်
မင်းက ကိူယ့်ကို ထွက်မသွားချင်အောင်ကိုလုပ်နေတော့တာဘဲ...
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........
အပိူင်း - ၂၅ ( Unicode )
Start from the beginning