အပိုင်း - ၂၁

Start from the beginning
                                    

အရှေ့က အထက်တန်းကျောင်းသားတွေက လက်ထဲက အိတ်ကိုတောင်းနေပမယ့် Ji hun မပေး... ပေးလိုက်ရင် အသားမနာနိုင်တာသိပေယ့် တမင်ပြသနာမဖြစ်ဖြစ်အောင် ပေတေပြီးနေလိုက်သည်...

" oh ji hun မင်းကိုငါတို့ပြောနေတယ်လေ..!!"

ကိုယ့်ထက် အရပ်ကအစ မတရားမြင့်တဲ့ ကျောင်းသားကြီးကို မထီမဲ့မြင် ji hun ကြည့်ပေးလိုက်တော့ မျက်နှာတစ်ဖက်က နာကျင်မှုနဲ့အတူ ပူထူသွားရသည်...

အရှိန်ပြင်းတဲ့လက်သီးကြောင့် နှုတ်ခမ်းထောင့်က ကွဲသွားပေမယ့် ji hun နှုတ်ခမ်းတွေ ကပြုံးနေခဲ့တယ်..

ဒီဒဏ်ရာတွေမြင်ရင် oh အိမ်တော်ထိန်းက daddy ကိုပြောမှ ji hun ကို daddy သတိရမယ်ဆိုတာ တပ်အပ်သိသည်...

မထုံတက်တေးနဲ့ ပြန်မပြောနားမထောင်ဖြစ်နေတာကို အသည်းယားသွားပုံရတဲ့ ထိုအုပ်စုလက်မှာ ji hun မျက်နှာတစ်ပြင်လူံးစူတ်ပြတ်ကာ ခေါင်းတွေပင်မူးနေပြီ...

သေသွားလည်းကောင်းတာဘဲ ... အနည်းဆူံးတော့ သူ့ဈာပနကို daddy ဦးစီးရမှာဘဲ...အလယ်တန်းကျောင်းသားဘဝနဲ့သေတော့လည်း မြန်မြန် ဝဋ်ကျွတ်တာပေါ့...

မခုခံ မကာကွယ်ဘဲ ပေတေနေနေပေမယ့် ဖိနပ်ထိပ်ဦးတစ်ခုက ဝမ်းဗိုက်ဆီကို တိုးဝင်လာပြီးတဲ့နောက်မှာ ji hun ကတ္တရာလမ်းပေါ် လဲကျသွားတော့သည်...

ဦးခေါင်းကပါ နာကျင်သွားပေမယ့် ဘာကိုမှ မသိတော့..!

" ဟေ့ .!! ဘာလုပ်နေကြတာလဲကွ..!!!"

အသိဉာဏ်တွေ မှိတ်မသွားခင် မြင်ကွင်းထဲပေါ်လာတဲ့ ထီးတစ်လက်နဲ့ ယောကျာ်းကို ji hun ရင်းနှီးသလိုခံစားရပေမယ့် ဘယ်သူမှန်းမတွေးနိုင်ခင် အာရုံတွေ ဗလာကျဉ်းသွားတော့သည်...

ကားနဲ့ဝင်လို့မရတဲ့ လမ်းကျဉ်းလေးမို့ Jongin ကားကိုရပ်ကာ ထီးထုတ်ပြီး လမ်းကြားလေးထဲ လမ်းလျှောက်ဝင်ခဲ့လိုက်၏..

လူပြတ်တဲ့လမ်းလေးမို့ မိုးသံရယ် jongin ရဲ့ ခြေသံရယ်သာရှိတဲ့ လမ်းလေးထဲက နောက်ထပ်ချောင်ကျတဲ့လမ်းသွယ်လေးထဲကနေ ထိုးကြိတ်သံတွေကြားရတော့ jongin စိတ်ပူစိတ်နဲ့ အပြေးသွားကြည့်မိလိုက်တယ်..

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now