" ဘာတွေ လာလုပ်နေတာလဲ ခင်ဗျား...
ကျနော့် အိမ်က ပစ္စည်းက ခင်ဗျားစီမံစရာလိုလား...
ထွက်သွား...! ကျနော့် အိမ်ကနေ ထွက်သွား...!"
ဒေါသထွက်နေတဲ့ Jongin က ကျားနာဆိုတာ
Sehun သဘောပေါက်ခဲ့ပါတယ်...
အရင်ကတည်းက နားလည်ရခက် ကိုင်တွယ်ရတဲ့
ထိုကလေးက အခုတော့ ပို၍ပင်...
" ကောင်းပြီ... ကိူယ်ပြန်မယ်...
မင်းမှာ သင့်တော်တဲ့ အုပ်ထိန်းသူမရှိမချင်း စောင့်ရှောက်ရမယ့် တာဝန်ကိူယ့်မှာရှိတယ်..."
Sofa ပေါ်က အင်္ကျီနဲ့ အိတ်တို့ကို sehun ကောက်ယူကာပြောလိုက်တော့ Jongin ကခပ်ကျယ်ကျယ်ဘဲ အော်ရယ်တယ်...
" လွန်ခဲ့တဲ့ နှစ်လနီးနီးမတိုင်ခင်က ဒီစကားတွေ ပြောခဲ့ရင် ကျနော် ယုံမိမယ်ထင်တယ်....မိသားစူလိုက်
သွေးအေးအေးနဲ့ ကိုယ်လုပ်ချင်တာလုပ်ပြီးမှ ဘာတွေ လာကြေကွဲနေတာလဲ ခင်ဗျားရဲ့.... ထွက်သွားစမ်းပါဗျာ...
နောက်ကျနော်သေတောင် မလာနဲ့...!"
Jongin ရဲ့ နောက်ဆူံးစကားကြောင့် Sehun မျက်နှာ ကွက်ခနဲ...
jongin ပုခုံးတွေကိူဘဲ ဆုပ်ကိုင်တော့မလို ရင်ခွင်ထဲဘဲ ထည့်ဖက်တော့မလိုနဲ့ sehun က တိူးတိုးတိတ်တိတ် ကလေးရာလို့ မချင့်မရဲ ရေရွတ်ရင်း အခန်းထဲက ထွက်သွားတော့တယ်...
ကြမ်းပြင်ပေါ်ကို Jongin ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း
ကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်သည်...
မငိူစမ်းနဲ့ Jongin...
ဒုတိယ အကြိမ် အလှည့်စားမခံနဲ့...
အခန်းထဲ ဘယ်သူမှ မရှိတော့မှ ကုတင်အောက်က ဝှက်ထားတဲ့ အံဝှက်ထဲက ဆေးလိပ်တစ်လိပ်ကို Jongin မှီးညှိလိုက်ကာ အခန်းထောင့်ကို တိုးကပ်သွားလိုက်တယ်...
တစ်စ နှစ်စ ရှိုက်ဖွာရင်း ဦးနဲ့ စတွေ့ခဲ့ဖူးတဲ့နေ့တွေဆီ..
ပျော်ခဲ့ဖူးတဲ့ နေ့တွေက Oh Sehun ဆီ Jongin အလည်သွားလိုက်သည်...
အပြင်က ဦးကို Jongin မလိုအပ်တော့ဘူး...
Jongin မကြာခဏ သွားတွေ့တတ်တဲ့ ဦးက Jongin ကို နာကျင်အောင် မလုပ်ဖူး....
ပြီးတော့ ဒါကြောင့်မို့ Jongin လက်တွေ့ဘဝထဲကို ပြန်မလာချင်ဘူး...
----------- 🍎---------
" မောင်.. ဘယ်တွေ သွားနေတာလဲ...
သားက တစ်ညလူံး မောင့်ကိုရှာနေတာ...!"
ဖုန်းဆက်လည်းမကိုင် companyမှာလည်းမရှိတဲ့ sehun ကြောင့် Emma တိူ့ သားအမိစိတ်ပူနေမယ်ဆိုတာ အသေအချာ...
" ဆောရီး.. မောင် ကိစ္စနည်းနည်းရှိလို့...!"
" မောင်... အဲ့ဒီကောင်လေးဆီသွားတာမလား.
Emma ဒီအရွယ်ရောက်မှ မောင့်ကို ကောင်လေးတစ်ယောက်ဆီက ပြန်မလုချင်ဘုူးမောင်ရယ်... Emma ကိူယ့်နေရာကို ပြန်ယူပေမယ့် သားသာမရှိရင် မောင်က Emma ကိုရွေးချယ်ပါ့မလားတောင် မသိတဲ့အထိ မောင်အဲ့ဒီကောင်လေးကို သံယောဇဉ်တွယ်နေခဲ့တာလေ... Emma မသွားပါနဲ့လို့ ကတိတောင်းထားပါရက်နဲ့ မောင်ရယ်...ပြီးတော့ သားကို Emma လို မိဘမဲ့မျိူးမကြီးပြင်းစေချင်တာမောင်သိရက်နဲ့..."
ဇနီးဖြစ်သူက မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ sehun ကို အယူခံဝင်တော့ ပွေ့ဖက်ကာ နမ်းရှုံ့လိုက်ရင်း sehun မျက်ရည်တွေကို သုတ်ပေးတယ်...
" မောင်.... နောက်တစ်ခါ မသွားတော့ပါဘူးလို့ ကတိပေးတယ်..:. ဒါပထမဆူံးနဲ့ နောက်ဆူံးဘဲ... မငိုနဲ့တော့နော်... ညနေကျရင် သားကိုကျောင်းအတူတူသွားကြိုရင်း အပြင်မှာ dinner စားကြမယ်...."
ဇနီးသည်မျက်နှာ ကြည်လင်သွားမှ sehun သက်ပြင်းအသာချမိတယ်....
သံယောဇဉ်သက်သက်သာဆို မောင်ဒီလောက်ပုူလောင်နေရပ့ါမလား Emma ရယ်...
လက်ကို ဆူပ်ကိုင်ထားတဲ့ Emma လက်တွေကို မြဲမြဲမြံမြံ sehun ကိုင်ထားမိပေမယ့် တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကောင်လေးကို sehun စိတ်ပူနေမိပါသေးတယ်....
ဒါပေမဲ့လည်း နောက်ရက်သွားကြည့်ဦးမယ်ဆိုတဲ့ အတွေးလေးကတော့ အသက်မဝင်နိုင်ရှာတော့....
ကောင်လေးရေ... ကျေးဇူးပြုပြီး ငါမရှိဘဲ လိမ်လိမ်မာမာနေပါလားကွာ.....
-------- 🍉--------
'
ဆက်ရန်....
နေ့တိူင်း update ဖြစ်အောင် ဘာဆေးသောက်ရလည်းဟင်🙄
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........
အပိုင်း - ၁၃ ( Unicode )
Start from the beginning