အပိုင်း - ၁၆

Start from the beginning
                                    

" အားးးး...!!! Kim Jongin ကျေးဇူပြုပြီး အဲ့လိုမလုပ်ပါနဲ့.."

မှန်ကို ခေါင်းနဲ့ ဝင်ဆောင့်ရင်း အသိလက်လွတ်ဖြစ်သွားတဲ့ Sehun ကို လုံခြုံရေးတွေဆွဲထားပေမယ့် မျက်ဝန်းတွေ ဂဏာမငြိမ်ဖြစ်ပြီး တအားကြောက်လန့်နေတဲ့ သူတစ်ယောက်လိုဘဲ..

" နှလူံးပြန်ခုန်လာပြီ ခွဲခန်းထဲအမြန်ပို့ပါတော့...!
သွေးထွက်လွန်ထားတာမို့ သွေးအိတ်တွေ အဆင်သင့်ပြင်ထားပေးပါ..."

အပြင်ထွက်လာတဲ့ ဆရာဝန်ကြီးရဲ့ ခြေထောက်ကို ဖက်လိုက်တဲ့ Sehun က တကယ်ကို millionaire တစ်ယောက်ရဲ့imageတွေ ပျောက်ဆုံးနေခဲ့တယ်...

" ကျေးဇူးပြုပြီး... သူ့ကို ကယ်ပေးပါ..."

Sehun လက်ကို အသာဆွဲဖြုတ်လိုက်တဲ့ဆရာဝန်ကြီးက..

" လူနာက ဆေးလည်းသုံးထားတယ်...
ဆေးရုံရောက်တာလည်းအရမ်းနောက်ကျသွားတယ်..
ကျနော်အတတ်နိုင်ဆုံးကြိုးစားပေမယ့် စိတ်ကိုပြင်ဆင်ထားစေချင်တယ်..."

စကားလုံးတွေဆိုပေမယ့် ရင်ကို ခွင်းတဲ့မိုးကြိုးလို sehun ရင်ထက်ခြမ်းကွဲပါတယ်...

ဘုရားသခင် ....
အရာရာကို ကျနော်စွန့်လွှတ်မှာမို့ ကျနော့်ဆီ သူ့ကို
ပြန်ခေါ်ခဲ့ပေးပါ...

မထိုက်တန်တာ သိပေမယ့် လည်းပေါ့လေ...

-------- / -------

အစ......

" ဦးကို ချစ်တယ်...
ဒါပေမဲ့ ဦးက ကျနော့်ကို သူ့မွေးစားခလေးလေးလိုဆက်ဆံနေတယ် :3 "

Diary လေးကို အသာပိတ်ပြီး sehun ပြုံးလိုက်မိတယ်...

အိမ်အောက်ထပ်မှာ အသံစာစာကြားနေရတဲ့ ကလေးစုတ်က sehun ကို ချစ်သတဲ့လား..

ကိုယ်ကတော့ သူကကလေးရှိသေးတာမို့ ထိန်းသိမ်းနေတာကို သူကတော့ ချစ်နှင့်နေဘီ..

ပျော်တာပေါ့ ကလေးရယ်..

ကိုယ့်မှာတော့ အချိန်တန်ရင် မင်းကထွက်သွားမယ်အထင်နဲ့ အိနြေ္ဒတွေထိန်းလိုက်ရတာ...

ဒီစိတ်ကလေးက ဆယ်ကျော်သက်လေးမို့ စိတ်ကစားတာမဟုတ်ပါစေနဲ့ ကလေးရယ်...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now