Part 15 (Unicode)

Magsimula sa umpisa
                                    

"ငါ့ကိုရှင်းပြစရာမလိုဘူးလေ ရှင်းခ။ ဒီကိစ္စက မင်းတို့နှစ်ယောက်နဲ့ပဲဆိုင်တာ။"

သတိုး သူ့ရှေ့မှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သည်။ ဘာကြောင့်မှန်းမသိလိုက်ခင်မှာပင် နေရှင်းခ သတိုးပခုံးများကို ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်ရန် ကြိုးစားမိသည်။

"မဟုတ်ဘူး သတိုး။ ငါ တကယ်ဘာမှမသိဘူး။ မေမေဘာမှမပြောထားဘူး။"

"ငါပြောပြီးပြီ။ ငါနဲ့ဘာမှမဆိုင်ဘူး။"

သတိုးခေါင်းငုံ့ထားဆဲဖြစ်သည်။ သတိုးတစ်ကိုယ်လုံးတုန်ရင်သွားစေသည်အထိ နေရှင်းခ သတိုးပခုံးနှစ်ဖက်ကို ကိုင်လှုပ်မိသည်။

"ငါက ဆိုင်စေချင်တယ်ဆိုရင်ရော။ ငါ မင်းကိုစိတ်ဆိုးစေချင်တယ်။ ဒေါသဖြစ်စေချင်တယ်။ ငယ်ငယ်တုန်းကလို ယမုံ့လက်ထဲက ငါ့ကိုလုစေချင်တယ်ဆိုရင်ရော သတိုး။"

နေရှင်းခ စကားအဆုံးမှာ သတိုးသူ့ကို မော့ကြည့်လာသည်။ မျက်ရည်ဝိုင်းချင်နေသော မျက်လုံးများသည် ပိတောက်ရောင်ဟပ်နေသည်။ တဖြည်းဖြည်း မှောင်ကျလာသော အမှောင်ထုက နက်ရှိုင်းစွာ အရာရာကို ၀ါးမြိုလာနေသည်။ နေရှင်းခ အသက်ရှူ သံသည် ပြင်းထန်နေသည်။ သတိုးပခုံးများကို ဖိကိုင်ထားသော သူ့လက်များသည် အားကုန်သုံးထားသဖြင့် ထုံကျင်နေစေသည်။

"အဲဒီ့အခွင့်အရေး ငါ့မှာ ရှိလား ရှင်းခ။"

သတိုးစကားအဆုံးမှာ ပြတ်တောက်သွားသော မီးရောင်များနှင့်အတူ မှောင်မိုက်မှုတစ်ခုသာ ရှိတော့သည်။ အိမ်ဝင်းနှင့်ခြံပြင်ရှိ ထွန်းထားသော မီးရောင်အားလုံး မှောင်ကျသွားကာ လောကတစ်ခုလုံး ပိန်းပိတ်အောင် မှောင်ကျသွားသည်။ ရုတ်တရက်မို့ နေရှင်းခ မျက်လုံးများပြာသွားသည်။ ဒါပေမယ့် သူ့လက်ထဲမှ သတိုးပခုံးများကို မလွှတ်သေး။

တစ်လှမ်းတိုးလိုက်သော နေရှင်းခ၏ ခြေလှမ်းကြောင့် သတိုးကျောပြင်မှာ ပိတောက်ပင် ပင်စည်ကို ထိကပ်မိသွားသည်။ ပင်စည်ကိုမှီထောင်ထားသော ဂစ်တာငယ်မှာ အရှိန်ပြင်းစွာဖြင့် မြေပြင်ပေါ်လဲကျသွားခဲ့သည်။

ကြယ်တွေကြွေသောညTahanan ng mga kuwento. Tumuklas ngayon