(၇)

27 4 0
                                    

အခန်-၇

ကျွန်တော်ကို အမျိုသမီး
တစ်ဦးဦးက သူမကို ဘာကြောင့်
ချစ်တာလဲလို့ မေးလာတဲ့အခါ...

ကျွန်တော် ရင်ထဲမှာ ဘာကြောင့်
ချစ်တယ်ဆိုတဲ့ အဖြေမရှိပါဘူး။

ရှိခဲ့ရင်တောင် ကျွန်တော်ရှင်း
မပြတတ်ပါဘူး။

ကျွန်တော်ယူဆတာက
အချစ်မှာ အကြောင်းပြချက်ပေး
စရာမရှိဘူး လို့ပါ။

ဆိုလိုတာက ဘာကြောင့်ချစ်တယ် ဆိုတာမျိုး အချစ်မှာ ရှိမနေသင့်ဘူးလို့ ကျွန်တောာ်ကတော့
ထင်မိတယ်။

ကျွန်တော်နဲ့ရွှေရည်ကတော့
မနက်မိုးလင်းကာနီးမှ
ခဏလောက် မှေးခနဲ
အိပ်ပျော်သွားတယ်။

အိပ်ပျော်ပြီး သိပ်မကြာခင်
ကျွန်တော်ပါးက အထိအတွေ့
တစ်ခုကိုရလိုက်တယ်။

မျက်လုံးဖွင့်ကြည့်တော့
နေရောင်တစ်ခုလုံး အခန်းထဲ ဖြာကျနေခဲ့ပြီ။

ပဲခူးမြို့ရဲ့ အသံဗလံပေါ်င်းစုံက
လည်း နားထဲမှာ
ဆူညံခလောက်လို့နေပြီ။

"မိုးတောင် လင်းနေပြီကို။"
ကျွန်တော်ရဲ့ ရေရွတ်သံနောက်မှာ
"မထချင်သေးဘူးကွာ။"
"အာ့ဆိုလည်း မထနဲ့လေ၊ အိပ်နေပေါ့။"

"ကိုလည်းအိပ်လေ ၊ စောသေးတဲ့ဟာကို။"
ဒီကောင်မလေးရဲ့ တီတီတာတာအောက်မှာ ကျွန်တော်အရည်ပျော်ကျနေဆဲပါပဲ။ ကျွန်တော်လက်မောင်းလေးပေါ်မှာ အ်ပ်နေတဲ့သူမကို ကျွန်တော်အသာအယာ နမ်းမိတယ်။
ကျွန်တော်သူ့ကိုရော ဘာကြောင့်ချစ်မိသွားတာလဲ။
သူမက မျက်စိဖွင့်မကြည့်ဘဲ ပြုံးပြီး ကျွန်တော်ကိုယ်ခန္ဓာကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖတ်ထားပါတော့တယ်။
သူကျွန်တော်ရင်ထဲကိုတော့ မြေလှန်ရှာသွားနိုင်ခဲ့ပုံရတယ်။
ဒါဟာ ချစ်ခြင်းတရားပဲ ဖြစ်မှာ။

"မေးစေ့လေးကိုက်မယ်နော်...။ "

မျက်စိမဖွင့်တဲ့ ကောင်မလေး
ရဲ့တောင်းဆိုမူကို
ကျွန်တော်လိုက်လျောလိုက်တယ်။

"အင်း..."

သူမက မျက်လုံးလေးဖွင့်ပြီး
မေးစေ့ကိုလာကိုက်တယ်။

အချစ်သည် မည်သို့နည်း???Where stories live. Discover now