Part 18 (Unicode)

Start from the beginning
                                    

နေရှင်းခ တောက်တစ်ချက်ခေါက်သည်။ ထက်ဝေယံ မဲ့ပြုံးပြုံးကာ စီးကရက်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ နောက်ထပ် ရှေ့တစ်လှမ်းတိုးကာ နေရှင်းခ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ အကွာအဝေးမှာ နေရှင်းခ၏ လည်ပင်းကော်လံကို ဖမ်းဆုပ်ယူ၍ရအောင် နီးကပ်နေပြီဖြစ်သည်။

"မင်း ဝန်မခံရဲဘူး မဟုတ်လား။ မင်း သတိုးကို ချစ်နေတဲ့အကြောင်းကို လူရှေ့သူရှေ့မှာ ဝန်တောင် မခံရဲဘဲနဲ့ ငါ့ကိုလာပြီး အသားလွတ် တိုက်ခိုက်နေတာ မင်းရှက်ဖို့ကောင်းတယ်။ ငါ့ကို ပြဿနာလာရှာနေမယ့်အစား မင်းကောင်လေးကို မင်းရအောင်ထိန်းလေ။"

ထက်ဝေယံစကားဆုံးသည်နှင့် နေရှင်းခ လှောင်ပြုံးတစ်ခုုပြုံးသည်။

"မင်းပိုက်ဆံရှိတိုင်း အရာရာကိုဝယ်လို့ရတယ် ထင်နေလား... ထက်ဝေယံ။ သေချာတာကတော့ စောင့်စည်းရမယ့် စည်းတွေကို မလေးစားဘဲ မင်းလို တွေ့ရာလူ လိုက်ဆွဲတတ်တဲ့ ကောင်မျိုးတွေကြောင့် ဂေးတွေ နာမည်ပျက်တာ။"

"ဘာ...."

ထက်ဝေယံ လက်ထဲမှ စီးကရက်ကို ဒေါသကြောင့် လွှင့်ပစ်လိုက်သည်။ နေရှင်းခ၏ ကျက်သရေမရှိသော မျက်နှာကို စုတ်ပြတ်သွားသည်အထိ ထိုးလိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"ငါ ဂေးဖြစ်တော့ရော ဘာဖြစ်လဲ။ တွဲချင်တဲ့ကောင်နဲ့တွဲမယ်။ ကြိုက်ချင်တဲ့ကောင်နဲ့ကြိုက်မယ်။ မင်း သောက်ပူမဟုတ်ဘူး။"

ထက်ဝေယံ မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်သည်။

"မင်း တစ်လောကလုံးက ကောင်တွေကို ကြိုက်ခွင့်၊ တွဲခွင့်ရှိတယ်။ ငါ ဂရုမစိုက်ဘူး။ မင်း ထိလို့မရတဲ့သူဆိုလို့ တစ်ယောက်ပဲရှိတယ်။ အဲဒါ သတိုးပဲ။ မြဲမြဲမှတ်ထား။"

နေရှင်းခ သူ့ကိုကျောပေးကာ ထွက်သွားပြီဖြစ်သည်။ ထက်ဝေယံ နာကြည်းစွာ ပြုံးလိုက်သည်။

အေး။ ငါကလည်း တားမြစ်ထားတယ်ဆိုတဲ့ဧဒင်ပန်းသီးမျိုးကိုမှ စိတ်ဝင်စားတာ နေရှင်းခ။

...................................................................................................

နေရှင်းခတို့၏ကား သူတို့နှစ်ယောက်ကို အိမ်လိုက်ပို့ပြီး မောင်းထွက်သွားသည်နှင့် ဇော်မိုး ဖုန်းကိုထုတ်ကာ အမွှာကောင်ကို လှမ်းပြောလိုက်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now