ဝန်ခံချက်

182 6 0
                                    

ဝန်ခံချက်
*******
ကျွန်တော်ရဲ့ဝထ္ထူနာမည်ဖြစ်တဲ့ "အချစ်၏
နောက်စာမျတ်နှာ" ကို "အချစ်သည်
မည်သို့နည်း" ဟု ပြောင်းလိုက်ပါတယ်ခင်ဗျ။
စာအုပ်ရဲ့ နာမည်ကို ပြန်လည်ပြောင်းလိုက်ရတဲ့အတွက် ဝမ်းနည်းမိပါတယ် ခင်ဗျ။
ကျွန်တော်နာမည်ပြောင်းလိုက်ရတာကတော့ ကျွန်တော်အရင်ပေးထားတဲ့ "အချစ်၏
နောက်စာမျတ်နှာ" ဆိုတဲ့နာမည်ဟာ
ဆရာမ ဝင်းဝင်းလတ်ရဲ့ နာမည်ကျော်စ
ာအုပ်တစ်အုပ်နဲ့ နာမည်ချင်းဆင်နေလို့ပါ။
ဒီအတွက် ကျွန်တော်အပေါ် စာဖတ်သူတွေ
တစ်မျိုးတစ်မည်ထင်ကြမှာကို ကျွန်တော်အ
ရမ်းစိုးရိမ်မိပါတယ်။ ဆရာမရဲ့စာအုပ်နာ
မည်က "အချစ်၏ နောက်ဆက်တွဲ
စာမျတ်နှာ"ပါ။

ကျွန်တော်မှန်ရာ ဝန်ခံပါတယ်။ ဆရာမ၏
ထိုစာအုပ်ကို ကျွန်တော်မဖတ်ဖူးခဲ့ပါ။ ထို
နာမည်နှင့် နာမည်ကြီး ဝထ္ထူရှိသည်ဟုလည်း ကျွန်တော် မသိခဲ့ပါ။ ယနေ့မှ ဆရာအောင်သူရ၏ အိုရှိုးအကြောင်း  စာအုပ်တစ်ချို့ကို
အွန်လိုင်းမှာ လိုက်ရှာကြည့်ရင်း အမှတ်မထင် ဆရာမရဲ့စာအုပ်ကို တွေ့လိုက်ရပါတယ်။
ကျွန်တော်တကယ် စိတ်မကောင်းပါဘူး။ ဒါ ကျွန်တော်ရဲ့ညံဖျင်းမူကြောင့် ဖြစ်ရတာပါ။
ပြီးတော့ ကျွန်တော်ကိုယ်တိုင်က အမျိုး
သမီးရေးတဲ့ ဝထ္ထူတွေကို အဖတ်နည်းမိလို့ပါ။ မှတ်မှတ်ရရဖတ်ဖြစ်စရာ အမျိုးသမီးရေးတဲ့ ဝထ္ထူဆိုလို့ သိပ်မကြာသေးခင်က ဖတ်ဖြစ်တဲ့ ဆရာမကြည်အေးရဲ့ "မီ"ဝထ္ထူလောက်ပဲ ရှိပါတယ်။ ဒါက ကျွန်တော်ရဲ့ ချွတ်ယွင်းမူပါ။

အခု ဒီလိုရှိနေတော့..
ကျွန်တော်ကိုယ်တိုင်လည်း စိတ်မသန့်ပါဘူး။ သိနှင့်နေတဲ့ စာဖတ်သူတွေလည်း
စိတ်သန့်မယ်မထင်ပါဘူး။ ဒါကြောင့်
ကျွန်တော်နာမည်ပြောင်းလိုက်ရပါတယ် ။ နားလည်ပေးကြပါ ခင်ဗျ။
Oct25.18
Minsetwai

အချစ်သည် မည်သို့နည်း???Where stories live. Discover now