အပိုင်း - ၅ ( Unicode )

Start from the beginning
                                    

မရင်းနှီးတဲ့ မြင်ကွင်းမို့ Jongin မျက်လုံးကိုရော နားကိုပါ နားလည်နိုင်စွမ်းရှိအောင် အတော်ကြိူးစားရသည်...

ဦးနဲ့ မတိမ်းမယိမ်းအသက်အရွယ်ရှိကြတဲ့ ယောကျာ်းသား ၇ယောက်လောက်နဲ့ အတူတူထိုင်နေတဲ့ ဦးက Jongin ဆီကို လှမ်းလာတယ်....

ခပ်နီနီဖြစ်နေတဲ့ မျက်နှာနဲ့ နားရွက်ဖျားတွေကြောင့်...

တစ်ဆိတ်...ဦး သောက်ထားတာတော့မဟူတ်ပါဘူးနော်...

အိမ်မှာ ကြီးကြီးက ဂျပန်က ညီမငယ်ဆီကို သွားတာမို့ မရှိ...

အိမ်မှာလူကြီးအရာဆိူလို့ ဦးဘဲ ကျန်ခဲ့တာကို...

" ဆောရီး Jongin ရာ....

ကိုယ့်ငယ်သူငယ်ချင်းတွေ ရုတ်တရက်ကြီးရောက်လာလို့...

မင်းကို မေးနေကြတာမို့ လိုက်ခဲ့ပါဦး.. လာ...!"

ဦးက ပြောပြောဆိုဆိုနဲ့ Jongin ကျောပေါ်က လွယ်အိတ်တွေ နဲ့ လက်ထဲက စာအုပ်တွေကို ဦးလေးဂျောင်လက်ထဲ ထည့်ပေးကာ Jongin ကို စားပွဲဝိုင်းဆီ ဆွဲခေါ်ခဲ့၏....

ဦးက Jongin လက်ဖဝါးလေးကို အသာဆုပ်ကိုင်ကာ

စားသောက်ဖွယ်ရာတွေစုံလင်နေတဲ့ စားပွဲက ဦးရဲ့ ထိုင်ခုံဘေးမှာ နေရာချပေးတယ်...

Jongin အသာဝင်ထိုင်လိုက်ရင်း မသိတဲ့ သူတွေကို

ရယ်ပြမိတော့ အကုန်လူံးက ဖက်လှဲတကင်းဘဲ Jongin ကို

ပြန်နှုတ်ဆက်ကြသည်...

မင်္ဂလာပွဲမလာဖြစ်ကြလို့ တစ်ခွက်တစ်ဖလား

လာချီးမြှင့်ကြသည်တဲ့....

ယောကျာ်းလေးတွေချည်းဖြစ်တဲ့ အပြင် အသောက်အစားလေးပါ ပါတာမိူ့ ဦးတို့ အုပ်စုက အူရွှင်နေကြကာ အထက်တန်းတုန်းက ကောင်မလေးတွေ တက္ကသိုလ်တုန်းကအကြောင်းတွေ ပြောကာ ရယ်မဆူံးကြတော့....

" အာ.... ကျနော် ... မသောက်တတ်ဘူး...."

အရှေ့ကို ခွက်တစ်ခုချလာပေးတာမို့ Jongin ပျာပျာသလဲ ငြင်းလိုက်ရသည်....

ရိုင်းသလိုဖြစ်သွားပေမယ့် မတတ်နိုင်....

" Yahh.... Baekhyun.... ကလေးကို လျှောက်မြှောက်ပေးမနေနဲ့..... သူသောက်လို့မရဘူး..."

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now