ငယ်ငယ်ကတည်းက မျက်စိရှေ့ကြီးလာတဲ့ ကလေးမို့
Sehun အတွက်တော့ Jongin က မထူးဆန်းပါ...
လွန်ခဲ့တဲ့ ၂နှစ်လောက်က ကားအက်ဆီးဒင့်ကြောင့်
မိဘ၂ပါးဆူံးပါးသွားတဲ့ ကလေးလေးက အမွေတစ်ပုံတစ်ပင်ကြီးနဲါ အိမ်တော်ထိန်းလက်ထဲ နေနေရတဲ့အဖြစ်ကို မေမေက အသနားပိုခဲ့တာဖြစ်သည်...
နဂိုရှိရင်းစွဲသံယောဇဉ်တွေက အိမ်ထောင်စုစားရင်ထဲထည့်ပြီး
သားအဖြစ်ထပ်မွေးစားဖို့ လုံလောက်ပေမယ့် မေမေ က Sehun လက်ထဲ အပ်ကာ Jongin ကို သမက်ကလေးဖြစ်စေခဲ့လေရဲ့...
Sehunအထက်တန်းကျောင်းသားဘဝတုန်းက လက်ပေါ် သေးတစ်ခါပေါက်ချလိုက်တဲ့ ဆံပင်လိမ်လိမ်နဲ့ ကလေးလေးကို ထိုကတည်းက ထပ်ချီဖိူ့ မကြိုးစားတော့ပေမယ့် အခုတော့ ဒီကလေးလေးက sehun အရိပ်ထဲမှာ စောင့်ရှောက်ရမည့်
ပန်းပွင့်လေးဖြစ်လာခဲ့ပြီ.....
ဟင်း..... ကံတရားဆိုတာကလည်း
သိပ်ဆန်းကြယ်တာဘဲနော်....
ဗီရိုထဲက အဝတ်အစားအသစ်တွေထုတ်ပြီး အသာလဲပြီးချိန်မှာ မမကြီးလာပို့တဲ့ နွားနို့နဲ့ ဘီစကစ်ကို Jongin ကိုကျွေးဖို့နှိုူးရသည်....
" Jongin ...! ထ.... ဆေးသောက်ရမယ်....
ကိူယ်ပြောတာကြားရလား... Jongin ....!"
ဖြူဖျောဖျောမျက်နှာလေးနဲ့ ထလာတဲ့ ကောင်လေးက
ဆေးသောက်ဖို့လည်း ကလန်ကဆန်မလုပ်သလို Sehun စိတ်ရှည်ရှည်နဲ့ ကျွေးနေတဲ့ မုန့်ကို သေချာစားသည်....
ဆံပင်လေးတွေက ဘုတ်သိုက်ဖြစ်နေကာ ဖောင်းအစ်နေတဲ့
မျက်ခွံမို့မို့လေးတွေက ငယ်ငယ်တုန်းက အတိုင်းဘဲ....
မုန့်ပန်းကန်တွေကို ပြန်ပေးလိုက်ပြီးမှ လှဲအိပ်နေတဲ့
ကောင်လေးဘေးကို ဝင်လှဲလိုက်တော့ Sehun ဘက်ကို လှည့်လာတဲ့ Jongin က အိပ်ပျော်သေးပုံမပေါ်ပါ...
စောင်ကို လုံအောင် Sehun ဆွဲတင်ပေးလိုက်ရင်း
Jongin ကိုယ်လူံးနွေးနွေးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ မျက်လူံးလေးပြုူးကာ မော့ကြည့်သည်....
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........
အပိုင်း -၂ ( Unicode )
Start from the beginning