Sequel 7 (Unicode)

19.1K 1.8K 102
                                    

သူတို့ရောက်လာသည့် bar သည် ညည့်လုံးပေါက်ဖွင့်သည့် rooftop bar တစ်ခု။ ကားပေါ်မှဆင်းကာ ဓါတ်လှေကားထဲ ဝင်သည်နှင့် နိုင်ငံခြားသားတစ်ချို့ကို တွေ့ရသည်။ ဓါတ်လှေကားမှထွက်ပြီး bar ရှိရာလျှောက်ဝင်လာသည်နှင့် ကြိုတင်တွေးထားမိသည့်အတိုင်း bar တစ်ခုလုံး နိုင်ငံခြားသားများနှင့်သာ ပြည့်နေသည်။ disco သီချင်းသံမှာလည်း ဆူညံစွာ ထွက်ပေါ်နေသည်။ ဝင်ဝင်ချင်း အမိုးမပါသည့် rooftop ရှိကျယ်ပြန့်သောနေရာတွင် ဆိုဖာထိုင်ခုံများနှင့် စားပွဲများခင်းကျင်းထားသည်။ သောက်စားနေသူအပြည့်။ တစ်ဖက်ခြမ်းမှာတော့ မှန်ဖြင့်ကာထားသော ဘားကောင်တာနှင့် အလွတ်ကြမ်းပြင်တွင် ဖန်ခွက်များလက်မှာကိုင်ကာ ကနေကြသော နိုင်ငံခြားသူတစ်ချို့။

ထောင့်စားပွဲတစ်ခုမှ နေရှင်းခကို သူတို့တွေ့လိုက်ရသည်။ နေရှင်းခ၏အနားမှာ ရွှေဝါရောင် ဆံပင်များနှင့် နိုင်ငံခြားသူတစ်ယောက်ထိုင်နေသည်။ မိန်းမပျို၏ ကြိုးတစ်ချောင်းအကျီင်္ပါးမှာ ပြည့်ဝင်းသောရင်သားများပေါ် တင်ထားရုံသာ။ တိုလွန်းသော ဂျင်းဘောင်းဘီကြောင့် ဖြောင့်တန်းသောပေါင်တံရှည်ကို ထင်းနေစေသည်။ နေရှင်းခမျက်နှာနား ထိကပ်တော့မတတ် တစ်စုံတစ်ရာကို စိတ်ဝင်စားစွာ ပြောနေသည်။

သတိုးမျက်နှာမည်းသွားပေမယ့် ဘာမှဝင်မပြော။ ထက်ဝေယံကတော့ ငြိမ်မနေနိုင်ပါ။ နေရာမဖယ်ပေးသော ထိုအမျိုးသမီးကို လက်ကဆွဲမဖယ်ရုံတမည် အပြုံးချိုချိုနှင့်ပြောသည်။

"Sweetie, you're in my spot... do you mind?"

နိုင်ငံခြားသူမှာ မထချင်ထချင်ဖြင့် ထပြီးမှ နေရှင်းခကို လှမ်းကြည့်သည်။ လက်မနှင့်လက်သန်းကို ဖုန်းပုံစံ နားနားကပ်ကာ call me ဟု နေရှင်းခကို နှုတ်ခမ်းလှုပ်ရုံပြောကာ သူမ စားပွဲဝိုင်းမှာ ပြန်သွားထိုင်သည်။ တစ်ရှူးစာရွက်ပေါ်တွင် ဖုန်းနံပါတ်တစ်ခု။ သတိုးလှမ်းယူရင်း နေရှင်းခကို လှည့်ကြည့်ပြီး အံကြိတ်ပြတော့ နေရှင်းခက သူနှင့်ဘာမှမဆိုင်သလို ပြုံးရုံသာပြုံးသည်။ ထို့နောက် ဘီယာပုလင်းထဲမှ အေးစိမ့်စိမ့်ဘီယာကို ဖန်ခွက်ထဲသို့ နေရှင်းခ ကိုယ်တိုင်ငှဲ့ပေးပြီး သတိုးကို ကမ်းပေးသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now