Chapter 38

37.6K 3.3K 273
                                    

ပြိုင်ပွဲည..

လင်းလက်သော မီးတိုင်များသည် ပြဇာတ်ရုံဝင်းအတွင်း မောင်းဝင်လာသော ကားမီးရောင်များနှင့်အတူ တောက်ပလှုပ်ရှားနေသည်။ မလင်းတော့သော ကောင်းကင်သည် မှောင်တော့မမှောင်သေး။ နောက်ဆုံးလက်ကျန် အပြာရောင်ဖျော့ဖျော့ကောင်းကင်သည် တစ်နေ့တာ တာဝန်များပြီးဆုံးသွား၍ အိမ်ပြန်တော့မည့် ၀န်ထမ်းတစ်ဦးလို မောပန်းနေသည်။

ထက်ဝေယံ ကားကို ပြဇာတ်ရုံ ကားပါကင်တွင် ထိုးရပ်ကာ ကားသော့ကို ပါကင်ထိုးရန် ကူညီပေးသည့် ၀န်ထမ်းလက်ထဲသို့ ပစ်ထည့်လိုက်သည်။

"ငါ့ ကားခြစ်ရာတစ်ခုထင်ရန် မင်း တစ်သက်လုံး ထောင်ထဲက မထွက်ရဘူး.."

ခပ်ရို့ရို့ကောင်လေးမှာ ထက်ဝေယံ ဟောက်သံကြောင့် ခေါင်းပုသွားကာ ကားသော့ကိုပင် မီးခဲတစ်ခုလို ကြောက်လန့်တကြား ငုံ့ကြည့်နေသည်။ ထက်ဝေယံ ကိုယ်တိုင်က အနီရောင် ကုတ်အကျီင်္နှင့် အနီရောင် ဘောင်းဘီရှည်ကို ၀တ်ထားသောကြောင့် မီးတောက်တစ်ခုနှင့် အသွင်တူနေသည်။ မည်းနက်သော နေကာမျက်မှန်အ၀ိုင်းက ဂျယ်လီဖြင့်ထောင်ထားသော ဆံပင်နီများအောက်မှာ ထင်းနေသည်။

ဘောင်းဘီအိတ်ထဲမှ ဖုန်းကို လက်တစ်ဖက်ဖြင့်ထုတ်ကာ သတိုးနံပါတ်ကိုခလုတ်နှိပ်ပြီး နားမှာဖိကပ်လိုက်သည်။

"သတိုး မင်း ရောက်နေပြီလား..."

"ရောက်ပြီ.. ကိုလေးရော..."

"ငါ အခုပဲရောက်တယ်.. မင်း ရှင်းခရော..."

"မလာသေးဘူး.."

ငါလာနေပြီဟုပြောကာ ဖုန်းကိုပိတ်လိုက်သည်။

ထို့နောက် ကြယ်သီးကိုရင်ဘတ်လယ်ထိဖြုတ်ထားသော ရှပ်အကျီင်္ကော်လံကို ထောင်လိုက်ကာ ခြေလှမ်းစိတ်စိတ်ဖြင့် ၀င်ပေါက်ကို လျှောက်လာခဲ့သည်။ ရုတ်ရုတ်သဲသဲဖြစ်နေသော ၀င်ပေါက်ကိုကြည့်ကာ ထက်ဝေယံ မျက်ခုံးတစ်ဖက် မြင့်တက်သွားရသည်။ လုံခြုံရေးဝန်ထမ်းနှစ်ယောက်က သူတို့ရှေ့မှ ကောင်လေးကို ထုတ်ဆီးတိုးသလို ခြေကားယား လက်ကားယားဖြင့် ကာနေကြသည်။

ထက်ဝေယံကိုမြင်သည်နှင့် လုံခြုံရေးတစ်ယောက်က အပြုံးနှင့် လမ်းဖယ်ပေးသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now