ကျေးဇူးတင်စကား

29.3K 2.7K 693
                                    

ပြောစရာတွေများလွန်းလို့ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး။

Reader တွေကို ငိုအောင်လုပ်ခဲ့သမျှ မမွန် ဇာတ်သိမ်းပြီးတော့မှပဲ ၀မ်းနည်းလွန်းလို့ ငိုရပါတယ်။

ဒီဇာတ်လမ်းကို အများကြီး ခံစားပြီးရေးခဲ့တာပါ။ တွေးထားတာထက် ပိုရက်စက်ပြီး ငိုရအောင် ရေးထားသလို ဖြစ်သွားတာ တောင်းပန်ပါတယ်။ ဒါကြောင့်လည်း အပိုင်းသစ်တစ်ပိုင်းတင်တိုင်း ရင်နာခံ စိတ်ညစ်ခံပြီး ဖတ်ပေး အားပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။

မမွန်က ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာ သိသိကြီးနဲ့ရေးရတာတောင် ရင်နာနေရရင် ဇာတ်သိမ်းမသိတဲ့ reader တွေ ဘယ်လောက် ခံရခက်မယ်ဆိုတာ နားလည်ပါတယ်။

နည်းနည်းတော့ ရှင်းပြပါရစေ။

မမွန် ဒီဇာတ်ကောင် သုံးယောက်မှာ ဘယ်သူ့ကိုမှ ပိုမချစ်သလို ဘယ်သူ့ကိုမှလည်း ပိုမမုန်းပါဘူး။ ခံယူချက်မတူပေမယ့် အချစ်ဆိုတာ တစ်ခုပဲဆိုတာကို သုံးနေရာကနေ ၀င်ရေးခဲ့တာပါ။ ဘယ်ဇာတ်ကောင်ကိုပဲရေးရေး ကိုယ်က အဲဒီဇာတ်ကောင်နေရာကိုဝင်မှ ရေးလို့ရတာပါ။

ငယ်ငယ်တုန်းက ခဲတံလေးတွေ ခဲဖျက်လေးတွေကို လူတွေလို သဘောထားပြီး၊ လူတွေဖြစ်အောင် အသက်သွင်းပုံပြောသလို စိတ်ကူးထဲက ဇာတ်ကောင်တွေကို ချရေးတဲ့အခါ ဘယ်သူ့ကိုတော့ ကြည့်မရဘူး ဘယ်သူ့ကိုတော့ မုန်းလိုက်တာဆိုတဲ့ အတွေးတွေမရှိပါဘူး။

အားလုံးကို အသက်ဝင်အောင် ပုံပြောသူက ဇာတ်လမ်းအရ ရင်နာအောင် မုန်းအောင် ချစ်အောင် ရေးဖြစ်ပါတယ်။ ဒါပေမယ့် မမွန်ပြောသလို ကိုယ်ချစ်အောင်ရေးလည်း ဖတ်သူတွေက မုန်းခွင့်ရှိသလို မုန်းအောင်ရေးလည်း ချစ်ခွင့်ရှိပါတယ်။

နေရှင်းခ ကို နောက်ဆုံးတော့ အရူးလို ငတုံးလိုဖြစ်အောင် ရေးတယ်လို့ ပြောခံရတော့ ၀မ်းနည်းလွန်းလို့ ငိုတောင် ငိုချင်ပါတယ်။ မမွန်သာ နေရှင်းခကိုမချစ်ရင် အစပိုင်းကတည်းက အားလုံးရင်ထဲစွဲသွားအောင် မရေးပါဘူး။ သတိုးအပေါ်ချစ်တဲ့ သူ့အချစ်တွေကို အမြဲလိုလို ဦးစားပေးရေးခဲ့သလို အဖြစ်မှန်သိပြီးတာတောင် ဘယ်လောက်ချစ်သေးတယ်ဆိုတာ အပြုအမူတစ်ချို့နဲ့ reader ခံစားလို့ရအောင် ရေးခဲ့ပါတယ်။ သတိုးနဲ့ပတ်သက်ရင် ယမုံနဲ့ရော မိခင်ဖြစ်သူနဲ့ပါ  ပြတ်သားကြောင်း သတ္တိရှိသူတစ်ယောက်လို ရေးခဲ့ပါတယ်။ နေရှင်းခဖက်ကနာလို့ ကိုယ်သံယောဇဉ်ဖြစ်နေတဲ့ account တစ်ချို့ကပါ မဖတ်တော့ဘူးဆိုတဲ့အထိ ပြောလာတော့ တော်တော်လေး ၀မ်းနည်းခဲ့ရတယ်။

ကြယ်တွေကြွေသောညWhere stories live. Discover now