Part 25 (Unicode)

Start from the beginning
                                    

"မင်း အလကားကျောင်းမှာ လာပြီးအချိန်ကုန်ခံနေတယ်သတိုး။ သီချင်းပြိုင်ပွဲအတွက် စာရင်းသွင်းဖို့က နီးနေပြီ။ မင်း သီချင်းက ရှေ့နောက် တောင်မြောက် မကွဲသေးဘူး။"

ထက်ဝေယံ ဒေါသတကြီးပြောသည်။ ကျောင်းတက်တာကို အချိန်ကုန်ခံသည်ဆိုသည့် စကားကို ဒေါ်မေချိုကြားလျှင် ထက်ဝေယံခေါင်းကို ဖြောင်းခနဲနေအောင် ရိုက်မည်ထင်သည်။

"သီချင်းက ကိုလေးကို အပ်ထားပြီးသားပဲဗျာ။"

"မင်း အပ်ထားတိုင်း ငါပြင်လို့ ဖြစ်မလား။ ရေးတာလည်း မင်းပဲရေးထားတာ။ ဆိုမှာလည်း မင်းပဲဟာ။"

သူ့ သီချင်းများကို နားထောင်ချင်သည်ဟု ထက်ဝေယံပြောတုန်းက သတိုး ထင်ထားခဲ့သည်မှာ ရိုးရိုးစိတ်ဝင်စားခြင်းဟူ၍ ဖြစ်သည်။ အဆိုတော်ဆိုတော့ သူဆိုဖို့အတွက်ကြည့်ချင်တာလည်း ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် ထက်ဝေယံက သတိုးကိုသာဆိုရန် တိုက်တွန်းလာသည်။ ရုပ်မြင်သံကြားတစ်ခုမှ ပြုလုပ်မှု အဆိုပြိုင်ပွဲတစ်ခုတွင် စာရင်းသွင်းဖို့ အတင်းတိုက်တွန်းရုံမက အစအဆုံး လိုက်ပါလုပ်ဆောင်ပေးနေသည်။

"မင်းသီချင်းကို Timing ရောTone ပါ ငါ နည်းနည်းပြင်ထားတယ်။"

"အဲဒီတစ်ပုဒ်က နည်းနည်း ထူးဆန်းသလိုဖြစ်နေတယ် ကိုလေး။ နားထောင်လေ့မရှိတဲ့သူဆို ချက်ချင်းလက်ခံနိုင်မယ့် သံစဉ်မျိုးမဟုတ်ဘူး။ ပြိုင်ပွဲအတွက် အဲဒီ့တစ်ပုဒ်ကိုရွေးတာ သေချာလား။"

"အေး.. အဲဒီ့တစ်ပုဒ်ပဲ။"

"တခြားရေးထားတာတွေလည်း ရှိတာပဲဗျာ။"

"သတိုး.. အဲဒီ့အပုဒ်ပါပဲဆိုကွာ။"

ခေါင်းမာလွန်းလှသည့် ထက်ဝေယံကို သတိုး အရှုံးပေးလိုက်ရသည်။ သီချင်းခေါင်းစဉ်ကိုတော့ ထက်ဝေယံ မပြောင်း။ သူလည်း ရေးထားသမျှ သီချင်းအားလုံးတွင် ထိုအပုဒ်ကို အကြိုက်ဆုံးဖြစ်သည်။ ဒါပေမယ့် သီချင်းသံစဉ်က နားထောင်နေကျ pop များလိုမဟုတ်။ တစ်ခါမှ နားမထောင်သူများဆိုလျှင် နားထဲတစ်မျိုးဖြစ်နိုင်သည်ဟု သတိုး ထင်သည်။ ဒါပေမယ့် အားလုံးထဲမှ ဒီတစ်ပုဒ်ကို ပြိုင်ပွဲဝင်ဖို့ ထက်ဝေယံ နားထောင်ပြီးကတည်းက ရွေးထားခဲ့သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now