အခန်း(၁၀၀)

23 2 0
                                    

အခန်း(၁၀၀)

စိတ်ရှည်သည်းခံမူဟာ ခံနိုင်ရည် တစ်စတစ်စ လျော့ပါလာခဲ့ပါတယ်။ ကျွန်တော်ကိုယ် ကျွန်တော်လည်း ငါ ဘယ်လိုမိန်းမမျိုးကို ရွေးချယ်လိုက်မိပါလိမ့်လို့ အံသြသင့်နေမိတယ်။ သူ့ဆီ ဖုန်းခေါ်ရင် တစ်ခါတည်းနဲ့လည်း ဘယ်တော့မှမရပါဘူး။ စက်ပိတ်ထားတာနဲ့၊ မအားတာနဲ့၊ ဖုန်းမကိုင်တာနဲ့ ၊ ကြာတော့ သူ့ ဆီ ဖုန်းဆက်ရမှာတောင် ကျွန်တော်ကြောက်လာတယ်။
ဒီနေ့ တော့ ကျွန်တော်ဆီ
သူဖုန်းဆက်တော့ သူဘီယာသောက်နေသတဲ့။ ကျွန်တော်သက်ပြင်းမောကိုသာ မှုတ်ထုတ်နေမိတော့တယ်။ ဒီပုံအတိုင်းဆို ဗိုက်ထဲကလေးတော့ ဒုက္ခရောက်တော့မှာကို ကျွန်တော် သိမြင်နေမိတယ်။
ကျွန်တော် သူ့ကို နားလည်စေချင်မိတယ်။ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ဆိုတာက တခြားအကန့်တွေမပါအောင် နေဖို့ကို ဆိုလို့တာပါ။ "ဘာလို့သောက်တာလဲ"
"အရှိန်ပြန်တတ်လာအောင်လို့လေ။"
သူ့အဖြေစကားကြောင့် ကျွန်တော်လန့်သွားတယ်။ ဘာတွေထပ်လုပ်ထားပြန်လည်း မသိဘူး။
"ဟင် ဘယ်အရှိန်ပြန်တတ်အောင်လဲ။"
"အသီးလေ။"
ကျွန်တော် လက်ဖျားရော၊ ခြေဖျားရော ခါလိုက်တော့တယ်။ ဘီယာ၊ ဘီယာပြီးတော့ ဝိုင်၊ ဝိုင်ပြီးတော့ အရက်၊ ဟော့ အရက်ပြီးတော့ မူးယစ်ဆေး။ အမှောင်နယ်ပယ်ထဲမှာ သူ့အမြင်တွေ ကန်းနေခဲ့ပြီပဲလေ။
ကျွန်တော် မအံသြတော့ပါဘူး။ ဒါပေမယ့် ခေါ်င်းကိုတော့ ဖြည်းညှင်းစွာ ခါယမ်းနေမိတယ်။ နောက်ဆုံးတစ်ခေါ်က်တွေ့တုန်းက ကျွန်တော်ကို သူပြောခဲ့သေးတာပဲ။ သူ အသီး လုပ်ကြည့်ချင်တယ်လို့။ သူ အဆင့်တတ်လာခဲ့ပြီပဲ။ ကျွန်တော် သက်ပြင်း တွေ အခါခါချနေမိတော့တယ်။
"ဘယ်သူဆီက ရတာလဲ။"
"သူငယ်ချင်း ကောင်မလေး တစ်ယောက်ဆီက၊ ဘယ်လိုမျိုးလည်း သိချင်လို့ပေါ့။"
ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ နူတ်ဆိတ်ငြိမ်သက် နေလိုက်တော့တယ်။ ပြောလည်း ရန်ဖြစ်နေရုံပဲ ရှိမှာ။ ကျွန်တော်ကလည်း ပြောမှ သိတာထက် ၊ ကိုယ်ဟာကိုယ် အမှန်မြင်တာကို ပိုသဘောကျပါတယ်။
"ညတုန်းကမိန်းမ ဘောစိနဲ့ရန်ဖြစ်သေးတယ်။ သိလား။"
သူ့ဘောစိကလည်း သူပြောသလောက် ကျွန်တော်သိထားတာ ကတော့ ကြောင်ပါး။ သူ့ပလိုင်းထဲက ဖားတွေကို ခဏ၊ခဏ ထုတ်ထုတ်ရိုက်နေတတ်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။သူ့ဘောစိက သူဝင်တဲ့ ktvအခန်းထဲ လိုက်ဝင်လာသတဲ့။ ဘာလို့ဝင်လာတာလဲဆိုတော့ ဦးမိုးက အပြင်ကနေ သူဖို့ကြာဇံကြော် ဝယ်လာလို့ပါတဲ့။ ဦးမိုးကလည်း သူ့အကြိုက်ကို အတော်ကလေး သိပါတယ်။ ကောင်းပါတယ်။ သူ့အဆင်ပြေနေရင် ပြီးရောပေါ့။ ကျွန်တော် ဘာတွေထပ်ပြောနေရဦးမှာလဲ။ သူဘောစိက သူ့ဆိုင်ကို အပြင်ကအစားအစာယူလာတဲ့အတွက် မကြိုက်ပါဘူး။ ဒါကို သူက ဆတ်ဆတ်ထိမခံနိုင်ဖြစ်ပြီး သူ့ဘောစိကို ရန်ဖြစ်သတဲ့။ ကျွန်တော်ကတော့ ဒီကိစ္စကို သူ့ဘောစိဘက်က မှန်တယ်လို့ပဲ ထင်မိတယ်။ သူက ဘာကြောင့် ဦးမိုးဘက်က အဲဒီလောက်ကာကွယ် ပေးနေရတာလဲ။ ထင်တာကတော့ ဦးမိုးက သူ့အပေါ် အရမ်းကောင်းလို့ပဲနေမှာပါ။ ဒီလူကြီးက ရွှေရည်အမြင်မှာ ကြောင်သူတော်ကြီးပေါ့ဗျာ။ ကျွန်တော်လိုကောင်ကတော့ သူလှည့်ချင်တိုင်း လှည့်ပတ်နေတဲ့ နယ်ရုပ်ကလေးပေါ့။ ဒါပေမယ့် ကလေးသာတစ်ခုခုဖြစ်ကြည့်၊ ကျွန်တော် သူ့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး။ ကျွန်တော်စိတ်ထဲမှာ ကျွန်တော်အလိုလို သိနေတယ်။ သူ့ဗိုက်ထဲက ကလေးက ကျွန်တော်ကလေး။
သိပ်မကြာခင်မှာပဲ ကျွန်တော်စောင့်စားနေခဲ့တဲ့ အဖြေ
နောက်တစ် ခု ကြုံလာရတယ်။ သူ့ဝေါလ်မှာ သူနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံလေးနဲ့အတူ ကဗျာလေးတွဲတင်ထားတာကို သူဖြတ်ပစ်လိုက်တယ်။ ဘာဖြစ်လို့ သူဖြတ်ပစ်ရတာလဲ။ သူ့အရင်ပို့စ်တွေကို အများကြီးရှယ်ပြီး ဖျတ်ထားတဲ့အကြောင်းအရာနစ်ခုကို ရှာမတွေ့သလို လုပ်ထားတယ်။ အဲဒါက ဘာသဘောလဲ။ အဲဒီကိစ္စကို ကျွန်တော်လုံးဝ မကျေနပ်ပါဘူး။ ကျွန်တော်မသိချင်ယောင်ဆောင်ပြီး နောက်တစ်ခေါ်က် ထပ်တင်လိုက်တယ်။ ဒီတစ်ခါ သူ့ကို ကျွန်တော်က နမ်းနေတဲ့ ပုံလေးနဲ့။ ပြီးတော့ messageလှမ်းပို့လိုက်တယ်။ မိန်းမ မှားဖျတ်လိုက်တယ် ထင်လို့ နောက်တစ်ခေါက်ထပ်တင်ပေးထားတာလို့။ ကျွန်တော်လိုကောင်ကလည်း အဲဒီလိုမျိုးကို ရွဲ့တာ။
ဒါပေမယ့် အခြေအနေတစ်ခုကို နောက်ထပ် စောင့်ကြည့်နေရတာ ကျွန်တော် စိတ်မရှည်နိုင်တော့ဘူး။ သူ့အတွက် ကျွန်တော်ထပ်ပြီး အချိန်မပေးနိုင်တော့ဘူး။ကျွန်တော် ဖုန်းကောက်ဆတ်ပြီး မေးလိုက်တယ်။
"မိန်းမ ကဗျာက မှားဖျတ်မိသွားတာလား။"
ထင်တဲ့အတိုင်းပဲ ညကအာရုံတွေနောက်လို့ မှားဖျတ်လိုက်တာလို့ ဖြေတယ်။ဘယ်နှယ့် ဒီလောက်အရေးပါတဲ့ပို့စ်ကို မှားဖျတ်သင့်သတဲ့လား။ ဖျတ်ပစ်ရအောင်လည်း စာချည်းပဲတင်ထားတာ မဟုတ်ဘူး။ သူနဲ့အတူတွဲရိုက်ထားတဲ့ ပုံနဲ့ကိုတင်ထားတာ။
ကျွန်တော် ဘာကို ယုံကြည်ရမလဲ။ ထပ်မေးလိုက်တယ်။ "အခု ထပ်တင်ထားတဲ့ကဗျာကိုရော ဖျတ်ပစ်ဦးမှာလား။"
ကျွန်တော်ကမေးတော့ သူ့က စိတ်ဆိုးတယ်။
"မသိဘူး၊ အဲဒါတော့။"
သူ့စကားတွေက ဘာသဘောတွေလည်းဆိုတာ ကျွန်တော်နားမလည်နိုင်တော့ပါဘူး။ ကျွန်တော် သိတဲ့အချစ်ဆိုတာ ရိုးရိုးကလေးပဲ ရှိနေစေချင်ခဲ့တာပါ။ ဒါပေမယ့်.......။

အချစ်သည် မည်သို့နည်း???Where stories live. Discover now