Part 10 (Unicode)

27.5K 2.7K 110
                                    

"မင်းပြောတော့ ပြန်မလာဘူးဆို... ရှင်းခ။"

အပြင်းအထန် ခုန်နေသော နှလုံးသားကို သတိုး ကြိုးစားထိန်းချုပ်ကာ လေသံတိုးတိုးဖြင့် မေးမိသည်။ သူ့လက်များက ထိုင်နေသော ခုံတန်းလျားငယ်ကို နာကျင်ထုံထိုင်းလာသည်အထိ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ နေရှင်းခကို အခုအချိန်အထိ သူ လှည့်မကြည့်ရဲသေး။

"Suprise လုပ်ချင်လို့လေ။ မင်း စိတ်ဆိုးနေတာလား။"

နေရှင်းခအသံသည် သူမှတ်မိနေသည်ထက် ပို၍ နွေးထွေးတည်ငြိမ်နေသည်။

ဟင့်အင်း.. သူ စိတ်မဆိုးပါ။

သတိုးသိသည်မှာ ငယ်စဉ်ကလို အသံကုန် အော်ငိုချင်နေသည်ဆိုတာကိုသာ ဖြစ်သည်။

"စိတ်မဆိုးပါနဲ့ကွာ။ လာ.. ထ။ မင်းအတွက် လက်ဆောင်တွေအများကြီးပါတယ်။"

သတိုး လက်များကို အုပ်ကိုင်လာသော နေရှင်းခလက်များကြားမှ အထိတ်တလန့် ရုန်းထွက်လိုက်သည်။ နေရှင်းခ၏ အနက်ရောင်မျက်လုံးများက အံ့သြသွားသလို။ နေရှင်းခ အသားတွေ သိသိသာသာဖြူလာသည်။ စိမ်းလာသော ပါးပြင်မှ မုတ်ဆိတ်ရေးရေးကြောင့် တကယ့်ကိုလူကြီးတစ်ယောက်လို ဖြစ်နေသည်။ နဖူးပေါ်သပ်တင်ထားသော ဆံပင်များကြောင့် ကကြီးပုံစံနဖူးမှာ ထင်းနေသည်။ အနောက်ဖက်တွင် ခပ်ပါးပါးရိပ်ထားသော ဆံပင်တစ်ချို့မှာ ပုခုံးအထိ ရှည်နေသည်။

"ဟို..."

သတိုး ဘာဆက်ပြောရမည်မသိ။ ချက်ချင်းပင် မျက်နှာလွှဲကာ အကြည့်လွှဲလိုက်ရသည်။ သူဘယ်လောက် မျက်နှာပျက်နေသည်ကို သူသာသိသည်။ ရင်ထဲမှ နှလုံးခုန်သံသည် စည်းချက်မညီတော့။

"ဆောရီး.. ဟို.. ငါ လုပ်စရာလေးတွေရှိသေးလို့။"

သတိုး ဧည့်ခန်းမှာ နေရှင်းခကို တစ်ယောက်တည်းထားကာ လှေကားထစ်များအတိုင်း အိမ်ပေါ်တက်လာခဲ့သည်။ ကုတင်ပေါ် ဝမ်းလျားမှောက် ပစ်လှဲချရင်း သူ့ရင်ခုန်သံတွေကို နေရှင်းခ မရိပ်မိရန် တုန်လှုပ်စွာ ဆုတောင်းမိသည်။

.........................................................

ဒေါက်...

ဒေါက် ဒေါက်...

ကြယ်တွေကြွေသောညWhere stories live. Discover now