အပိုင်း - ၂၀

Start from the beginning
                                    

" ဟုတ်ပါတယ် ... arrjushii ကို ကျနော် မှတ်မိတယ်..
Daddy ... Daddy က ၇ နှစ်လူံး ကျနော့်ကိုပစ်ပြီး ခင်ဗျားကိုဘဲရှာနေတာလေ... မပြောမဆို နဲ့ ခင်ဗျားပျောက်သွားပြီး အခု ဘယ်မှာရှိနေတာလဲ..."

ဆယ့်လေးနှစ် အရွယ်ကောင်လေးတစ်ယောက်က ဒီလောက်အကြောက်တရားကင်းမဲ့ပြီး လူကြီးတစ်ယောက်ကို ပမာခန့်ပြောနေတာကြည့်ရင်း ဦး ဒီခလေးကို ဘယ်လိုများကြီးပြင်းစေခဲ့ပါလိမ့်လို့ စိတ်ပျက်ဖွယ်တွေးမိသေးသည်...

" ကိုယ်က Jongin မဟုတ်ပါဘူးလို့ မင်းကိုပြောပြီးပြီလေ...
မင်း မိဘတွေ မင်းကို မဆူံးမထားဘူးလား .. ဘာလို့ဒီလောက်ရိုင်းစိုင်းနေရတာလဲ..."

Jongin ကိုယ့်တူဆိုတဲ့ စိတ်နဲ့လည်း ပြောလိုက်ပေမယ့် ထိုကောင်လေးက ပမာမခန့်ပူံမျိုးနဲ့ ပြန်ကြည့်ကာ...

" ယောကျာ်းဟောင်းကိုဘဲရှာနေတဲ့ အဖေရယ် ဖောက်ပြန်ဖို့ဘဲ သိတဲ့ အမေရယ် ကမွေးထားတဲ့ ကလေးတစ်ယောက်က ဒီလိုဖြစ်နေတာ ခင်ဗျားက ဆန်းတယ်လို့ထင်နေတာလား.."

မျက်ဝန်းမှေးလေးထဲက နာကျဉ်းချက်တွေကို ကြည့်ရင်း Jongin အံ့သြကြီးစွာပင် ဘာပြောရမယ်မှန်းမသိတော့...

အဖေ နဲ့ အမေ ချစ်ကြလို့ ဒီကလေးကိုရခဲ့တာတောင်
မျက်လှည့်ပြသလို ဒီအကြောင်းတရားက ဘယ်လိုကြီးလဲ..

လိမ်ပြောနေတာမဟုတ်မှန်း ထိုကလေးရဲ့ နာကျဉ်းသံတို့က
Jongin ကိုပင် ကြက်သီးထစေသည်....

" မင်းပြောနေတာတွေကို ငါစိတ်မဝင်စားဘူး... ငါက ငါ့မိသားစုနဲ့ငါဖြစ်နေပြီ.. မင်းတို့ ပြသနာတွေကို ငါဂရုမစိုက်ဘူး.."

Jongin လက်ထဲက သမီးကို အရိုင်းဆန်ဆန်မျက်ဝန်းတွေနဲ့ ကြည့်တဲ့ ထိုကောင်လေးကို Jongin လူံးဝမနှစ်မြို့ပါချေ...

" မောင်..! ဘာဖြစ်နေတာလဲ....!!"

Toilet ကပြန်လာပုံရတဲ့ မမက Jongin တို့ကို ကြည့်ပြီး ဘာဖြစ်မှန်းသိပုံမရ...

" အလကားပါ မမရာ... လူမှားပြီး ပြသနာရှာနေတာ...
ဒါတွေထားခဲ့လိုက် ... အပြင်မှာဘဲ သွားစားတော့မယ်..."

တွန်းလှည်းထဲက သမီးပစ္စည်းအချို့ကို မမလက်ထဲ ထည့်ပေးလိုက်ရင်း Jongin သမီးနဲ့ မမကိုခေါ်ကာ လှည့်ထွက်လိုက်ခဲ့တော့သည်...

အာရုံထဲထိ ပါလာတဲ့ မျက်နှာနုနုက တကယ်ကို အတိတ်ကို သတိရစေတာမို့ jongin တောက်ခတ်မိတော့ မမက နားမလည်သလိုကြည့်၏....

မုန့်စားနေတဲ့ သမီးလေးကို ငုံ့ကြည့်ရင်း Jongin သူနဲ့ တူတဲ့ အစိတ်အပိုင်းလေးတွေ ရှာဖွေမိတယ်....

ဘာမှမသိတဲ့ သမီးကို Jongin ထွေးဖက်ထားလိုက်ရင်း..

ဒက်ဒီသမီးကိုဒီလောက်ချစ်တာ ဒက်ဒီသွေးရင်းလေးသာဖြစ်လိုက်ပါတော့လား သမီးရယ်....

-------- ဦး -------

ဆက်ရန်....
ဆယ်ဟွန်းပေါက်စနဲ့ Jongin တော့ပြန်တွေ့ပြီးပြီ..
Sehun အကြီးနဲ့တွေ့ဖို့ဘဲ ကျန်တော့တယ်...
Vote 500 ပြည့်တာနဲ့ နေ့မကူးဘဲ date ပေးလိုက်ဘီနော်..
ဒီမှာလည်း 500 ပြည့်တာနဲ့ date မယ်.. နောက်တစ်ပိုင်းဆို ဦး နဲ့ ပြန်တွေ့ကြပါပြီလို့...!

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now