အပိုင်း - ၂၃

Start from the beginning
                                    

အခုက Sehun ဝဠ်လည်နေတာများလား...?

" ကျနော် ဘယ်တော့အိမ်ပြန်ရမှာလဲ oh sehun "

ကုတင်ခြေရင်းမှာ sehun ထိုင်ချခိုင်းလိုက်တဲ့ အတိုင်းထိုင်ချလိုက်တဲ့ကောင်လေးက ကြမ်းကြမ်းတမ်းတမ်းတွေမလုပ်ဘဲ သူသိချင်တာကိုဘဲ မေးတယ်..

" ဘယ်သွားမှာလဲ... ဒါက အစကတည်းက ကလေးအိမ်ဘဲလေ.."

Jongin မေးတိုင်း sehun ကဒီအဖြေကိုဘဲပေးတယ်...

" ခင်ဗျား ဘာတွေ တွေးနေလဲ မသိပေမယ့် ကျနော် ခင်ဗျားကို ပြန်လက်မခံဘူး... ဘယ်တော့မှ... ခင်ဗျားကို လက်.. မ.. ခံ...ဘူး...."

Sehun မျက်ဝန်းထဲ မှိုင်းညှို့တဲ့ အရိပ်တွေ ဖြတ်ပြေးသွားပေမယ့် ခဏဘဲ... ဘာမှမဖြစ်သလို ပြုံးလိုက်တဲ့ sehun ကို Jongin က ရွံရှာသလိုကြည့်တယ်...

ရက်သတ္တပတ်လူံး sehun ကျွေးတာကို ကောင်းကောင်းမွန်မွန်စားပြီး သူ့ကိုယ်သူနာကျင်အောင်လုပ်တဲ့ Jongin ကို sehun အရမ်းထိတ်လန့်သွားပေမယ့် သူ့ထက် ၂ဆ ပြန်လုပ်မှ jongin လုပ်ရက်တွေရပ်တန့်သွားသည်...

ဥပမာ ပထမရက်မှာ jongin သူ့နှုတ်ခမ်းသူ သွေးစိမ်းရှင်ရှင် ထွက်အောင် ကိုက်ဖောက်ပြစ်တာကို ထူပူနေမယ့်အစား သူ့ရှေ့မှာတင် sehunက ကိုယ့်လက်မောင်းကို အသီးလှီးတဲ့ ဓားနဲ့ ထိုးခွဲလိုက်တာမျိုးပေါ့...

၂ရက်လောက် အနာရင်းပြီး သေမတတ်ဖျားပေမယ့် Jongin က ထပ်မလုပ်တော့ဘူးလေ... သူ့ကိုယ်သူနာကျင်အောင် လုပ်ရင် ပြန်လွှတ်မယ့်အစား sehun က သူ့ကိုယ်သူ ၂ဆပြန်နာကျင်အောင်လုပ်မယ်ဆိုတာကို ဦးနှောက်ပြေးတဲ့ sehun ကလေးက နားလည်လွယ်ပါတယ်..

ဒါပေမဲ့ သူအမှတ်ရအောင် လာချိတ်ထားပေးတဲ့ မင်္ဂလာဓာတ်ပူံကိုတော့ သု့စိတ်ဖြေစရာအဖြစ်လွှတ်ထားပေးလိုက်ကာ sehun ဘာမှမပြောတော့...

" နေပါတော့လား... ခင်ဗျားသားနဲ့ ခင်ဗျား ဘဝနဲ့..
ကျနော့်ကိုလွှတ်ထားပေးပါတော့လား oh sehun ရယ်..."

Jongin က သူထွက်ခွင့်မရတဲ့ အခန်းတံခါးကို တွေတွေလေးလှမ်းငေးရင်း အားမတန်လို့ မာန်လျှော့ထားတဲ့ အသံနဲ့ပြောတယ်....

" ကလေးကို ကိုယ်ဘယ်တူန်းကမှ လက်မလွှတ်ခဲ့ဖူးဘူးဆိုတာ ကိုယ်လက်မှတ်မထိုးထားတဲ့ ကွာရှင်းစာချူပ်ကသက်သေဘဲလေ...ကိုယ်လုပ်ချင်ရင် ဘာလုပ်လို့ရလဲ ကလေးသိပါတယ်.. လိမ္မာရဲ့သားနဲ့.."

Sehun စကားကြောင့် Jongin စိတ်တိုစွာနဲ့ ချုပ်ထားတဲ့ sehun ရဲ့ ဓားဒဏ်ရာပေါ် လက်သည်းရှည်နဲ့ ထိုးခွဲပစ်သည်...

အသည်းခိုက်မတတ် နာကျင်မှုကြောင့် Sehun မျက်နှာပျက်သွားပေမယ့် တစ်ချက်မရုန်းဘူး...

ချူပ်ရိုးပြေသွားတဲ့ လက်မောင်းက လက်တိုဝတ်ထားတဲ့ sehun အကျီလက်ဖျားမှာ အနီရောင်အရည်တွေ စွန်းထင်းလာတာတယ်...

" ကျနော့်ကို ခိုးယူပေါင်းသင်းနေတာ မမ မဟုတ်ဘုး..
ခင်ဗျား....!! ခင်ဗျားးးဗျ...!! သိလား... ဗီလိန်လုပ်ရတာသိပ်ပျော်နေလည်းလား..ဟမ်..!!"

Sehun လက်မောင်းရင်းမှာ သွေးတွေတအားများလာတာကို jongin သတိမထိထားမိသည်အထိ ဒေါသထွက်နေဆဲ...

မခံနိုင်တော့သည့်အလား sehun က Jongin လက်မောင်းကို အသာဆွဲခွာတယ်... ပြီးမှ ဒေါသတွေနဲ့ jongin မျက်နှာလေးကို ကြင်ကြင်နာနာကြည့်လိုက်ပြီး...

" တရားဥပဒေအရ မင်းကိုကိုယ်ပိုင်သေးတယ် ကလေး..
ကလေးသိလို့လည်း ကိုယ်နဲ့ နေနေသေးတာမလား..
ကိုယ် အကျီသွားလဲလိုက်ဦးမယ်..."

လက်ဖျံအထိစီးကျလာတဲသွေးတွေကိုသပ်ချရင်း sehun က Jongin အနားကထထွက်သွားတယ်..

၇လှမ်းလောက်လှမ်းပြီးမှ ပြန်လှည့်လာပြီး ထိုင်နေဆဲ jongin နဖူးလေးကို sehun ဖိနမ်းကာ ကျေနပ်ပြုံးလေးနဲ့ တစ်ခွန်းပြောတယ်..

" ဗီလိန်တွေက ပိုချစ်တတ်တယ် ကလေး..."

လှောင်ရိပ်တွေနဲ့ jongin မျက်ဝန်းလေးတွေကြောင့် သူရင်နာရပါတယ်... ဒါပေမဲ့ ပါးအိအိလေးကို တစ်ချက်ဖျစ်လိုက်ပြီးပြုံးပြကာ တဆစ်ဆစ်နာလာတဲ့ လက်မောင်းကိုအုပ်ကိုင်ရင်း အခန်းအပြင်ထွက်ခဲ့လိုက်တော့တယ်....

အခန်းသော့ခတ်ဖို့ကိုလည်း မမေ့မလျော့ပေါ့...

Sehun က Emma ကို ချစ်ခဲ့ဖူးပေမယ့် သတ်သေဖို့ pressure ပေးတဲ့အထိ မုန်းသွားခဲ့သလို
Jongin ကလည်း sehun ကို....

မဟုတ်ပါဘူး... ကလေးက sehun ကိုချစ်ပါသေးတယ်...

Jongin ထွက်ပြေးရင် ခိုးယူပေါင်းသင်းမှုနဲ့ ဟိုမိန်းမတရားစွဲခံရမှာကြောက်လို့မဟုတ်ဘဲ
Sehun ကိုသံယောဇဉ်ကျန်နေသေးလို့ ကလေးက sehun ထားတဲ့ အတိုင်းလေးနေနေတာပါ...

ယုံပါတယ်...
Jongin က Sehun ကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘုး...

ပြီးတော့ Jongin က Sehun ကိုသတ်သေဖို့လည်း Pressure ပေးမှာမဟူတ်ပါဘူး...

---- ဦး-----

ဆက်ရန်...
ဧပရယ် မဖူးလ်ပါဝူးနော်ㅋㅋㅋ

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now