Sequel ဇာတ်သိမ်းပိုင်း

30.4K 1.7K 102
                                    

ကားဘရိတ်အုပ်သံသည် မကျယ်ပါ။ ကားအပြီးရပ်ချိန်အထိ နေရှင်းခ မစောင့်နိုင်တော့။ ကားအရှိန်မသေခင်ကတည်းက သူ ကားတံခါးကို ဖွင့်ဆင်းပြီး ဖြစ်သည်။ လဲကျမလိုဖြစ်သွား၍ မြေပြင်ပေါ် လဲမကျရအောင် မနည်းထိန်းလိုက်ရသည်။ အေးခနဲဖြစ်သွားသော မျက်နှာပြင်ထက်မှ ခံစားမှုကို ပူနွေးနေသော သူ့နှလုံးသားကြောင့် သတိမထားမိလိုက်။

"ရှင်းခ.. ဟေ့ကောင်.. ကုတ်အကျီင်္ကျန်ခဲ့ပြီ။"

ထက်ဝေယံ၏ အော်သံကြောင့် နောက်ပြန်လှည့်ကာ ကားထဲမှ ကုတ်အကျီင်္ကို နေရှင်းခ ကောက်စွပ်သည်။ လက်ပေါက်တွေမှားကာ လက်ထည့်မရ။ သူ့လက်တွေ တုန်နေသည်။ သူ့နှလုံးသားက ပေါက်ကွဲထွက်တော့မည့် ချိန်ကိုက်ဗုံးတစ်ခုလို။ အရှိန်ပြင်းစွာဖြင့် သူ့ရင်ခွင်ထဲမှ ပေါက်ကွဲထွက်လာရန် ကြိုးစားနေသည်။

"အန်ကယ်....ဟို.. အာ.. ဆောရီး.. ပါး.... သတိုး ဘယ်မှာလဲ။"

ဘုရားကျောင်းအပေါက်ဝမှ ဦးရန်နိုင်ထွန်းကို တွေ့လိုက်ရသည်။ အလောတကြီး မေးနေသည့် နေရှင်းခ၏ မေးသံသည် တုန်ခါနေသည်။

"အထဲမှာ သား။"

ဘုရားကျောင်းအတွင်းသို့ နေရှင်းခ တစ်ချက်လှမ်းကြည့်ကာ ကုတ်အကျီင်္မှ ကြယ်သီးများကို တပ်ဖို့ကြိုးစားသည်။ လက်တွေတုန်နေသောကြောင့် မအောင်မြင်။ ဦးရန်နိုင်ထွန်းက နားလည်စွာပြုံးရင်း နေရှင်းခနားလျှောက်လာသည်။ နေရှင်းခကို တစ်ချက်ကြည့်ရင်း ခွင့်တောင်းသလို မျက်ရိပ်ပြတော့ နေရှင်းခ ခေါင်းညိတ်ဖြေဖြစ်သည်။ မျက်နှာကတော့ ဘုရားကျောင်းအတွင်းသို့သာ လှည့်ထားသည်။ မီးရောင်ဝါ၀ါအောက်မှာ သတိုးပုံရိပ်ကို ရှာဖွေနေခြင်းဖြစ်သည်။ ကုတ်အကျီင်္ ကြယ်သီးများကို တပ်ပြီးသည်နှင့် ဦးရန်နိုင်ထွန်းက နေရှင်းခ ပခုံးကို ပုတ်လိုက်သည်။

"ကျေးဇူးပါ ပါး။"

နေရှင်းခ ခပ်တိုးတိုးပြောသည်။ ဒီကျေးဇူးတင်စကားသည် ကုတ်အကျီင်္ကြယ်သီးတပ်ပေးသည့် အတွက်သာမဟုတ်ဘဲ အခြားအဓိပ္ပါယ်တွေ အများကြီးပါနေသည်ကို ဦးရန်နိုင်ထွန်း နားလည်သည်။ အပြုံးနှင့် ခေါင်းညိတ်ဖြေရင်း အထဲဝင်သွားဖို့သာ ပြောလိုက်သည်။ နေရှင်းခ ဘုရားကျောင်းထဲ လှမ်းဝင်လာချိန် စန္ဒရားသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဒါ သတိုးတီးနေတာ။ သတိုးရဲ့လက်သံ။ သူ သေချာသိသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now