Part 18 (Unicode)

24.3K 2.6K 153
                                    

"ထက်ဝေယံ..."

နောက်ကျောမှ ခေါ်သံကြောင့် ထက်ဝေယံလှည့်ကြည့်လိုက်သည်။

နေရှင်းခ...

ကျွတ်...

ပြဿနာကောင် သူ့ကို ပြဿနာလာရှာတော့မည်ကို သိလိုက်သည်။ ကိစ္စတော့မရှိ။ သူကလည်း ဒီအချိန်ကိုပင် စောင့်နေခြင်းဖြစ်သည်။ သူရှိနေရာသည် ဆိုင်အပေါ်ထပ်၏ ဝရန်တာလိုမျိုးဖြစ်သည်။ စားပွဲသုံးလေးလုံးခင်းထားသော်လည်း မည်သူမှရှိမနေ။ အခြားအခန်းများတွင် သီဆိုသူများရှိနေသေးသော်လည်း ဖြတ်သန်းသွားလာသူများ ရှိမနေ။

"ဘာလဲ နေရှင်းခ။"

"မင်း မသိချင်ယောင်ဆောင်မနေနဲ့။"

"မင်း မပြောဘဲနဲ့ ငါက ဘာကိုသိရမှာလဲ။ ငါသိတာကတော့ မင်းအမေချီးကျူးသလို မဟုတ်ဘဲ မင်းတော်တော်ရိုင်းစိုင်းမောက်မာတဲ့ကောင် ဆိုတာပဲ။"

နေရှင်းခ သူ့အပြောကို ဒေါသထွက်ဟန်မပြ။ နှုတ်ခမ်းမဲ့ရုံသာ တစ်ချက်ပြုံးသည်။

"မင်းထင်ချင်သလိုထင်။ ငါစိတ်မဝင်စားဘူး ဝေယံ။ တစ်ခုပဲရှိတယ်။ မင်း သတိုးနဲ့ ဝေးဝေးနေ။"

"ဘာလဲ သတိုးက မင်းပိုင်တဲ့ အိမ်မွေးတိရစ္ဆာန်မို့လို့လား။"

"မင်း..."

နေရှင်းခ မျက်နှာအကြီးအကျယ်ပျက်သွားသည်ကိုကြည့်ရင်း ထက်ဝေယံ ပြုံးမိသည်။ တကယ်ပင် နေရှင်းခဆိုသည့် ကောင်ကို နာကျင်စေချင်လျှင် သတိုးကို နည်းနည်းပြောရုံနှင့် လုံလောက်သည်။ မိမိကို်ယ်တိုင် ရစရာမရှိအောင် အပြောခံရလျှင်ပင် နေရှင်းခ အပြုံးမပျက်။ သတိုးကို ထိလျှင်တော့ မီးထတောက်မတတ် ပူလောင်နေတတ်သည်။

"ပြောစမ်းပါဦး။ သတိုးကို စကားပြောဖို့တောင် အခွင့်အရေးမရှိရအောင် အဲဒီ့ကောင်လေးကို မင်း ပိုင်လို့လား။"

ရှေ့ဆက်ဘာမှ ဆက်မပြောလာသည့် နေရှင်းခကိုကြည့်ကာ ထက်ဝေယံ ရယ်ချလိုက်သည်။

"အကြောင်းပြချက် ခိုင်လုံအောင်ပေးလေ နေရှင်းခ။ မင်း ဝေးဝေးနေခိုင်းတဲ့လူတိုင်းနဲ့ ဝေးဝေးနေရအောင် မင်းက ဘာကောင်မို့လို့လဲ။"

ကြယ်တွေကြွေသောညWhere stories live. Discover now