အခန်း(၆၃)

18 2 0
                                    


(၆၃)
နောက်နေ့မနက်မှာ ကျွန်တော်ထိုင် နေကျ
ကော်ဖီဆိုင်မှာ မေဇော်ကို စောင့်နေခဲ့တယ်။ သူက ကျန်ရှိနေသေးတဲ့ ကျွန်တော် စာအုပ်လေးကို ပြန်ပေးချင်တယ်ဆိုလို့ပါ။ စောင့်ရတာ အချိန်တော်တော်လေးကြာမှ သူရောက်လာခဲ့တယ်။ သူ့မျတ်နှာဟာ နွမ်းကြေနေပြီး အတော်ကလေးငိုယိုထားရပုံမျိုး မျတ်လုံးတွေဟာ အစ်မို့နေလို့နေတယ်။ သူ ကျွန်တော်ကို ဘာစကား တစ်ခွန်းမှ မပြောဘူး ။ စာအုပ်ကလေး ပေးပြီး သူပြန်ထွက်သွားတယ်။ ကျွန်တော် အသဲက မမာပါဘူး။ သူ့နောက်ကို ပြေးလိုက်မိတယ်။
"ကျွန်မနောက်ကို မလိုက်ပါနဲ့တော့။"
တုန်ရီအက်ကွဲနေတဲ့ သူ့အသံဟာ ကျွန်တော်အဖို့ မီးတောက်တစ်ခုလိုပါပဲ။ ကားမှတ်တိုင်မှာ ရပ်နေတဲ့ သူ့ပုံစံလေးဟာ မကြာခင်မှာ ပုံလဲကျသွားတော့မယ့် အတိုင်းပဲ။ သူ့မှာ အားအင်တွေ ပျောက်ဆုံးနေတယ်။
ဒီအချိန်မှာ သူဘယ် လောက်ခံစားနေရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူ့  ဘေးနားမှာ ကျွန်တော်ရှိနေရင် သူ့မပိုင်ဆိုင်ရတော့တဲ့ အရာတစ်ခုအတွက် သူ ပို ခံစားနေရမှာပါ။ ဒါ သူရဲ့ ခံစားချက်ကို ကျွန်တော် လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ဘဝမှာလည်း မိန်းမတစ်ယောက်အပေါ် နာကျင်စေမိတာ ဒါပထမဦးဆုံး အကြိမ်ပါပဲ။ သူကို ကျောခိုင်းပြီးနောက် ဆူလေးဘုရာလမ်းအတိုင်း ကျွန်တော် လျှောတ်လာခဲ့လိုက်တယ်။ မကြာခင် သူ အဆင်ပြေသွားပါစေလို့ ကျွန်တော်ဆုတောင်းတယ်။ သူထားခဲ့တဲ့စာအုပ်လေး ကျွန်တော်ထုတ်မကြည့်တော့ဘူး။ ထပ်ပြီး ရင်နာစရာတွေတိုးလာနိုင်တယ်။ ကျွန်တော် ရေငုံနူတ်ပိတ်နေသင့်တယ်။ အဲဒီအတွက် ဒီစာအုပ်ကို ကျွန်တော်ဖွင့်မကြည့်သင့်ဘူး။
ကားစီးရင်းနဲ့ တစ်ချိန်က သူပြောခဲ့တဲ့ စကားတွေကိုလည်း ကျွန်တော် ပြန်ကြားယောင်နေမိတယ်။
"ကောင်လေး၊ ကျွန်မကို တစ်ကယ်ချစ်တာ ဟုတ်လို့လား။ သေချာ ပြန်ဆန်းစစ်ပါဦး။"
ဟုတ်ပါတယ် လို့ ကျွန်တော်အကြိမ်ကြိမ်အခါခါ ဝန်ခံပြီး သူ့အချစ်ကို ယူခဲ့တယ်။ အခုတော့ ကျွန်တော်ဟာ ဝေဒနာတွေပေးရုံသက်သက်ပါလား။
"ကျွန်မက အရမ်းလောဘကြီးတယ် ကောင်လေးရဲ့။"
သူ့စကားတွေ ပြန်ကြားယောင်ရင် ကျွန်တော်သွေးပျက်ချင်လာတယ်။ ကျွန်တော်ဟာ မေဇော်အပေါ်မှာ ကောင်းကွက်တစ်ကွက်မှကို မရှိခဲ့တာပဲ။ သူ့အတွက်ကို ကျွန်တော် ဘာမှမငဲ့ညှာခဲ့မိဘူး။ တကယ့် အမှားကြီးတွေပဲ။
"ရပါတယ်။ ကျွန်မအတွက် အချိန်တစ်ခုလောက်ပဲ လိုတာပါ။"
အဲဒီစကားတွေထဲမှာ ကျွန်တော် ပျော်ရွှင်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ထပ်ပြီးရှေ့ဆက်ရင် ထပ်ပြီးခံစားလာရမယ့်ဝေဒနာတွေ မေဇော်ဆီ မရောက်စေချင်တော့ပါဘူး။ ရှေ့ဆက်တိုင်း၊ ရှေ့ဆက်တိုင်းမှာ သူ့အတွက်နာကျင်စရာတွေပဲ ရှိနေတာပါ။ ကျွန်တော် ထပ်ပြီး မနာကျင်စေချင်လို့ပါ။ သူမကြားနိုင်၊ မသိနိုင်ပေမယ့် ဒါအမှန်တရားတစ်ခုပါပဲ။ သူပြောတဲ့အတိုင်း အချိန်အတိုင်းအတာတစ်ခုမှာ သူကျွန်တော်ကို မျက်ကွယ်ပြုနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now