Chapter 4

43.5K 4K 176
                                    

ဒေါ်မေချိုခြေတစ်ဖက်ချိတ်ထိုင်နေရာမှ ဆိုဖာလက်ကိုင်ပေါ် ကိုယ်ကိုမှီလိုက်ရင်း သူမရှေ့မှ ဒေါ်ဟေမာကို အကဲခတ်သလို စူးစိုက်ကြည့်မိသည်။

ဒေါ်ဟေမာဝတ်ထားသော ပါတိတ်ထမီသည် အတော်ပင် နွမ်းနေကာ အရောင်လွင့်နေပြီဖြစ်သည်။ နားနှစ်ဖက်တွင်လည်း နားပေါက်ဟောင်းလောင်းနှင့်ဖြစ်ကာ လည်ပင်းမှ ဆွဲကြိုးငယ်သည် ပျောက်ကွယ်တော့မလိုထင်ရသော ရွှေဆွဲကြိုးမျှင်မျှင်လေးသာဖြစ်သည်။

အရင်ကလို တောက်တောက်ပြောင်ပြောင် မဟုတ်တော့သည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဒေါ်မေချို မသိမသာသက်ပြင်းတစ်ချက်ချမိသည်။

"ကော်ဖီသောက်ဦးလေ ဟေမာ..."

"ဟုတ်ကဲ့ မမ...."

ကလေးနှစ်ယောက်ထွက်သွားကတည်းက ဧည့်ခန်းသည် တိတ်ဆိတ်ကာ ကျန်နေခဲ့သည်။

ဒေါ်ဟေမာက ဟုတ်ကဲ့ဖြေလာသော်လည်း ကော်ဖီခွက်ရှိရာသို့လက်မရွေ့။ ကြေမွနေသော သူမလက်ထဲမှ လက်ကိုင်ပုဝါကိုသာ အထပ်ထပ်အခါခါ ပွတ်ခြေနေသည်။

"ပြောပါဦးဟေမာရယ်.. ကိုမင်းနိုင်ဘာဖြစ်လို့ အလုပ်ပြုတ်ရတာတဲ့လဲ.. သူ ဒီလောက်တော်တာ..."

"မမမောင်က လူတော်သလောက် ရိုးလွန်းတာကိုး မမရယ်.. ၀န်ထမ်းလုပ်စားဖို့မကောင်းဘဲ သင်းအုပ်ဆရာပဲလုပ်ဖို့ကောင်းတယ်....."

သတိုးဖခင် ဦးမင်းနိုင်သည် ဒေါ်မေချို တွေ့ဖူးသမျှလူအားလုံးတွင် အရိုးဆုံး၊ အဖြောင့်ဆုံးလူတစ်ယောက်ဖြစ်သည်။ တစ်ခါတစ်ရံ ရိုးအေးသည်ကိုကျော်ကာ တုံးအ သည့်အပိုင်းထဲထိ ရောက်ချင်ချင်ဖြစ်သည်ဟု သူမ ထင်သည်။

ဦးမင်းနိုင်၏လုပ်ငန်းခွင်သည် မှုခင်းရေးရာကို စစ်ဆေးရသည့် အပိုင်းဖြစ်သည်။ လူသတ်မှု၊ လူသေမှု များကို စစ်ဆေးမှတ်တမ်းတင်ရသည့် မှုခင်းရဲတစ်ယောက်ဖြစ်သည်။ လူချမ်းသာ သားသမီးများနှင့်ပတ်သက်သည့်အမှုများ အနည်းနှင့်အများရှိရာ ဦးမင်းနိုင်နောက်မှ မျက်ရည်စက်လက်နှင့် ပိုက်ဆံအထုပ်ပိုက်ကာ လိုက်လာသည့် လူများမနည်းလှ။

မှုခင်းပိုင်းဆိုင်ရာ ဓါတုဗေဒ၀န် ဦးမင်းနိုင်၏ စာတစ်ကြောင်း၊ မှတ်တမ်းတစ်ခုသည် အပြစ်ရှိသူများကို ထောင်မှလွတ်စေနိုင်သလို တစ်သက်တစ်ကျွန်းလည်း ကျစေနိုင်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now